ဂျပန်နိုင်ငံက တစ်ကမ္ဘာလုံးကိုချပြလိုက်တဲ့ စူပါကွန်ပျူတာ !!!!!

နေ့စဥ်စွမ်းဆောင်ရည်ကိုမြင့်မားအောင်လုပ်နေတဲ့ စူပါကွန်ပျူတာကို ကမ္ဘာတစ်ဝှမ်းရှိစွမ်းဆောင်ရည်တွေနဲ့ပြိုင်ဆိုင်လျက်ရှိပါတယ်။
ဂျပန်ဟာလည်း ကမ္ဘာ့အစောဆုံးစူပါကွန်ပျူတာကိုတီထွင်ပြီး၊ 富岳(ふがく)Fugaku လို့ခေါ်တဲ့နာမည်ရဲ့ဒီဇိုင်းပုံစံအသစ်နဲ့အတူ ယှဥ်ပြိုင်မှုအတွက်စိန်ခေါ်လိုက်ပါတယ်။

富岳(ふがく)Fugaku ကခန့်မှန်းချေ 110 billion yen ရှိတဲ့ဂျပန်ထုတ် စူပါကွန်ပျူတာဖြစ်ပြီး၊ 2021 ခုနှစ်ကနေစပြီး၊ full-scale operation အတွက် ချိန်ညှိမှုတွေကိုဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။

https://www.kobe-np.co.jp/news/sougou/202006/0013427640.shtml

富岳(ふがく)Fugaku ကိုဖွဲ့စည်းထားတဲ့ကွန်ပျူတာက Depth 140 cm, height 220 cm, width 80 cm ဖြစ်ပြီး၊
50m x 60m ရှိတဲ့ private အခန်ထဲမှာ 432 လုံးစီတန်းထားလျက်ရှိပါတယ်.

富岳ရှေ့ရှိ စူပါကွန်ပျူတာနဲ့နှိုင်းယှဥ်လိုက်ရင် ကွန်ပျူတာအရေအတွက်ဟာတစ်ဝက်လောက်ရှိပေမဲ့၊
၄ ဆကြီးတဲ့ CPU အလုံးပေါင်း 384 လုံးတပ်ဆင်ထားပါတယ်။

လက်ရှိကျွန်တော်တို့ လက်ထဲမှရှိတဲ့ PC မှာ CPU ၁ ခုပဲရှိပါတယ်။
စူပါကွန်ပျူတာမှာရှိတဲ့ CPU တစ်ခုချင်းစီက အားလုံးရဲ့ကွန်ပျူတာနဲ့ယှဥ်ရင်လို့မရတဲ့အထိ အရမ်းမြန်တာတောင် 384 လုံးနဲ့ အလုပ်လုပ်တယ်ဆိုတော့ ….

ဘာကြောင့်ဒီလိုစွမ်းဆောင်ရည်အရမ်းမြင့်တဲ့ ကွန်ပျူတာကိုလိုအပ်သလဲလို့ပြောရင် အကြီးစားသုတေသနပြုလုပ်ရန်ပတ်ဝန်းကျင်တုတစ်ခုကိုဖန်တီးဖို့ လိုအပ်တာကြောင့်ပဲဖြစ်ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ကိုလိုက်တုပပြီး မြေငလျင်လှုပ်ခြင်းနှင့်တိုင်ဖုန်းမုန်တိုင်းများကို ကြိုတင်ခန့်မှန်းခြင်း၊
ယခုအနေနဲ့ဆိုရလျှင် coronaviruses အသစ်ပြန့်ပွားမှုကို ကြိုတင်ခန့်မှန်းရန်အသုံးပြုသွားဖို့အတွက်ပဲ ဖြစ်ပါတယ်။

စကားမစပ် 富岳 Fugaku ရဲ့ origin name ကတော့ 富士山 Fujisan ပါ။


logo မှာဖူဂျီတောင်ကို အသုံးပြုထားပါတယ်။
အပြာရောင်ဆိုတာလည်း ဖူဂျီရဲ့အပြာရောင်ပါပဲ။ လှတယ်နော်…
ဖူဂျီတောင်ကိုပုံအနေနဲ့ပဲသုံး ထားတာမဟုတ်ဘဲ၊ ဒီဇိုင်းအတွေးအခေါ်ပိုင်းလည်း ဖူဂျီတောင်ကိုအခြေခံထားပါတယ်.

အလွန်အမင်းတွက်ချက်နိုင်မှုပါဝါက စူပါကွန်ပျူတာရဲ့အားသာချက်ဖြစ်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံသုံးနိုင်တယ်ဆိုတာကလည်း 富岳 ရဲ့အဓိကထူးခြားချက်ပဲဖြစ်ပါတယ်။
smartphone apps တွေမှာတောင်အလုပ်လုပ်တဲ့ ဘက်စုံအသုံးပြုနိုင်စွမ်းဟာ စူပါကွန်ပျူတာမှာတော့ တွေ့ရခဲတယ်လို့ပြောပါတယ်။

machine powerကို ဖူဂျီတောင်ရဲ့အမြင့်နဲ့ပုံဆောင်လိုက်ပြီး၊ ဘက်စုံသုံးနိုင်တဲ့စွမ်းဆောင်ရည်ကိုတော့ ကျယ်ပြန့်သွားတဲ့တောင်ခြေအဖြစ် ပုံဆောင်လိုက်ပါတယ်.

တကယ်ကိုဖူဂျီတောင်ပါပဲ…

ဂျပန်ရဲ့ဂုဏ်ကိုဆောင်ထားတဲ့ ဖူဂျီတောင်ရဲ့အလှနဲ့ တစ်ကမ္ဘာလုံးကိုစိန်ခေါ်လိုက်တဲ့စစ်ပွဲဟာ ဒီကနေအစပြုပါပြီ…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: