မြို့တွင်းအပူလျှပ်မှုကြောင့် ၆ ရက်အတွင်း သေဆုံးသူအသစ် ၂၇ ဦးအထိရှိလာ !!!!!

တိုကျိုမြို့မှာ ယခုလ ၁၅ ရက်နေ့အထိ ၆ ရက်အတွင်း အပူလျှပ်မှုကြောင့် သေဆုံးသူအသစ် ၂၇ ဦးအထိရှိကြောင်း သိရှိရပါတယ်။

၈ လပိုင်းသို့ဝင်လာပြီး မြို့တွင်းအပူလျှပ်မှုမှာသေဆုံးခဲ့သူပေါင်း ၅၃ ယောက်အထိရှိနေပြီဖြစ်ကြောင်း ဂျပန် NHK သတင်းဌာနကဆိုပါတယ်။

တိုကျိုမြို့ ဆေးဘက်ဆိုင်ရာစစ်ဆေးရေးပြောကြားချက်အရ၊ မြို့တွင်းယခုလက်ရှိ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၆ ရက်အတွင်း အသက် ၅၀ ကနေ ၉၀ အရွယ်အမျိုးသား ၂၇ ဦး အပူလျှပ်ပြီးသေဆုံးတယ်လို့ ပြောပါတယ်။

 

https://www3.nhk.or.jp/news/html/20200817/k10012570451000.html?utm_int=all_side_ranking-social_005

 

အသက်အရွယ်အလိုက် အသက် ၇၀ အရွယ်က အများဆုံး ၁၁ ဦးဖြစ်ပြီး ၊အသက် ၈၀/ ၆ဦးရှိကာ၊ အသက် ၇၀ နှင့်အထက်က ၇၀% ဖြစ်ကြောင်းပြောပါတယ်။

ထို ၂၇ ဦးထဲမှာ ၂၆ ဦးက အခန်းတွင်းမှာပဲသေဆုံးတာဖြစ်ပြီး Aircon ကိုမတပ်ဆင်ထားဘူး၊ တပ်ဆင်ထားလည်း အသုံးမပြုထားသူက ၂၃ ဦးဖြစ်ပါတယ်။

၈ လပိုင်းထဲဝင်လာပြီး တိုကျိုမြို့တွင်း အပူလျှပ်မှုကြောင့်သေဆုံးသူ စုစုပေါင်း ၅၃ ဦးအထိရှိလာခဲ့ပါတယ်။
ရှည်လျားတဲ့ညတာတွေမှာလည်း လေအေးပေးစက်ကို သင့်တော်သလိုသုံးပါ။

ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်ဖို့ ရေများများသောက်ဖို့လည်းမမေ့ပါနဲ့..
လက်ရှိ ဂျပန်ရဲ့နွေရာသီကိုကျော်ဖြတ်နေရသူအားလုံးလည်း မိမိကိုယ်ကို ကရုစိုက်ကြပါ။
အားလုံးအပူဒဏ်ကိုကျော်ဖြတ်နိုင်ကြပါစေ !!!!

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: