မော်ရေးရှပ်စ်ကမ်းရိုးတန်းမှာ သောင်တင်ခဲ့တဲ့ ဂျပန်ကုန်သင်္ဘော၏ နောက်ဆုံးရသတင်း !!!!!

[Nairobi 11th, Reuters]-MOL (9104.T) လက်အောက်ရှိ ကုန်တင်သင်္ဘော “ Wakashio” ဟာ အိန္ဒိယသမုဒ္ဒရာ မော်ရေးရှပ်စ် ကမ်းရိုးတန်းမှာ သောင်တင်မှုဖြစ်ပွားပြီး ရေနံစိမ်းတွေအမြောက်အများယိုစိမ့်လာကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်လာခဲ့ပါတယ်။

 

https://www3.nhk.or.jp/news/html/20200814/k10012567231000.html?utm_int=detail_contents_news-related_002

 

Wakashio က Okayama စီရင်စုရှိ Nagashiki ပင်လယ်ကူးသင်္ဘောကုမ္ပဏီပိုင်ဖြစ်ပြီး Mitsui OSK Lines ရဲ့ ကုန်တင်သင်္ဘောကြီးအမျိုးအစားဖြစ်ပါတယ်။
၇ လပိုင်း ၂၅ ရက်နေ့က မော်ရေးရှပ်စ် အရှေ့တောင်ဘက်ကမ်းရိုးတန်းသန္တာကျောက်တန်းပေါ်တွင်သောင်တင်သွားခဲ့ပြီး၊ ပြီးခဲ့တဲ့ ၂ ပတ်ကျော်ကနေ ရေနံစိမ်းတွေစပြီးယိုစိမ့်လာပါတယ်။

၁၅ ရက်နေ့မှာ ကုန်သင်္ဘော ၂ ပိုင်းကျိုးသွားတာကိုအတည်ပြုပြီး Mitsui OSK Lines ရဲ့ပြောပြချက်အရ သင်္ဘောမှာ
ကျန်ရှိတဲ့ ရေနံစိမ်းတန်ပေါင်း ခန့်မှန်းချေ ၃၀၀၀ တန်ကို ပြန်လည် recover လုပ်ပြီးပေမဲ့၊ ယိုစိမ့်သွားတဲ့ ရေနံစိမ်းတန်ပေါင်း ၁၀၀၀ တန်မှာ တစ်ဝက်လောက်ကိုသာ recover လုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

 

https://www3.nhk.or.jp/news/html/20200816/k10012569071000.html?utm_int=detail_contents_news-related_002

 

မော်ရေးရှပ်စ်နဲ့သက်ဆိုင်တဲ့ အိန္ဒိယအစိုးရဟာ အကြီးစားရေနံညစ်ညမ်းမှုကိုတုန့်ပြန်ရန်လေ့ကျင့်သင်ကြားထားတဲ့ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များကိုစေလွှတ်ခဲ့ပြီး
ကမ်းခြေကာကွယ်ရေးနဲ့ ရေနံစုပ်တဲ့အပြားတွေကိုလည်းထောက်ပံ့ထားကြောင်း ၁၆ ရက်နေ့မှာ ကြေငြာပြောကြားထားခဲ့ပါတယ်။

ဒီမတော်တဆမှုကြောင့် မော်ရေးရှပ်စ်အစိုးရဟာ အရေးပေါ်ကြေငြာချက်တွေနဲ့ လျင်မြန်စွာတုံ့ပြန်နေပြီး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် လျော်ကြေးလည်းတောင်းသွားမယ်လို့ သိရပါတယ်။

ယခုနောက်ဆုံး ရရှိထားတဲ့သတင်းအရ ဂျပန်အစိုးရဟာ မော်ရေးရှပ်စ်အစိုးရတောင်းဆိုချက်လက်ခံပြီး ၁၉ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးကျွမ်းကျင်အသင်းရဲ့ ဒုတိယအဖွဲ့ကိုစေလွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

စေလွှတ်မယ့်သူတွေကတော့ သဘာဝပတ်ဝန်းကျင်လေ့လာရေးအမျိုးသားသိပ္ပံမှသုတေသီများ
ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာန၀န်ထမ်းများအပါအ၀င် ၇ ဦးတို့ဖြစ်ပြီး၊ ဒေသတွင်း
ဂေဟစနစ်အပေါ်သက်ရောက်မှုကိုနားလည်ရန်နှင့် ပတ်သက်သောအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်ထားကြောင်း သိရပါတယ်။

 

https://www3.nhk.or.jp/news/html/20200817/k10012571021000.html?utm_int=news-politics_contents_list-items_005

 

ဂျပန်အစိုးရက ၁၀ ရက်နေ့က ဂျပန်ကမ်းခြေစောင့်အဖွဲ့ဝင် ၆ ဦးကိုစေလွှတ်ထားခဲ့တာဖြစ်ပြီး၊ ယခုတစ်ခါ အထူးကျွမ်းကျင်အဖွဲ့ကို ထပ်မံစေလွှတ်မှာပဲဖြစ်ပါတယ်။
မော်ရေးရှပ်စ်ရဲ့သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးနဲ့ ကမ်းရိုးတန်းတစ်လျှောက်ညစ်ညမ်းမှုကာကွယ်ရေးအတွက် ဆက်ပြီးကူညီသွားချင်တယ်လို့ ပြောကြားထားပါတယ်။

ဒီမတော်တဆမှုကြောင့် သင်္ဘောပိုင်ကုမ္ပဏီလည်း လျော်ကြေးများစွာပေးရဖို့ရှိပြီး၊ ထိုသင်္ဘောကိုမောင်းနှင်တဲ့ တာဝန်ရှိသူတွေကလည်း ပေါ့ဆမှုကြောင့်ထောင်ကျနိုင်ဖွယ်ရှိတယ်လို့လည်း ထင်ကြေးတွေပေးနေကြပါတယ်။
ထိုသင်္ဘောမှာ လိုက်ပါစီးနှင်းခဲ့သူ ၂၀ ဦးကိုတော့ ကယ်ဆယ်ရရှိထားပါတယ်။

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: