Tokyo, Minato ရပ်ကွက် လူနေအိမ် 1620 လုံး မီးပျက်သွားခဲ့ !!!!!!

၂၉ ရက်နေ့၊ တိုကျိုမြို့ Minato ရပ်ကွက်မှာ ခန့်မှန်းချေ ၁ နာရီကျော်လောက် အိမ်အလုံးပေါင်း ၁၆၀၀ အပါအဝင်မီးပျက်သွားခဲ့ပါတယ်။

ည ၈ နာရီ မိနစ် ၂၀ လောက်မှာ Minato ရပ်ကွက်ရဲ့ တစ်နေရာမှာ မီးပျက်သွားခဲ့ပါတယ်။
လူနေအိမ် 1620 လုံးမီးပျက်သွားပြီး ၁ နာရီကျော်ကြာသွားတဲ့အချိန်မှာတော့ ပြန်လာခဲ့တယ်။
အဲ့ဒီကြားထဲ မြို့တွင်းမှာရှိတဲ့ မီးပွိုင့်တွေနဲ့လမ်းမီးတွေဟာလည်း ပြတ်တောက်သွားပြီး၊ ဓါတ်မီးကိုယ်စီကိုင်ထားကြသူတွေကိုတွေ့ခဲ့ရပါတယ်။

မြို့တွင်းနေထိုင်သူတစ်ဦးပြောပြချက်အရတော့ ရုတ်တရက်ပျက်သွားခဲ့တာဖြစ်ပြီး၊ အကြောင်းအရင်းကိုမသိရပါဘူးတဲ့…

တိုကျိုလျှပ်စစ်ဓါတ်အားပေးဌာနပြောပြချက်ကတော့ အဓိကဖြန့်ဖြူးတဲ့လိုင်းမှာ ပြဿနာရှိသွားလို့ဆိုပြီး သိရပါတယ်။

 

https://news.tv-asahi.co.jp/news_economy/articles/000191888.html

ဂျပန်နိုင်ငံမှာ မီးပျက်တယ်ဆိုတာရှားတာကြောင့် ဒီလိုရုတ်တရက် မီးပျက်သွားခြင်းဟာ နေထိုင်သူတွေအတွက် အံ့သြစရာကိစ္စတစ်ခုလိုဖြစ်ခဲ့ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: