မင်းသမီးချောလေး Mirei Kiritani ကျန်းမာစွာနဲ့ သားဦးလေးကိုမွေးဖွား !!!!!

ဂျပန်ရဲ့အနုပညာလောကမှာ မင်းသမီးချောလေး Mirei Kiritani ကိုမသိတဲ့လူတွေ ခပ်ရှားရှားပဲလို့ထင်ပါတယ်။
မင်းသမီးချောလေး Mirei Kiritani ဟာ ၂၀၁၆ ကထွက်ရှိခဲ့တဲ့ A Girl & Three Sweethearts ဆိုတဲ့ ဇာတ်ကားနဲ့ ၂၀၁၅ မှာထွက်ခဲ့တဲ့ Heroine Disqualified စတဲ့ ရိုမန့်စ်ကားတွေနဲ့ အောင်မြင်တဲ့မင်းသမီးချောလေးတစ်လက်ဖြစ်ပါတယ်။

မင်းသမီးဟာ ကျရာကာရိုက်တာမှာ ဖြတ်လက်သွက်လက်သူလေးတစ်ယောက်ဖြစ်သလို ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးနဲ့ ပရိသတ်တွေရဲ့အသဲနှလုံးကို သိမ်းပိုက်နိုင်သူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီမင်းသမီးလေးကတော့ ၂၀၁၆ ခုနှစ် ၇ လပိုင်းမှာထွက်ရှိခဲ့တဲ့ 好きな人がいること A Girl & Three Sweethearts ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား 三浦翔平 Shohei Miura နဲ့ချစ်ကျွမ်းဝင်ကာ ချစ်သူသက်တမ်း ၂ နှစ်ပြည့် ၂၀၁၈ ခုနှစ် ၇ လပိုင်းမှာပဲ လက်ထပ်ထိမ်းမြှားခဲ့ကြပါတယ်။

 

https://media.japanesestation.com/images/750×422/2020/02/20181223s00041000330000p_view.jpg

 

မင်းသမီး 桐谷 ဟာ ဒီနှစ် ၂ လပိုင်း သူမရဲ့ Instagram မှာ သူမမှာကိုယ်ဝန်ရှိနေပြီးဖြစ်ကြောင်း သတင်းကောင်းပါးခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။
အသက် ၃၀ အရွယ်ရှိနေပြီးဖြစ်တဲ့ မင်းသမီးလေးဟာ သူမရဲ့ Instagram မှာ ကျန်ခဲ့တဲ့ ၆ ရက်နေ့က သားဦးလေးကို ကျန်းမာစွာနဲ့မွေးခဲ့ပြီဖြစ်ကြောင်း ပြောပြပေးခဲ့ပါတယ်။

ခင်ပွန်းသည်ဖြစ်သူ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မင်းသား 三浦翔平 ဟာလည်း သူ့ရဲ့ Instagram မှာ အဖေဖြစ်ပြီဆိုတဲ့အကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ကြေငြာခဲ့ပါသေးတယ်။

 

https://news.yahoo.co.jp/articles/710472a7aad1b1b1525de330b45a16976ed5594b

 

ပန်းပွင့်ဓါတ်ပုံတင်ပြီး မင်းသမီးလေး 桐谷 ဟာ “ သူမလည်းပဲစိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာပဲ ပထမဆုံး သားယောက်ျားလေးကိုမွေးဖွားခဲ့ပါတယ်။ အမေရောကလေးပါ ကျန်းမာပါတယ်။ ”
လို့ဆိုကာ “ ကလေးလေးလည်းကျန်းမာတဲ့အတွက် ကျေးဇူးတင်ရသလိုပဲ၊ အခုကနေစပြီး မိသားစုအတွက် ပိုပြီးအချိန်ပေးသွားချင်တယ်” လို့တင်ထားတာကိုတွေ့ရပါတယ်။
ကဲ မင်းသမီးလေးကတော့ မိခင်စိတ်အပြည့်နဲ့ သူ့ရဲ့ဆန္ဒကိုဖွင့်ပြောလာတာပဲနော် ….

လက်ရှိအချိန်မှာတော့ ဂျပန်ရဲ့ Kumamoto ဒေသမှာ မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် မြစ်ရေကြီးရေလျှံမှုကိုအပြင်းအထန်ခံရကာ ရေတိုက်စားမှုကြောင့် တံတားတွေပျက်စီး၊ လူနေအိမ်များလည်းပျက်စီးဆုံးရှုံးရတဲ့အခြေအနေနဲ့ ကယ်ဆယ်‌ရေးလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။

ဒီအရာအပေါ်မှာလည်း မင်းသမီးလေး Mirei Kiritani တို့ဇနီးမောင်နှံဟာ စိတ်မကောင်းဖြစ်ကြောင်း ဖော်ပြသလို ဆုတောင်းစကားတွေလည်းဆိုထားပါသေးတယ်။

ကဲ ပရိသတ်ကြီးရေ ၆ ရက်နေ့ကလူ့လောကထဲကိုမွေးဖွားရောက်ရှိလာခဲ့တဲ့ အချစ်တော် မင်းသမီးလေးနဲ့မင်းသားတို့ရဲ့ ပထမဆုံးသောရင်သွေးလေးကိုချစ်ပေးသလို သူတို့ဇနီးမောင်နှံကိုလည်း အများကြီးအားပေးရအောင်နော်…….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: