ပြေးဖို့နေရာမရှိ !!! ကြောက်စရာကောင်းတဲ့ ချားရဟက် ပေါ်ပေါက်လာ !!!

အမြင့်နေရာကနေ အဝေးကိုလှမ်းမျှော်ကြည့်နိုင်တဲ့ ချားရဟက်ကို ကလေးတွေအရမ်းသဘောကျကြပါတယ်။
ဖြည်းဖြည်းချင်းတက်သွားတဲ့ နှုန်းအတိုင်းဖြစ်တာကြောင့် အမြင့်ကြောက်တတ်သူတွေကလွဲပြီး အားလုံးသက်တောင့်သက်သာစွာနေနိုင်တဲ့ စီးစရာတစ်မျိုးပဲဖြစ်ပါတယ်။
ကြီးမာပြီးလှပတဲ့တည်ဆောက်ဖွဲ့စည်းထားတဲ့အရာဟာ အပြာရောင်ကောင်ကင်နဲ့ အရမ်းလိုက်ဖက်သလို ကစားကွင်းပန်းခြံကြီးရဲ့ Eyeball တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

https://travel.rakuten.co.jp/mytrip/ranking/ferris-wheel/

ချားရဟက် တွေကပုံစံအမျိုးမျိုးနဲ့ပြောင်းလဲလာခဲ့ပါတယ်။
မူလကတော့ သေးငယ်တဲ့ဝင်ရိုးနဲ့အတူ ထိုင်ခုံအသေးလေးတွေကိုတပ်ဆင်ခဲ့ရာကနေ အရွယ်အစားကြီးလာပါတယ်။
နောက်ပြီး Aircon စနစ်ပါတပ်ဆင်ပြီး သက်တောင့်သက်သာရှိတဲ့အဆင့်ကိုရောက်လာပြီးနောက်၊ ဒီလို ချားရဟက် ဖြစ်လာခဲ့ပါတယ်။

https://at-raku.com/attractions/laqua/big-o/

အလယ်မှာ ဝင်ရိုးမရှိတော့တဲ့ ချားရဟက်ဖြစ်လာပြီး၊ အဲ့ဒီအလယ်ကိုမှ roller coaster ကဖြတ်သန်းသွားတဲ့ ပုံစံအသစ်ကို တိုကျိုမှာရှိတဲ့ 後楽園(こうらくえん)မှာ ပေါ်လာခဲ့ပါတယ်။

သို့သော် ဘယ်လိုပဲတိုးတက်ပြောင်းလဲလာပါစေ အေးအေးဆေးဆေးခံစားနိုင်တယ်ဆိုတာကတော့ မပြောင်းလဲသွားပါဘူး။

အဲ့ဒီလိုအေးချမ်းနေတဲ့ချားရဟက်ရဲ့ ပုံစံအသစ်၊ ချားရဟက်ရဲ့ ဒုတိယ ဗားရှင်းလို့တောင်ခေါ်နိုင်လောက်တဲ့ အရာ ပေါ်ထွက်လာပါတယ်.
အဲ့ဒါကတော့ အိုဆာကာမှာရှိတဲ့ Expo City က ချားရဟက်ပဲဖြစ်ပါတယ်။

 

https://www.daily.co.jp/leisure/kansai/2020/08/01/0013564433.shtml

အမည်းရောင်ရထားလုံး……
နောက်ပြီး အောက်မှာရေးထားတာကတော့ “ ငရဲတိုင်းပြည်ရဲ့ ဇွန်းဘီFerris Wheel” ….
အေးအေးချမ်းချမ်းလေးနဲ့စီးရမှာလားဆိုတော့ လုံးဝ No ပါ……….

မူလချားရဟက်တွေမှာ ကြမ်းပြင်အထိ ဖောက်ထွင်းမြင်ရတဲ့ပစ္စည်းကိုအသုံးပြုထားပြီး ၃၆၀ ဒီဂရီလုံး ရှုခင်းတွေကို တဝကြီးကြည့်လို့ရပေမဲ့၊ ဒီမှာကတော့ အဲ့ဒါတွေအားလုံးကို ဖုံးကာလိုက်ပြီး လုံးဝအမှောင်အတိ လုပ်လိုက်ပါတယ်.
Ferris Wheel ထဲမှာ အမှောင်အတိ အားလုံးအလုံပိတ်၊ မျက်နှာကျက်ကနေ ပင့်ကူအိမ်တွေက အိကျနေတယ်။

Ferris Wheel ထဲကနေ အဆောင်ဂါထာတွေကိုရွတ်ဖတ်လိုက်ရင် ဆန္ဒတွေပြည့်ဝလာမယ်

အဲ့ဒီလိုယုံကြည်တဲ့မိန်းမငယ်လေးတွေအတွက် mission သဘောမျိုးလုပ်ကာ၊ ရဟက် တစ်ပတ်ပြည့်တဲ့အထိ Challenge လုပ်ပါတယ်။
နားကြပ် ကနေကြားရတဲ့အသံကလည်း 3D ပုံစံမျိုးဖြစ်ပြီး၊ အနီးကိုရောက်လာတဲ့ခြေသံ၊ နောက်ပြီး နားမှာလာကပ်ပြီးတိုးတိုးပြောလိုက်တဲ့အသံလို…..
အနောက်တည့်တည့်မှာ တစ်ယောက်ယောက်ရှိနေသလိုခံစားမှုနဲ့ ဘာမှကိုမမြင်ရတဲ့ အမှောင်အတိ….

အဲ့ဒီအထဲမှာ projection mapping နဲ့ ပုံရိပ်ယောင်တွေကလည်း ဝင်ရောက်လာတယ်။ ရထားလုံးပြုတ်ကျတော့မယ့် ထင်ယောင်ထင်မှားပုံစံမျိုးတွေလည်း ထည့်ထားပါသေးတယ်.
projection mapping နဲ့ zombie တွေက မှန်ကိုလာတိုက်ပြီးခွဲနေတဲ့ပုံစံတွေက ခြောက်လှန့်စေမှုအထွတ်အထိပ်ပါပဲ !!!!!

Ferris Wheel တစ်ပတ်ပြည့်သွားဖို့အထိက ခန့်မှန်းချေ ၁၈ မိနစ်တောင်ကြာပါတယ်။
ထွက်ပြေးစရာနေရာမရှိတာတောင် ပိုပြီး ၂ ဆ ခြောက်လန့်စေပါတယ်။

 

ဂျပန်မှာ အမြင့်ဆုံး Ferris Wheel ကတော့ ဒီမှာပါ…
ဂျပန်မှာအမြင့်ဆုံး သရဲခြောက်တဲ့အိမ်ပဲနော်…..
မဖြစ်နိုင်ဘူး,မဖြစ်နိုင်ဘူး… ကျွန်တော်တော့လုံးဝမစီးဘူး ..ဟီ !!!

ခြောက်ခြားမှုတွေနဲ့ကျောချမ်းတာကို ခံစားချင်တယ်ဆိုရင်တော့ သေချာပေါက်သွားစီးကြည့်ကြနော် !!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: