ကူးစက်မှုအထွတ်အထိပ်ရောက်နေပြီဟု အစိုးရဗိုင်းရပ်စ်ကာကွယ်တားဆီးရေး ဆပ်ကော်မတီ ပြောပြီ !!!

တိုကျိုမြို့မှာ ဖွင့်လှစ်ထားတဲ့ ဂျပန်ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့အစည်းရှိ အစိုးရကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေးဆပ်ကော်မတီရဲ့ ဥက္ကဌဖြစ်သူ Shigeru Omi စံဟာ ဆွေးနွေးပွဲကျင်းပကာ လက်တလောကြုံတွေ့နေရတာနဲ့ပတ်သက်ပြီး

“ နောက်ဆက်တွဲအလှည့်အပြောင်းတွေအတွက် သတိထားဖို့လိုအပ်လာသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တဖြည်းဖြည်းအထွတ်အထိပ်ကိုရောက်လာတာကို မြင်ရပါတယ်”

လို့ ယခုလ ၂၀ ရက်နေ့က ပြောကြားခဲ့ပါတယ်.

 

https://www3.nhk.or.jp/news/html/20200820/k10012576501000.html?utm_int=all_side_ranking-social_001

 

ကူးစက်ရောဂါအထူးကုများ၊ သုတေသနပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့အစည်းကို လူစုလူဝေးကို ရှောင်ရှားရန်အတွက် တိုကျိုမြို့ Minato ရပ်ကွက်ရှိ ကျင်းပရာနေရာတွင်သော်လည်းကောင်း online ဖြင့်သော်လည်းကောင်း ၁၉ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

၂၀ ရက်နေ့က ကျန်းမာရေးနှင့်ဆိုင်သော အစိုးရဆပ်ကော်မတီရဲ့ ဥက္ကဌကြီး Shigeru Omi ဟာ ဟောပြောပွဲကျင်းပပြီး

“ တိုကျိုနဲ့အိုကီနဝါ၊ အိုဆာကာ အစရှိတဲ့နေရာတွေမှာ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းရဲ့တာဝန်တွေ ပိုပိုပြီးကြီးလာတဲ့အခြေအနေဆက်တိုက်ဖြစ်ပေါ် ပြီး၊
လက်ရှိနှုန်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တဖြည်းဖြည်းအထွတ်အထိပ်သို့ ရောက်လာပြီဆိုတာ ကျွန်တော်တို့ဘက်ကသုံးသပ်မိပါတယ်.နောက်ပိုင်းလာမယ့်ပြောင်းလဲမှုတွေကို လေးလေးနက်နက် သတိကြီးစွာစောင့်ကြည့်သွားဖို့ လိုအပ်ပါတယ်။
အခုထိရလိုက်တဲ့အတွေ့အကြုံတွေကနေ လက်ရှိအခြေအနေကို ကျော်ဖြတ်သွားဖို့ဆိုတာ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ပြည်သူ့ကျန်းမာရေးစင်တာတွေသို့ ထောက်ပံ့မှုနဲ့ကျွေးမွေးပံ့ပိုးပေမယ့်စားသောက်ဆိုင်တွေနဲ့အတူ အဲ့ဒီလိုဖြစ်တဲ့နေရာတွေသို့ ထောက်ပံ့ပေးဖို့ အရေးကြီးကြောင်း မြင်လာရပါတယ်။
တိုင်းပြည်အတွက် အမြန်ဆုံးဒီလိုထောက်ပံ့ပေးနိုင်တဲ့အဖွဲ့အစည်းပေါ်ပေါက်လာဖို့ တောင်းဆိုချင်ပါတယ်”

လို့ပြောကြားခဲ့ပါတယ်။

 

 

နောက်ပြီး ဆပ်ကော်မတီရဲ့အဖွဲ့ဝင်ဖြစ်တဲ့ အုပ်စုဖွဲ့ကာကွယ်စီမံမှုမှာပါဝင်လှုပ်ရှားလာတဲ့ Tohoku University ရဲ့ ပရော်ဖက်ဆာ Toshio Oshiya ဟာ ဟောပြောပွဲမှာ “ စတင်တဲ့နေ့ကစပြီးနောက်ဆုံးရ‌အချက်အလက်တွေကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၇ လပိုင်းနောက်ဆုံးအပတ်ကနေ ၈ လပိုင်းအစလောက်မှာ ကူးစက်မှုရာခိုင်နှုန်းမြင့်တက်သွားတာကိုမြင်ရသလို၊
သေဆုံးသူအရေအတွက်ဟာ တဖြည်းဖြည်းများလာတဲ့အထိရှိနေတာကြောင့် ကရုတစိုက်နဲ့သေသေချာချာလေ့လာစိစစ်ဖို့အရေးကြီးပါတယ်။
ပထမတစ်ခေါက်နဲ့ယှဥ်ပြီး ယခုတစ်ကြိမ်ပြန်လာတဲ့ အန္တရာယ်ရှိမှုဒီဂရီကို ထိန်းချုပ်နိုင်သော်လည်း၊ ဒါကိုမထိန်းချုပ်ဘဲထားလိုက်မယ်ဆို
လူမှုရေးနှင့်စီးပွားရေးလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ရုံကလွှဲပြီး ရွေးချယ်စရာမရှိတော့ပါဘူး…
နောက်ထပ် ဘယ်လောက်အထိ risk ကိုခွင့်ပြုနေမလဲ? လူမှုရေးသဘောတူညီချက်ရဖို့ လေးလေးနက်နက်စဥ်းစားသွားဖို့ လိုအပ်ပြီး” လို့ ထောက်ပြသွားပါတယ်။

မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ရဲ့ အထူးသီးသန့်ဟောပြောပွဲကို ၂၁ ရက်နေ့မှာလည်းဆွေးနွေးသွားမှာဖြစ်ပြီး၊ သုတေသနနှင့်ကုသမှုရဲ့ နောက်ဆုံးရအသိပညာဗဟုသုတတွေကိုလည်း တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: