ကိုရိုနာခေတ်မှာ အသစ်ဖန်တီးလိုက်တဲ့ Drive in သရဲခြောက်တဲ့အိမ် !!!

Social Distance နဲ့နေနေကြရတဲ့ အခုချိန်မှာ စားသောက်ဆိုင်တွေ၊ ခရီးသွားလုပ်ငန်းတွေအပြင် တခြားလုပ်ငန်းတွေမှာလည်း အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုများနှင့်ဒုက္ခရောက်နေကြရတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကိုရိုနာကြောင့် ဒုက္ခရောက်နေရတဲ့အထဲမှာ လူတွေတင်မဟုတ်ပါဘူး။
သရဲတွေအတွက်လည်း ဒုက္ခရောက်နေကြပါတယ်။

မှောင်မဲနေတဲ့ အခန်းထဲမှာ လေထုအဝင်အထွက်ကလည်းမကောင်း … အနီးကပ်ပြီးလည်း ‌ခြောက်လို့ကလည်းမရတဲ့ Social Distance နေနေရတဲ့အချိန်မှာ သရဲခြောက်မယ့်သူတွေ၊ သူရဲအိမ်တွေအတွက်ကတော့ ပုံစံသစ် သရဲအိမ်ကို ဖန်တီးလိုက်ပါပြီ။အဲဒါကတော့ ဒီ Drive in သရဲ‌ခြောက်တဲ့အိမ်ပဲဖြစ်ပါတယ်။

 

https://www.tokyo-np.co.jp/article/40909

 

Safari ဥယျာဉ်ကိုသိပါသလား?
ခြင်္သေ့၊ သစ်ကုလားအုတ်များ၊ ဆင် တို့ နေထိုင်တဲ့ နေရာများသို့ ကိုယ်တိုင်ကားမောင်းပြီးသွားနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။သို့သော် အဲဒီနေရာမှာ သရဲခြောက်တဲ့ ဝန်ဆောင်မှုကိုလည်းတွေ့မြင်နိုင်ပါတယ်။

မိနစ် ၂၀ အထိ ကားထဲမှာ အပိတ်ခံထားရမှာဖြစ်ပါတယ်။
Social Distance ကိုအပြည့်အ၀ ထိန်းသိမ်းထားပေးလို့ စိတ်ချလက်ချနဲ့ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ အတွေ့အကြုံအသစ်တွေကို သင်ခံစားလို့ရပါတယ်။

Safari Park မှာတော့ သင့်ရဲ့ကားက ရွှေ့လျားနေရန်မလိုပါဘူး။ကားကို ဂိုဒေါင်တစ်ခုလိုနေရာတစ်ခုမှာ ကားရပ်လိုက်တဲ့အခါ မီးတွေအားလုံးပိတ်လိုက်ပြီးတော့ မှောင်သွားတယ်။ ပြီးတော့အနီရောင်ဆန်ဆန် အလင်းရောင်က ကြောက်စိတ်ကိုပိုပြီးဖြစ်လာစေပါတယ်။

ညွှန်ကြားချက်ကိုလိုက်လုပ်ပြီးတဲ့အခါ၊ အနီရောင်အလင်းကနေ ပြီး လုံးဝမှောင်မိုက်သွားပါလိမ့်မယ်။

တံခါးဖွင့်ပေးပါ . . . .

 

 

တံခါးကိုတော့ လုံးဝဖွင့်လို့မရပါဘူး ။ ။
အဲဒီအချိန်မှာ ကားရဲ့စပီကာကနေ ဤနေရာတွင်ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်အဖြစ်အပျက်ကို ရှင်းပြနေပါလိမ့်မည်။

Bang ! Bang Bang Bang

ကားကိုယ်ထည်ကို ထိသွားတဲ့ ပြင်းထန်တဲ့အသံ။ ကားကိုယ်ထည်ကလည်းလှုပ်ခေတ်သွားတယ်။သွေးထွက်သံယိုလက်ဖြင့် သရဲခြောက်တာကတော့ စတင်ပါပြီ။
တံခါးတစ်ဖက်ရှိအကွာအဝေးကနေ သရဲခြောက်ခံရတာက သရဲခြောက်တဲ့အိမ်တစ်လုံးထက်ပိုပြီး ကြောက်စရာကောင်းနေလိမ့်မယ်။

 

 

အရမ်းကြောက်စရာကောင်းတယ်. . . ။ ။
စမ်းကြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး . . . ။ ။
နောက်ဆုံးမှာတော့ ညစ်ပတ်သွားတဲ့ ကားကို သရဲက အဝတ်နဲ့ပြန်သုတ်ပေးတယ်တဲ့ !!!
နည်းနည်းတော့ လူကောင်းတစ်ယောက်လိုပဲနော် !!! ဟဟဟ

 

သင့်ရဲ့ကိုယ်ပိုင်ကားသာမက ကြိုတင်ပြင်ဆင်ပေးထားတဲ့ ကားတစ်စီးကိုလည်း အသုံးပြုနိုင်ပါတယ်။အဲဒီအပြင်၊ ကားစီးတဲ့အခါမှာလည်း တစ်စီးတည်း အတူတူလာတဲ့သူအချင်းချင်းသာ စီးလို့ရမှာပါ။ တစ်ယောက်တည်းလာရင်တော့ တစ်ယောက်တည်း အခြောက်ခံရမှာနော်။သရဲတစ္ဆေ တွေက သင်အသုံးပြုပြီးသည့်နောက် သင့်ရဲ့ကားအား အရက်ဖြင့်ပိုးသတ်ဆေးဖြန်းပေးမှာဖြစ်လို့ စိတ်ချပါနော်!!!

 

သရဲခြောက်တဲ့အိမ်အသစ်၊နေရာသစ်တစ်ခုကို သွားချင်နေပြီလား ?
ဒါဆိုရင်တော့ ခေတ်သစ်ရဲ့ ကြောက်ရွံ့မှုကိုကိုယ်တိုင်ခံစားကြည့်ဖို့ လာရောက်တွေ့ကြုံခံစားဖို့ ဖိတ်‌ခေါ်လိုက်ပါတယ် !!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: