နှစ်ပေါင်း ၃၇၂ နှစ်ကြာမှတစ်ကြိမ် နွေရာသီမှာနေကြတ်ခြင်းကိုပြန်မြင်တွေ့ရ !!!!

လွန်ခဲ့တဲ့ ၆ လပိုင်း၊ ၂၁ ရက်နေ့ ဂျပန်ရဲ့နွေရာသီမှာနေကြတ်ခြင်းကို နှစ်ပေါင်း ၃၇၂ နှစ်ကြာမှ ပြန်ပြီးမြင်တွေ့ခဲ့ရပါတယ်။
နောက်ဆုံးတစ်ခေါက် နွေရာသီမှာနေကြတ်ခြင်းကိုတွေ့လိုက်ရတာကတော့ အဲဒိုခေတ်ရဲ့ 1648 ခုနှစ်ကပဲဖြစ်ပါတယ်။

ဂျပန်ရဲ့နေရာဒေသအသီးသီးမှာ နေကြတ်တာကိုကြည့်ဖို့ လူတွေရောက်ရှိလာကြပါတယ်။
နေကြတ်တာကိုအခြားနေရာတွေထက်စာရင်  အိုကီနာဝါ 石垣Ishigaki မြို့ဘက်မှာတော့ ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရတယ်လို့ပြောပါတယ်။

 

https://i.ytimg.com/vi/jsLyhx9Zy0I/hqdefault.jpg

လူကြီးတွေနဲ့အတူ ကလေးများဟာလည်း ပျော်ရွှင်စွာနဲ့နေကြတ်မယ့်အချိန်ကိုစောင့်မျှော်ရင်းရောက်လာကြပါတယ်.
ဒါတင်မကသေးဘဲ ဒီလိုလူစုလူဝေးလိုဖြစ်လာတဲ့အတွက် ကိုရိုနာနဲ့ပတ်သက်ပြီးကာကွယ်မှုစီမံဆောင်ရွက်ရေးတွေကိုပါ လုပ်ဆောင်ပေးပါတယ်။
အယောက်တိုင်း Mask တွေကိုတပ်ထားကြဖို့သတိပေးခြင်းနဲ့ အပူချိန်တိုင်းခြင်းများကိုလည်းဆောင်ရွက်ပါတယ်။

နေကြတ်ခြင်းဟာ နေနဲ့ကမ္ဘာကြား “ လ” က ရောက်ရှိသွားခြင်းကြောင့်ဖြစ်ပြီး နေရာဒေသနဲ့လိုက်ကာ ၄င်းကိုမြင်ရတဲ့ပုံစံကွဲပြားပါတယ်။
အဲ့ဒါတွေထက်အရေးကြီးဆုံးကတော့ ရာသီဥတုပါ။
Kanto ဒေသမှာကတော့ တိမ်တွေထူထပ်နေတဲ့အတွက် မြင်တွေ့ဖို့ခက်ခဲခဲ့ကြောင်းသိရပါတယ်။

ညနေ ၄ နာရီလောက်မှာလူအများစုဝေးလာကြပြီး၊ ၄ နာရီအကျော်လောက်မှာပဲ နေကြတ်တာကိုစပြီးမြင်တွေ့ရပါတယ်။

熊本御船町 Mifune မြို့မှာတော့ လာရောက်ကြည့်ရှုကြသူတွေကို နေရာအပိုင်းအခြားသတ်မှတ်ပေးထားပြီး ကိုရိုနာကာကွယ်မှုစီမံရေးကိုပါလုပ်ထားကြောင်းသိရပါတယ်။
မိသားစုလိုက်ကားနဲ့ လာရောက်ကြည့်ရှုကြရုံသာမက အဖိုးအဖွားစုံတွဲများပါမကျန် လာရောက်ကြည့်ရှုတာကိုလည်းတွေ့ရပါတယ်။

ပျော်ရွှင်နေကြသူများ….စိတ်လှုပ်ရှားနေကြသူများ……

Sapporo မှာတော့ ညနေ ၄ နာရီ ၁၂ မိနစ်မှာ နေစကြတ်ပြီး၊
အနည်းငယ်လောက်သာ နေကြတ်တာကိုတွေ့ရပါတယ်။
တိမ်တွေအရမ်းထူနေတာကြောင့်မမြင်ရမှာစိုးရိမ်ပေမဲ့ အနည်းငယ်လောက်တော့မြင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

နောက်တစ်ခေါက်နွေရာသီမှာနေကြတ်ခြင်းကိုတော့ ၂၀၃၀ ခုနှစ်၊ နောင် ၁၀ နှစ်အကြာမှပဲမြင်ရတော့မှာဖြစ်တယ်လို့ပညာရှင်များကခန့်မှန်းကြပါတယ်။

လက်ရှိ ဂျပန်ရဲ့ကိုရိုနာအခြေအနေဟာ လုံးဝတည်ငြိမ်သွားကာအရင်လိုအခြေအနေဆီသို့ပြန်ရောက်ရှိသွားပြီ လို့မပြောနိုင်သေးပေမဲ့၊
လူအများဟာ စိုးရိမ်စိတ်ကင်းစွာနဲ့ ၃၇၂ နှစ်ကြာပြီးမှတစ်ကြိမ်ပြန်တွေ့ရတဲ့ နေကြတ်တာကိုလာကြည့်ကြပါတယ်။

တစ်နည်းအားဖြင့်ဆိုရရင် ကိုရိုနာကြောင့်မိမိရဲ့အသိစိတ်နဲ့အပြင်ထွက်ခြင်းကိုထိန်းချုပ်လိုက်ပြီး နေအိမ်မှာပဲ home quarantine ဝင်ပြီးနောက် ဒီလိုလုပ်ရှားမှုကိုပြုလုပ်လိုက်တာက အပန်းဖြေခြင်းတစ်ခုလည်းဖြစ်သလို စိတ်ကိုလည်းပြန်ပြီးတက်ကြွစေတဲ့ လှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်။

ရောဂါနဲ့ပတ်သက်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်နေဖို့လိုအပ်သလို ကာကွယ်ထိန်းချုပ်မှုစီမံရေးများကိုလည်း လိုက်နာဖို့လိုအပ်ပါတယ်။
အဲ့ဒါနဲ့အတူပဲ စိတ်ပိုင်းဆိုင်ရာမှာလည်း အပန်းဖြေမှုလိုအပ်တယ်လို့ထင်ပါတယ်။

 

HsuMon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: