၂၆ ရက်နေ့ တိုကျိုမြို့ ကူးစက်လူနာအသစ် ၂၃၆ ဦးရှိကြောင်းအတည်ပြုရရှိ !!!!!!

တိုကျိုမြို့ဟာ ၃ ရက်ကြာပြီးတဲ့နောက်မှာ ၂၀၀ ကျော်ဖြစ်သွားခြင်းဖြစ်ပါတယ်။
၂၄ ရက်နေ့မှာ ၉၅ ဦး
၂၅ ရက်နေ့မှာ ၁၈၂ ဦးနဲ့
ဒီကနေ့ ၂၆ ရက်နေ့မှာတော့ ၂၃၆ ဦး တို့ပဲဖြစ်ပါတယ်။

၂၃၆ ဦးမှာတော့
အသက် ၂၀ ဝန်းကျင်က ၆၅ ဦးဖြစ်ပြီး၊
အသက် ၃၀ ဝန်းကျင် ၅၂ ဦး
အသက် ၄၀ ဝန်းကျင် ၃၆ ဦး
အသက် ၅၀ ဝန်းကျင် ၃၂ ဦး

 

https://news.tv-asahi.co.jp/news_society/articles/000191590.html

 

နောက်ထပ် အသက် ၆၀ ကနေ အသက် ၉၀ ဝန်းကျင် စုစုပေါင်း ၄၀ ဦးဖြစ်ပြီး၊ အသက် ၁၀ နှစ်အောက်ကတော့ ၁၁ ဦးတို့ပဲဖြစ်ပါတယ်။ ပြင်းထန်နေမကောင်းဖြစ်တဲ့လူနာက လက်ရှိအထိ ၃၁ ဦးဖြစ်ပြီး၊
မြို့တွင်းရှိ ကူးစက်လူနာစုစုပေါင်းကတော့ ဒါနဲ့ဆို ၁၉,၈၄၇ ဦး တို့ပဲဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: