ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို နောက်တန်းကနေအားပေးခဲ့တဲ့ ဂျပန်လေတပ်ကာကွယ်ရေးအဖွဲ့ !!!!!

လွန်ခဲ့တဲ့ ၅ လပိုင်း ၂၉ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကြိုးပမ်းနေကြရတဲ့ ဂျပန်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် ကျေးဇူးတင်မှုနဲ့လေးစားမှုကိုပြသတဲ့အနေနဲ့ ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ blue impulse အဖွဲ့က လေယာဥ် ၆ စီးနှင့်အတူ အဖြူရောင်မီးခိုးများထုတ်လွှင့်ပြီး တိုကျိုမြို့လယ်ခေါင်မှာ ပျံသန်းခဲ့ကြပါတယ်။

墨東病院 Bokutoh Hospital  、

荏原病院 Ebara Hospital 、

自衛隊中央病院 Self-Defense Forces Central Hospital

အစရှိတဲ့ တိုကျိုမြို့မှာရှိတဲ့ကူးစက်လူနာတွေထားတဲ့ဆေးရုံတွေရဲ့ကောင်းကင်ယံမှာ ၂ ပတ်ပျံသန်းပြသခဲ့ပါတယ်။

 

https://img.kyodonews.net/english/public/images/posts/575d5d5adf7299424eb5b916ece7fd4b/photo_l.jpg

 

ဒီလိုပျံသန်းပြသမှုဟာ ၁၉၆၄ ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၄ ခုနှစ်ကတစ်ကြိမ်နဲ့ ၊ ယခု ၂၀၂၀ ခုနှစ်မှာတစ်ကြိမ်အဖြစ် စုစုပေါင်း ၃ ကြိမ်ရှိပြီဖြစ်ကြောင်းသိရပါတယ်.

 

blue impulse အဖွဲ့ ရဲ့ပြောပြချက်ထဲမှာ ပျံသန်းတဲ့အချိန်မှာရာသီဥတုကောင်းမွန်နေတဲ့အတွက်လည်း လေယာဥ် ၆ စီးလုံးကို အတူတူလှပစွာနဲ့မြင်နိုင်ရခြင်းပဲဖြစ်ပါတယ်။
ဒီအခြေအနေတွေထဲမှာ အမျိုးမျိုးပင်ပန်းခက်ခဲနေကြသူတွေ၊ အထူးသဖြင့်ကတော့ ဆေးဘက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေအတွက်ရည်ရွယ်ပြီး သူတို့အတွက်အင်အားတစ်ခုသာဖြစ်သွားမယ်ဆိုရင်….
ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့ရဲ့အဖြူရောင်မီးခိုးထဲမှာ အဲ့ဒီဆန္ဒကိုထည့်သွင်းပြီး ၆ စီးလုံးညီညီညာညာနဲ့ပျံသန်းခဲ့တာပါ။ ဆိုပြီးပြောကြားခဲ့ပါတယ်။

ဒီလိုပျံသန်းမှုကိုမြင်ကြတဲ့ ပြည်သူတွေနဲ့အတူကျန်းမာရေးဝန်ထမ်းအားလုံးထဲမှာ တစ်ချို့ဟာဝမ်းသာပြီးမျက်ရည်ကျတဲ့အထိ ခံစားရတာကိုလည်းတွေ့ရပါတယ်။

 

ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်ခြင်းမှာ ဂျပန်လေတပ်ကာကွယ်ရေးအနေနဲ့ ရှေ့တန်းကနေမပါဝင်နိုင်ပေမဲ့၊ ဒီလိုလှုပ်ရှားမှုကြောင့် ရှေ့တန်းမှာရောက်နေတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် အင်အားတစ်ခုဖြစ်မှာကတော့ အသေအချာပါပဲ။

 

Hsu Mon

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: