ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ် Shinzō Abe ကျန်းမာရေးကြောင့် ရုတ်တရက် တာဝန်မှအနားယူ !!!!!

၀န်ကြီးချုပ် Abe ဟာ ( 8 )လပိုင်းထဲဝင်လာပြီး ၂ ပတ်ဆက်တိုက် ဆေးရုံမှာ medical check-up တွေလုပ်ဆောင်ကာ အစိုးရ / အတိုက်အခံပါတီကနေ ကျန်းမာရေးမတည်မှုတွေအပေါ် အာရုံစိုက်ဝေဖန်ခြင်းခံလာရပါတယ်။

သို့သော် ယနေ့ ၂၈ ရက်နေ့ အမှုဆောင်အရာရှိများတွေ့ဆုံပွဲမှာပဲ “ တာဝန်ကနေ အနားယူပါတော့မယ်” လို့တရားဝင်ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဂျပန်ပြည်သူအများဟာလည်း အံ့အားသင့်ရသလို စိတ်မကောင်းသူအများလည်းရှိပါတယ်။

ဝန်ကြီးချုပ်ရဲ့အနားယူမှုမှာ ဘာကြောင့်လဲဆိုပြီးမေးခွန်းတွေရှိပေမဲ့၊ အမှန်တကယ်ကတော့ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်ကြောင်းသိရပါတယ်။
ဝန်ကြီးချုပ် Shinzō Abe ဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်စီမံမှုနဲ့ပတ်သက်ပြီး mask တွေကို တစ်အိမ်ထောင်မှာ ၂ ခုနှုန်းနဲ့ထုတ်ဝေခဲ့ပြီး စီးပွားရေးကာလကျပ်တည်းချိန်မှာ တစ်ဦးလျှင် ယန်း ၁၀ သောင်းထောက်ပံ့ငွေရဖို့အရေးကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပါတယ်။

 

https://news.tv-asahi.co.jp/news_politics/articles/000191785.html

 

သူရဲ့ ကျန်းမာရေးအခြေအနေကြောင့်သာ အနားယူစေချင်တယ်လို့ဆိုသူများလည်းရှိသလို သူ့ကိုပဲဆက်ပြီးဒီတာဝန်ကိုယူသွားစေချင်တဲ့ သဘောကျသူများလည်းရှိပါတယ်။
သူဟာ ဂျပန်နိုင်ငံရဲ့သမိုင်းတစ်လျှောက် သက်တမ်းအကြာဆုံးဝန်ကြီးချုပ်ဖြစ်ကြောင်း မှတ်ချက်ပေးခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျပန်နိုင်ငံရေးအကြောင်းနားလည်သူများဟာ နောက်တက်မယ့်ဝန်ကြီးချုပ် မည်သူဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီး အကြိတ်အနယ်ဆွေးနွေးနေကြပါပြီ…..

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: