အမေရိကန်ရဲ့အမျိုးသားသီချင်းကို အမိုက်စား ROCK ဂီတနဲ့ ဂုဏ်ပြုပေးလိုက်တဲ့ ဂျပန်သံအမတ် !!!!!

၇ လပိုင်း ၄ ရက်နေ့ဟာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။
ဗြိတိသျှတွေရဲ့ ကိုလိုနီကနေ လွတ်လပ်သွားပြီး ကိုယ်ပိုင်နိုင်ငံဖြစ်လာကာ အဲ့ဒီနောက်ဖွံ့ဖြိုးတိုးတက်လာပြီး လက်ရှိ နိုင်ငံကြီးအမေရိကန်ဖြစ်လာဖို့အတွက် ပထမဆုံးခြေလှမ်းက ဒီလွတ်လပ်ရေးနေ့ပါပဲ…
နှစ်တိုင်းအခမ်းအနားပွဲကြီးကိုကျင်းပပေမဲ့၊ ၂၀၂၀ ခုနှစ်က ကိုရိုနာရဲ့ပရောဂကြောင့် အခမ်းအနားကိုပါရပ်နားလိုက်ပါတယ်။

အဲ့ဒီအစား ကမ္ဘာတစ်ဝှမ်းနိုင်ငံအသီးသီးကနေ ဂုဏ်ပြုတဲ့ message တွေကိုပို့လာခဲ့ပါတယ်။
အဲ့ဒီထဲကမှ အမေရိကန်သားအားလုံးကို အံ့သြမှင်သက်စေတဲ့လူကတော့ ဒီပုဂ္ဂိုလ်ပါပဲ…..

New York ကောင်စစ်ဝန်ချုပ် သံအမတ် 山野内勘二(やまのうち かんじ)Yamanouchi Kanji !!!!

ကောင်စစ်ဝန်ရုံးရဲ့ official Facebook မှာ ဒီ Video ကိုတင်ထားခဲ့ပါတယ်။

 

 

သိတဲ့လူရှိပါသလား?

တစ်ခါတုန်းက guitarist ကြီး Jimi Hendrix က ၁၉၆၉ ခုနှစ်ရဲ့ live show ပွဲ Woodstock ပွဲကြီးမှာ ဖျော်ဖြေခဲ့တဲ့အတိုင်းပဲ…..

အဲ့ဒီလို သမိုင်းဝင် ဖျော်ဖြေပွဲကြီးအတိုင်း မဟာမိတ်နိုင်ငံရဲ့ သံအမတ်က အမေရိကန်အမျိုးသားသီချင်နဲ့အတူ ကိုယ်တိုင်လိုက်တီးပြသွားတဲ့အတွက် အားလုံးလန့်သွားခဲ့ရပါတယ်။
အမေရိကန်တို့ရဲ့ ယဥ်ကျေးမှုကိုနားလည်ပြီး၊ အဲ့ဒါကိုကျွမ်းကျင်စွာနဲ့အသုံးချသွားတဲ့ သံအမတ်ကြီးပါပဲဗျာ….

ဒါနဲ့ပတ်သက်ပြီး အမေရိကန်ပြည်သူပြည်သားအားလုံးရဲ့ တုံ့ပြန်မှုက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။

 

“ဂျပန်သံအမတ်က လွတ်လပ်ရေးနေ့မှာ သူ့ရဲ့ဂီတာ skill ကိုထုတ်ကြွားလိုက်တာ အရမ်းမိုက်တယ်..
ဒါက ဂျပန်နဲ့ဂျပန်လူမျိုးကိုကိုယ်စားပြုတဲ့ လှုပ်ရှားမှုပဲနော် ..
သိပ်လှတဲ့ Video အတွက်ကျေးဇူးပါ…”

“ ကမ္ဘာမှာ ဒီလိုကောင်စစ်ဝန်နဲ့တူတဲ့လူတွေ ပိုပြီးလိုအပ်တယ်။
ငါတို့ထက်တောင် အမေရိကန်ဆန်ချက်ပဲ…..”

“ ဂျပန်လူမျိုးကိုအရမ်းကြိုက်သွားပြီ
ဘာကြောင့် အမေရိကန်နိုင်ငံမှာ ဒီလိုလူမျိုးမရှိရတာလဲ?
ဒီပုဂ္ဂိုလ်အကောင်းဆုံးပဲ…..”

“ ဒီသံအမတ်တီးပြသွားတဲ့ အမျိုးသားသီချင်းက သမ္မတTrump ရဲ့ လွတ်လပ်ရေးနေ့မိန့်ခွန်းထက်တောင် အရမ်းအံ့သြဖွယ်ကောင်းတယ်။
သမ္မတထက် ဂျပန်သံအမတ်က အမေရိကန်အပေါ် မျိုးချစ်စိတ်ရှိတယ်မဟုတ်လား?”

“ အမေရိကန်ရဲ့ယဥ်ကျေးမှုကိုတန်ဖိုးထားပေးတဲ့ နိုင်ငံခြားသားအများအပြားရှိတာကြောင့် အကောင်းဆုံးပဲ..”

“ နေအုံး…..ဒါ အမိုက်ဆုံးပဲ !!!!”

“ ဒါဟာ အမျိုးသားသီချင်းအသစ်ရဲ့ အကြိုက်ဆုံး version ဖြစ်သွားပြီကွာ…
ဒီပုဂ္ဂိုလ် ချစ်ဖို့ကောင်းတယ်နော်….”

“ အမျိုးသားသီချင်းဖွင့်ရင် ဒူးထောက်တာကကောင်းပေမဲ့ ဒါကတော့ ဦးချချင်တဲ့စိတ်ကို ဖြစ်စေတယ်။”

“ ကောင်းပြီလေ…
ဒါတကယ်ကို ကျွန်တော်ရဲ့နှလုံးသားကိုထိတယ်….”

“ ဒါမမှားနိုင်ဘူး…နိုင်ငံခြားရေးအစိုးရဆက်ဆံရေးမှာ ရလိုက်တာတွေထဲက အကောင်းဆုံး Tribute ပဲ !!!!”

“ ဒါဟာ အကောင်းဆုံး သံတမန်ရေးရာပဲ..
အရမ်းကောင်းလွန်းတယ်…”

“ လုံးဝကို အမေရိကန်သားတစ်ယောက်လို အပီအပြင် ROCK နေတာ…
နိုး… အဲ့ဒါထက်ကိုပိုတယ် !!!”

“ လွတ်လပ်ရေးနေ့အတွက် ဒီလို ကောင်းလွန်းတဲ့ blessing မျိုးမမြင်ဖူးခဲ့ဘူး…..”

“ ဂျပန်ဟာအမေရိကအတွက် အာရှမှာဖြစ်ပါစေ ကမ္ဘာဖြစ်ပါစေ အရင်းနှီးဆုံးပဲ…
အဲ့ဒီလိုနိုင်ငံရဲ့ သံအမတ်က Fender ဂီတာနဲ့အမိုက်ဆုံးဖျော်ဖြေမှုကို လုပ်ခဲ့တာပဲ …
ဒီလိုစိတ်ကူးမျိုးအတွက် ပျော်မိတယ်….”

“ မိုက်လိုက်တာ.. ဒီထက်ကောင်းတဲ့ ယဥ်ကျေးမှုကိုအလေးထားတဲ့ သံအမတ်မရှိတော့ဘူးကွာ…”

“ အကယ်၍ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အစိုးရအဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေက ခင်ဗျားကိုခေါင်းဆောင်တင်လိုက်ရင်တော့,,, ဒီကမ္ဘာကြီး ပိုပြီးလှပတဲ့အရာတွေဖြစ်လာမှာဗျ……”

သံအမတ်ကြီးကတော့ လုံးဝကိုချီးကျူးခံလိုက်ရာတာပဲနော်….

တကယ်လည်းချစ်ဖို့ကောင်းပါတယ်။…

ဒါနဲ့ ပြဿနာကတော့ ,,,,,လာမယ့်နှစ်ပါပဲ…
ဒီလိုအံ့သြစရာလုပ်ခဲ့တဲ့ ဂျပန်သံအမတ်ကြီး …လာမယ့်နှစ်မှာတော့ ဘယ်လိုတွေလုပ်ပြအုံးမလဲ??
ရင်ခုန်စွာနဲ့ လာမယ့်နှစ်လွတ်လပ်ရေးနေ့ကိုလည်း စောင့်ချင်ပါမိတယ်…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: