Tokyoမြို့ရဲ့ အုပ်ချုပ်ရေးမှူး Yuriko Koike စံက ရှေ့နှစ် Tokyoအိုလံပစ်ကျင်းပသင့်တယ်လို့ ပြောကြားခဲ့ !!!!

တိုကျိုမြို့ရဲ့ အုပ်ချုပ်ရေးမှူး Yuriko Koike စံက ၁၃ ရက်နေ့၊ Reuters သတင်းဌာနမှာ လာမယ့်နှစ်စီစဥ်ထားတဲ့ Olympic နဲ့ Paralympic ကစားပွဲကြီးနဲ့ပတ်သက်ပြီး
“ သေချာပေါက် ကျင်းပသင့်တယ်။ ကမ္ဘာတစ်ဝှမ်းလုံးက ဒီအခက်အခဲကိုကျော်လွှားပြီး၊ လူသားမျိုးနွယ်တွေရဲ့ သံယောဇဥ်က ပိုပြီးခိုင်မာလာဖို့ ဒီပြိုင်ပွဲကြီးကိုကျင်းပသင့်တယ်” လို့‌ပြောကြားခဲ့ပါတယ်။

ဒီရက်ပိုင်းတိုင်းပြည်တွင်းထင်မြင်ယူဆချက်တွေအရ ထက်ဝက်ကျော်လောက်ကတော့ ကိုရိုနာကူးစက်မှုက ပျံ့နှံ့စဲဖြစ်နေတာကြောင့် ရှေ့နှစ်အိုလံပစ်ကျင်းပဖို့ရပ်ဆိုင်းတာ ဒါမှမဟုတ် ထပ်ပြီးရွှေ့ဆိုင်းသင့်တယ်လို့ ပြောလာကြပါတယ်။

ဘယ်အချိန်ထိ ကျင်းပသင့်မသင့်ကို ဆုံးဖြတ်ဖို့လိုအပ်တာနဲ့လည်းပတ်သက်ပြီး အုပ်ချုပ်ရေးမှူးကတော့ ” ကမ္ဘာတစ်ဝှမ်း (ကိုရိုနာကူးစက်မှုပျံ့နှံ့ခြင်း) ကြပ်တည်းတဲ့အခြေအနေနဲ့ဆက်တိုက်ကြုံတွေ့နေရသော်လည်း ကူးစက်မှုအခြေအနေပြောင်းလဲလာမှုတို့ကို သေချာအောင်လုပ်ပြီး၊ ကာကွယ်မှုစီမံဆောင်ရွက်ရေးတွေကိုလည်း ဆက်ပြီးလုပ်ဆောင်ဖို့လိုအပ်တယ်” လို့လည်းပြောကာ၊

ဆက်စပ်တဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းရင်း အဆက်မပြတ် သတင်းအချက်အလက်တွေဖလှယ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

 


https://this.kiji.is/655298543287157857

တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်သူတွေဟာ ယမန်နေ့က လူပေါင်း ၂၀၀ အထက်ကျော်ပြီးဖြစ်ကြောင်းအတည်ပြုလိုက်သလို အစိုးရဘက်က ခရီးသွားလုပ်ငန်းကိုထောက်ပံ့တဲ့ Go To Campaign စီးပွားရေး၏တစ်စိတ်တစ်ပိုင်းကို ၇ လပိုင်း ၂၂ ရက်ကနေ အစပြုမယ်လို့ ပြောခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး Koike ဟာ ” တိုကျို၊ မြို့ဧရိယာအတွင်း စီမံဆောင်ရွက်မှုတွေကို စနစ်တကျအကောင်အထည်ဖော်ခြင်းဟာ၊ Campaign ရဲ့အောင်မြင်မှုသို့ဦးတည်သွားမယ်မဟုတ်လား ” လို့ပြောပြီး၊ ” မြို့အနေနဲ့ Positive လူနာတွေကိုအတည်ပြုကာ မှန်ကန်သင့်တော်တဲ့လုပ်ဆောင်မှုတွေ ပြုလုပ်သွားခြင်းထက်၊ ရောဂါကူးစက်ခံရသူပြန့်ပွားမှုကိုကာကွယ်ထိန်းချုပ်ခြင်းနဲ့ လူမှုစီးပွားရေးလှုပ်ရှားမှုများဟန်ချက်ညီမှုအရေးကို အသားပေးပြီးလုပ်ဆောင်သွားမယ်” လို့လည်းသူမရဲ့ခံယူချက်ကို ဖော်ပြသွားခဲ့ပါတယ်။

၇ လပိုင်းအစမှာပဲ မြို့နယ်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ Yuriko Koike စံဟာ မဲအများဆုံးနဲ့ ဒုတိယအကြိမ်ထပ်မံရွေးချယ်ခံရသော်လည်း ဆက်လက်ပြီးဂျပန်ရဲ့ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာဖို့ အများပြည်သူဆီက မျှော်လင့်ထားခြင်းခံသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီလိုအမြင်ပေါ်မှာ အုပ်ချုပ်ရေးမှူးကတော့ “ မျှော်လင့်ချက်တွေကိုရရှိတဲ့အတွက်ပျော်ပါတယ်” သို့သော် ” ကိုရိုနာနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်မှုတွေလုပ်ဆောင်ကာ မြို့သူမြို့သားတွေရဲ့ အသက်နဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးချင်ပါတယ်။ ဒါက ကျွန်မစဥ်းစားနေတဲ့ အကြီးမားဆုံးသော Mission ပဲ” လို့ ကြွေးကြော်ခဲ့ပါတယ်။

နောက်ထပ် တိုကျိုရဲ့သတင်းအချက်အလက်အဆောက်အအုံကိုအပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစင်တာတစ်ခုအဖြစ်တိုးတက်အောင်ပြုလုပ်ပြီး၊ နိုင်ငံရပ်ခြားကနေ အရည်အချင်းရှိတဲ့လူသားအရင်းအမြစ်တွေကို ခေါ်ယူသွားချင်တယ်လို့လည်း သူမရဲ့သဘောထားကိုပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

စကားမစပ် ၂၀၂၀ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် ကိုရွှေ့ဆိုင်းလိုက်ရတဲ့ တိုကျိုအိုလံပစ်ရဲ့ Logo ကတော့ ……..

https://www.jrailpass.com/blog/wp-content/uploads/2017/03/tokyo-2020-olympics-logo.jpg

တိုကျိူမြို့ရဲ့အုပ်ချုပ်ရေးမှူး Yuriko Koike စံဟာ သူမရဲ့သဘောထားကိုအတိအလင်းပြောပြသွားတဲ့အတိုင်း စာဖတ်သူတို့ရော ဘယ်လိုထင်မြင်မိပါသလဲ?….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: