မင်းသား Miura Haruma ၊ ဒီနေ့ ၁၈ ရက်မှာပဲ ကိုယ်ကိုကိုယ်အဆုံးစီရင်သွားပါပြီး !!!!!!

ငယ်ရွယ်တဲ့မင်းသားချောလေး Miura Haruma ဟာ၊ ၁၈ ရက်နေ့၊ ၇ လပိုင်း၊ ၂၀၂၀ ခုနှစ်မှာပဲ ဒီကမ္ဘာမြေကနေထွက်သွားခဲ့ပါပြီး…!!!

အသက် ၃၀ အရွယ်ရှိပြီ၊ လူငယ်တွေကြားမှာရေပန်းစားတဲ့ မင်းသား Miura Haruma ဟာ Tokyo မြို့ Minato ရပ်ကွက်မှာရှိတဲ့ နေအိမ်ကနေ ဆေးရုံကိုပို့ဆောင်ခြင်းခံရသော်လည်း သေဆုံးသွားပြီလို့ စုံစမ်းစစ်ဆေးသူတွေကို မေးမြန်းခြင်းအရသိရပါတယ်။

မြို့နယ်ရဲဌာနက အခင်းဖြစ်တဲ့နေရာရဲ့အခြေအနေအရ ကိုယ်ကိုကိုယ်သတ်သေဖို့ကြိုးစားခဲ့တယ်လို့ယူဆရပြီး အသေးစိပ်အခြေအနေတွေကိုတော့ စုံစမ်းလျှက်ရှိပါတယ်။

စုံစမ်းသူတွေရဲ့ပြောဆိုချက်အရ၊ ၁၈ ရက်နေ့ညနေ မင်းသား Miura Haruma က Tokyo မြို့၊ Minato ရပ်ကွက်မှာရှိတဲ့ နေအိမ်ကနေ ဆေးရုံကိုပို့ဆောင်ချိန် သေဆုံးသွားခဲ့တယ်လို့ပြောပါတယ်။

Miura ဆီကအလုပ်တွေမရောက်လာတာကြောင့် တွဲဖက်မန်နေဂျာက အခန်းထဲကိုဝင်သွားကြည့်လိုက်တဲ့အခါ Miura ကိုတွေ့သွားပြီး အ‌ရေးပေါ် 110 ကိုဆက်သွယ်ခဲ့တယ်လို့ပြောပါတယ်။

စုံစမ်းစစ်ဆေးသူတွေပြောချက်အရ အခန်းထဲမှာသေတမ်းစာလိုမျိုးအရာကိုရှာတွေ့ခဲ့ပြီး၊ မြို့နယ်ရဲဌာနကလည်း အခင်းဖြစ်တဲ့နေရာ အခြေအနေကနေ မိမိကိုယ်ကိုသတ်သေခြင်း အဖြစ်ယူဆပါတယ်။

အသေးစိပ်ကို ဆက်လက်စစ်ဆေးနေတုန်းပါ…….

 

https://www3.nhk.or.jp/news/html/20200718/k10012522261000.html?utm_int=all_side_ranking-access_001

 

Miura ရဲ့တွဲဖက်မန်နေဂျာက home page မှာ ပိုစ့်တစ်ခုတင်ထားခဲ့ပါတယ်။

အဲ့ဒီအထဲမှာ “ ကျွန်တော်တို့ကုမ္ပဏီပိုင်ဖြစ်တဲ့ Miura Haruma ဟာ ၂၀၂၀ ခုနှစ်၊ ၇ လပိုင်း၊ ၁၈ ရက်နေ့မှာ ဆုံးသွားပါပြီ။

ချစ်ခင်အားပေးသူအပေါင်း သက်ဆိုင်သူအပေါင်းကို စိတ်ပူသောကရောက်စေခဲ့မိပါတယ်။

အသေးစိပ်ကို လက်ရှိစုံစမ်းနေပြီး ပြန်ပြီးအသိပေးမှာဖြစ်လို့ နားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်” လို့ရေးထားပါတယ်။

 

https://www3.nhk.or.jp/news/html/20200718/k10012522261000.html?utm_int=all_side_ranking-access_001

 

သေဆုံးသွားတဲ့ Miura Haruma ဟာ သူ့ရဲ့ instagram အကောင့်မှာ ဒီလ ၁၀ ရက်နေ့က
နောက်လမှာရိုက်ကူးဖို့ရှိတဲ့ “ 太陽の子 GIFT OF FIRE” ဆိုတဲ့ဇာတ်ကားနဲ့ပတ်သက်ပြီး “ ကလေးတွေကနေလူကြီးတွေအဆုံး စိတ်ဝင်တစားနဲ့ကြည့်ပေးမယ်ဆို ပျော်မိမှာပါ….။ သေချာပေါက်ကြည့်ပါ! ” လို့ပြောခဲ့ပါတယ်။

နောက်ထပ် နောက်ဆုံးပြောခဲ့တာကတော့ လွန်ခဲ့တဲ့ ၄ ရက်၊ ၇ လပိုင်း ၁၄ ရက်နေ့က ၊

ပြုံးနေတဲ့ဓါတ်ပုံနဲ့အတူတူ ရိုက်ကူးဖို့စီစဥ်ထားတဲ့ Commercial broadcast Drama နဲ့ပတ်သက်ပြီး “ တစ်ရက်ပြီးတစ်ရက် ရာသီဥတုပူလာသော်လည်း၊ အနုပညာရှင်တွေရော staff တွေရောအတူတူ၊

 

https://www3.nhk.or.jp/news/html/20200718/k10012522261000.html?utm_int=all_side_ranking-access_001

 

၉ လပိုင်းကနေစပြီး TV အရှေ့မှာစောင့်မျှော်ကြည့်ပေးကြမယ့် ပရိသတ်တွေကို ရယ်မောစေဖို့ ရိုက်ကူးရေးမှာ ကြိုးစားနေကြပါတယ်။ စောင့်မျှော်ပေးကြပါအုံး ! ” လို့ အားတက်သရောနဲ့ ပြောခဲ့ပါတယ်။

ဘာကြောင့်ဒီလိုဖြစ်သွားရသလဲဆိုတာ အသေးစိပ်သိရတဲ့အချိန် ထပ်တင်ပေးပါအုံးမယ်…..

Miura Haruma ရဲ့ဆုံးရှုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ် !!!!!!

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: