MONO အမှတ်တံဆိပ် series အသစ် MONO文具BOOK (31) ရက်နေ့ထွက်မည် !!!!

MONO အမှတ်တံဆိပ် စားရေးကိရိယာတွေကို ငယ်ငယ်ကအသုံးပြုခဲ့ဖူးသူ ရှိမယ်ထင်တယ်နော်…
MONO တံဆိပ်လို့ပြောလိုက်ပြီဆိုရင်တော့ အပြာအဖြူအမည်းအစင်းက သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းပါ……

လက်ရှိအချိန်ထိ သဘောကျအသုံးပြုသူရှိမယ်လို့ထင်ပါတယ်။….

MONOဟာ ခဲတံကနေစပြီး၊ ခဲဖျတ်၊ Correction tape နဲ့ ခဲသားဘောပင်၊ စတဲ့စာရေးကိရိယာအမျိုးမျိုးထွက်ထားပြီး အပြာရောင်၊အဖြူရောင်၊အမည်းရောင် အစင်းတို့ပေါင်းစပ်ထားတာက MONO ရဲ့ကိုယ်ပိုင်ဒီဇိုင်းလို့တောင် အသိအမှတ်ပြုခံရလောက်တဲ့အထိ ဂျပန်နိုင်ငံသားများအားလုံး သဘောကျကြတဲ့ brand တစ်ခုဖြစ်ပါတယ်။

 

https://mag.japaaan.com/wp-content/uploads/2020/08/main-16-471×660.jpg

 

အခုတော့ လာပါပြီ။ ၄ ခုမြောက် series ဖြစ်တဲ့ MONO文具BOOK (MONO stationery book)တဲ့ !!!!
ဒီ MONO文具BOOK ဆိုတာက၊ 1963 ခုနှစ်ကနေစပြီး ပေါ်လာတဲ့ MONO brand ရဲ့ သမိုင်းနဲ့အတူ series တွေကိုမိတ်ဆက်ပေးတဲ့၊ MONO အမှတ်တံဆိပ်ပါ စားရေးကိရိယာတွေမှာ လူအများရဲ့အာရုံကိုအထူးဖမ်းစားစေမယ့် အိတ်ဖြစ်ပါတယ်။

နောက်ထပ် သူ့ရဲ့ဆွဲဆောင်မှုတစ်ခုကတော့ MONO ခဲဖျတ်ပုံစံကိုပဲ လက်ကိုင်အိတ်အဖြစ်ပြောင်းထားခြင်းဖြစ်ပါတယ်။
သယ်ရတာမဆင်ပြေဖြစ်စေတဲ့ mice တို့ cables စသည့်ပစ္စည်းတွေကို ဒီအိတ်နဲ့အလွယ်တကူသယ်နိုင်ပြီး၊ ကြည့်ရတာအရမ်းလည်းချစ်ဖို့ကောင်းသလို၊ အထဲမှာလည်း ပစ္စည်းအစုံကိုထည့်နိုင်ပါတယ်။
ခရီးသွားတဲ့အခါမှာလည်း ပစ္စည်းအစုံထည့်နိုင်တာကြောင့် အရမ်းကိုအဆင်ပြေမှာပါ….

 

https://mag.japaaan.com/wp-content/uploads/2020/08/mono-660×350.jpg

 

ရိုးလည်းရိုးရှင်းရုံသာမက မည်သူမဆို MONO ကိုသိနေတာကြောင့် ဒီအိတ်ကို သေချာပေါက်လိုချင်မှာပဲနော် …

ဒီ MONO အိတ်ကိုတော့ 8 လပိုင်း 31 ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ ယန်း 1,890(+Tax)ပါတဲ့…..

MONO အမှတ်တံဆိပ် သဘောကျသူတွေ ပြေးဝယ်ထားလို့ရပြီနော် !!!!!

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: