မုတ်ဆိတ်မွေးမရှိတာကြောင့် ငွေစက္ကူပေါ်မှာဂုဏ်ပြုခြင်း မခံခဲ့ရတဲ့ပုဂ္ဂိုလ် !!!!

၂၀၂၄ ခုနှစ်မှာ ဂျပန်ရဲ့ ငွေစက္ကူဟာ ဒီဇိုင်းအသစ်အဖြစ်ပြောင်းလဲတော့မှာဖြစ်ပါတယ်.
အဓိက ကတော့ ယန်း ၁ သောင်းတန်ဖြစ်ဖို့များပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူက ဒီမှာပါ။
福沢諭吉(ふくざわ ゆきち) Fukuzawa Yukichi ဆိုတဲ့ ပုဂ္ဂိုလ်ပုံ….

 

https://www.yamatobunko.jp/shopdetail/000000009196/

 

ဒီဟာက 渋沢栄一(しぶさわ えいいち)Shibusawa Eiichi ဆိုသူရဲ့မျက်နှာပုံနဲ့အစားပြန်ထိုးမှာပဲဖြစ်ပါတယ်။

https://business.nikkei.com/atcl/gen/19/00002/040900234/

 

渋沢栄一 Shibusawa Eiichi ဆိုတဲ့ပုဂ္ဂိုလ်က ဘယ်လောက်တောင်ကြီးမြတ်သလဲမေးရင်၊ လက်ရှိဂျပန်ရဲ့စီးပွားရေးကို ပြန်လည်မြင့်တင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲဖြစ်ပါတယ်။
ဒါပေမဲ့၊ ဒီတစ်ကြိမ်ကတော့ ငွေစက္ကူအကြောင်းပြောမှာပေါ့…..
渋沢栄一 Shibusawa Eiichi ရဲ့အကြောင်းကတော့ နောက်တစ်ကြိမ် အခွင့်ရရင်ပြောပြပေးပါ့မယ်……

ဒီလိုလေးစားထိုက်တဲ့ပုဂ္ဂိုလ်က ဘာကြောင့်အခုမှအသိအမှတ်ပြုခံရသလဲ?
တကယ်ကတော့ ဒီပုဂ္ဂိုလ်ရဲ့မျက်နှာမှာ ပြဿနာရှိနေတာကြောင့်ပါတဲ့…..
လက်ရှိငွေစက္ကူမှာတွေ့ရတဲ့ 福沢諭吉 Fukuzawa Yukichi စံဆိုသူလည်း ဒီအတိုင်းပါပဲ….

လက်ရှိငွေစက္ကူမှာ 樋口一葉(ひぐち いちよう)Higuchi Ichiyo စံဆိုတဲ့ အမျိုးသမီးပုံကိုထည့်သွင်းထားခဲ့ပေမဲ့ ငွေစက္ကူမှာအမျိုးသမီးပုံထည့်တာ ဒါပထမဆုံးပဲဖြစ်ခဲ့ပါတယ်။

 

https://item.rakuten.co.jp/yamabun-r/ba3c0002r/

 

ဒါဟာ အမျိုးသားအမျိုးသမီးကွာခြားချက်ကြောင့်မဟုတ်ဘဲ၊ 渋沢さん、福沢さん တို့နဲ့ အကြောင်းအရင်းတူပါတယ်။
အဲ့ဒီလို ဒီလူတွေရဲ့မျက်နှာမှာ ဘာကပြဿနာရှိနေသလဲ သိကြပါသလား?
ငွေစက္ကူမှာ ထည့်သုံးလိုမရတဲ့ တူညီတဲ့အချက်တစ်ခုရှိနေပါတယ်။

ဒါပေမဲ့ နောက်ထပ်နည်းနည်းအချက်လေးတစ်ချက်..
အရင်က ငွေစက္ကူတွေကိုကြည့် ကြည့်ပါ။ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ တူညီတဲ့အချက်ရှိပါတယ်။

 

 

 

 

 

 

ဒါကတော့ 聖徳太子(しょうとくたいし)Shōtoku Taishi  ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ပုံဖြစ်ပြီး၊ ဒီပုဂ္ဂိုလ်ကလည်း ကျော်ကြားတဲ့အထဲမှာ ပါဝင်တာကြောင့်၊ မကြာခဏဖော်ပြခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါဆို နားလည်လောက်အုံးမယ်မထင်သေးဘူး..
နောက်ထပ်နည်းနည်း အရင်ကငွေစက္ကူတွေကိုကြည့်ရအောင်…

 

 

 

 

နားလည်သွားပါပြီလား?
ဟုတ်ပါတယ်.. မုတ်ဆိတ်မွေးရှိသူတွေသာ ငွေစက္ကူရဲ့ဒီဇိုင်းမှာထည့်သုံးခြင်းခံရတာပါ။

ငွေစက္ကူအတုတွေလိုက်မထုတ်နိုင်ဖို့အတွက်လည်း သေချာပေါက်စဥ်းစားဖို့လိုအပ်ပါတယ်.
အထူးသဖြင့် ငွေကြေးကိုတစ်သတ်မှတ်တည်းထားလိုက်မယ်ဆို ကမ္ဘာသို့ဖြန့်ဖြူးလိုက်တဲ့ ဂျပန်ယန်းတွေက ငွေအတုလိုက်ထုတ်ခြင်းအတွက် ပစ်မှတ်ဖြစ်လာပါလိမ့်မယ်။

အတုတွေလိုက်ထုတ်ဖို့ခက်ခဲစေတဲ့ မုတ်ဆိတ်မွေးဒီဇိုင်း ထည့်သွင်းခြင်းကလည်း အရေးကြီးခဲ့ပုံရပါတယ်….
မျက်မှောက်ခေတ်မှာတော့ နည်းပညာတိုးတက်လာမှုကြောင့်၊ မုတ်ဆိတ်မွေးမရှိသော်လည်း လုံလောက်တဲ့ငွေစက္ကူအတုကို ကာကွယ်လာနိုင်တဲ့အတွက် အမျိုးသမီးနဲ့ မုတ်ဆိတ်မွေးမရှိတဲ့ အမျိုးသားတွေရဲ့ပုံတွေလည်း ထည့်သွင်းနိုင်လာခဲ့ပါတယ်။

ဒီအကြောင်းကြောင့် ရွေးချယ်ခံရတဲ့ 渋沢栄一ဟာ၊ တကယ်က ဂျပန်အပြင်အခြားမှာလည်း ငွေစက္ကူမှာဂုဏ်ပြုခြင်းခံရသူတစ်ဦးဖြစ်ပါတယ်။
1902〜1904 အထိ တိုတောင်းတဲ့အချိန်ကာလဖြစ်သော်လည်း၊ အဲ့ဒီအချိန်ကိုရီးယားမှာအသုံးပြုနေတဲ့ ငွေစက္ကူမှာ 渋沢栄一ရဲ့ပုံကို ဒီဇိုင်းအဖြစ်အသုံးပြုခဲ့ကြပါတယ်။
အဲ့ဒီအချိန်ကိုရီးယားနိုင်ငံက၊ အချုပ်အခြာအာဏာပိုင်ပြည်နယ်အနေနဲ့ လွတ်လပ်စွာရှိနေသော်လည်း၊ ဂျပန်ကတော်တော်လေးပြင်ထန်စွာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခွန်အားကိုစိုက်ထုတ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

ငွေစက္ကူထုတ်လုပ်မှုမှာလည်း ဂျပန်ကပူးပေါင်းပါဝင်ထားတာကြောင့် ဒီလိုဖြစ်လာခဲ့ပေမဲ့၊ အလွန်အကျွံကြီးဖြစ်လွန်းတယ်လို့ ဂျပန်ဘက်ကပြဿနာအဖြစ်ရှုမြင်ကာ အချိန်တိုအတွင်းမှာပဲ အဆုံးသတ်လိုက်ပြီး၊ ကိုရီးယားလူမျိုးရဲ့ပုံနဲ့ အသစ်တစ်ဖန်ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။

ဒုတိယအကြိမ်မြောက် ငွေစက္ကူမှာအသုံးပြုခြင်း …
ဒီတစ်ခါတော့ 渋沢 အတွက်အားလုံးအဆင်ပြေသွားပါပြီ…!!!!
နောက်ဆုံးပေါ်နည်းပညာတွေက ဘယ်လောက်အထိအံ့သြဖို့ကောင်းမလဲဆိုတာ မြန်မြန်တွေ့ချင်တယ်နော် !!! …..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: