သတင်းကြေငြာသူပြောလိုက်တဲ့စကားက စိတ်လှုပ်ရှားစေတယ်။

 

https://images.app.goo.gl/hAVX5X1BN3AisrLL7

လက်တလော တီဗွီသတင်းအစီအစဥ်တွေတိုင်းမှာလည်း မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်အကြောင်းနဲ့အဆုံးသတ်တယ်။
အဲ့ဒီထဲမှာ ကြည့်ရှုသူတွေကိုပိုပြီးစိုးရိမ်စေတဲ့အချက်အလက်တွေကိုဖော်ပြနေတဲ့ သတင်းအစီအစဥ်တွေလည်း မနည်းပါဘူး။
အဲ့ဒီလိုသတင်းအစီအစဥ်တွေအများကြီးရှိတဲ့အထဲက တိုအရုတီဗွီသတင်းအစီအစဥ်ရဲ့ သတင်းတင်ဆက်သူဆီကကြားလိုက်ရတဲ့နွေးထွေးတဲ့စကားဟာ လူအများရဲ့ကြားနာမည်ကြီးတဲ့အကြောင်းအရာတစ်ခုလိုဖြစ်သွားပါတော့တယ်။

အဲ့ဒီသတင်းအစီအစဥ်က weekday ရဲ့ညပိုင်းမှာလွှင့်တဲ့ (news.every) ပဲဖြစ်ပါတယ်။
ဒီမှာက လူနာအသစ်တိုးလာတာတွေနဲ့အရေးပေါ်အခြေအနေအချက်အလက်တွေကိုတရားဝင်ကြေငြာပေးရုံသာမက၊ အဓိကသတင်းထုတ်လွှင့်သူဖြစ်တဲ့ 藤井貴彦(Fuji Takahiko) ဆိုသူဟာ သူ့ရဲ့ထင်မြင်ယူဆချက်ကိုပါထည့်ပြောလိုက်တဲ့အတွက် ကြည့်ရှုနေကြတွေရဲ့စိတ်ကိုလှုပ်ရှားသွားစေပါတယ်။

 

https://images.app.goo.gl/K6huXjFHmZ5eN1X47

မှတ်သားစရာကောင်းတဲ့ဖော်ပြချက်တွေထဲများစွာရှိတဲ့အထဲက အချို့ကိုကောက်နုတ်ပြီးမိတ်ဆက်ပေးပါမယ်။

၄လပိုင်း ၁၅ ရက်နေ့၊ ရှေ့တန်းကျန်းမာရေးဆေးကုသမှုပေးတဲ့နေရာမှာ လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ကောလဟာလတွေဖြစ်တဲ့အပေါ် ၊ သတင်းတင်ဆက်သူ 藤井က ဒီလိုပြောလိုက်ပါတယ်။

“ ယခုအခြေအနေကတော့ ဆေရုံမှာအလုပ်လုပ်တယ်လို့ပြောလိုက်တာနဲ့ ခွဲခြားဆက်ဆံခံရတဲ့အခြေအနေမှာရှိနေပါတယ်။ ကျန်းမာရေးဝန်ထမ်းဆိုတာကလည်း လူသားတစ်ယောက်ပါပဲ။ ပထမဦးဆုံး တွေ့တဲ့လူနာရဲ့အသက်ကိုကယ်ဖို့ကြိုးစားနေကြတာပါ။ ဒါကြောင့်အေးစက်တဲ့အကြည့်တွေကနေ ချက်ချင်းနွေးထွေးနဲ့အားပေးထောက်ပံ့မှုတွေအဖြစ် မပြောင်းလဲလို့မရပါဘူး”

၄လပိုင်း ၁၇ရက်နေ့၊ ကူးစက်လူနာအများဆုံး စံချိန်တင်သွားတဲ့နေ့မှာတော့

“ အတိတ်ကိုပြောင်းလဲလို့မရနိုင်ပေမဲ့၊ ၂ ပတ်ပြီးတဲ့နောက်မှာတော့ အနာဂတ်ကိုပြောင်းလဲပစ်လို့ရပါသေးတယ်။ ဆန္ဒရှိသူများသေချာပေါက်ပူးပေါင်းဆောင်ရွက်ပေးဖို့တောင်းဆိုပါတယ်။ နောက်ပြီးဒီလာမယ့်ရုံးပိတ်ရက်မှာလည်း အားလုံးပူးပေါင်းဆောင်ရွက်ဖို့ထပ်မံတောင်းဆိုပါတယ်။”

၄လပိုင်း ၂၀ရက်နေ့၊ ကိုယ့်အသိစိတ်နဲ့ကိုယ့် အပြင်မထွက်ဖို့တောင်းဆိုထားတဲ့ကာလအတွင်း အပြင်ထွက်လည်တဲ့လူတွေကို စိတ်ဆိုးနေကြသူတွေအတွက်

“ လက်ရှိ အရေးပေါ်ကြေငြာချက်ထုတ်ပြန်မှုတွေကို လက်ခံရရှိပြီး၊ ကိုယ့်ကိုကိုယ်ထိန်းချုပ်နေကြသူတွေထက် အပြင်ထွက်လည်ပတ်နေကြသူတွေကို ဒေါသထွက်မိကောင်းထွက်မိပါလိမ့်မယ်။ အဲ့ဒီလိုလူတွေရှိတဲ့အတွက်ကြောင့်လည်းပဲ အနောက်နိုင်ငံတွေမှာ ဆေးဘက်ဆိုင်ရာပြိုလဲခြင်းတွေကိုကာကွယ်နေရပါတယ်။ လူတိုင်းကအခုချိန်မှာအသင်ဆင့်မဖြစ်သေးဘူးဆိုရင်တောင် အဲ့ဒီသဘောထားကသူတို့ရဲ့အပြုအမှုကို ပြောင်းလဲပစ်သင့်တယ်။ နောက်ပြီးတစ်နိုင်ငံလုံးမှာတော့ ကူးစက်မှုနည်းတဲ့နေရာတွေရှိပါတယ်။
မိမိနေထိုင်ရာနေရာကနေ ပေါ့ပေါ့ဆဆမရွေ့ပြောင်းကြပါနဲ့။ ဒါဟာလည်း မိမိရဲ့ဇာတိမြို့ရွာကို ကာကွယ်ရာရောက်ပါတယ်။”

နောက်ထပ်ပြီးတော့လည်း “ အရာအားလုံးကိုသည်းခံပြီး ပင်ပန်းခက်ခဲတဲ့နေ့တွေကိုကျော်ဖြတ်နေရပေမဲ့၊ အခြားသူတွေကိုကရုစိုက်ဖို့လည်း စိတ်မပျက်ကြပါနဲ့။ ဒါကအရေးအကြီးဆုံးပါ။” “ စားသောက်ပွဲတွေ၊ ပါတီတွေက အသက်ထက်ပိုပြီးအရေးမကြီးပါဘူး”
အစရှိသဖြင့်၊ သတင်းကြည့်ရှုနေသူတွေကို တစ်ရက်ပြီးတစ်ရက်နွေးထွေးတဲ့စကားတွေကိုပြောပေးလျက်ရှိပါတယ်။

သတင်းအစီအစဥ်ဖြစ်တဲ့အတွက် လက်တလောဖြစ်ပေါ်နေတဲ့ သတင်းအကြောင်းအရာတွေကိုပြောပြပေးရုံနဲ့လုံလောက်ပါပြီ။ ဒါပေမဲ့ အမှန်တရားကိုမှန်ကန်စွာပြောပြခြင်းက တစ်ခါလေကြည့်ရှုနေသူတွေကို ပိုပြီးစိုးရိမ်ပူပန်စေတတ်ပါတယ်။ အဲ့ဒါကတော့မကောင်းဘူးမဟုတ်လား။
သတင်းတင်ဆက်သူ 藤井ပြောသွားတဲ့အတိုင်း နွေးထွေးတဲ့စကားတွေနဲ့အဆုံးသတ်ပေးနိုင်တဲ့သတင်းအစီအစဥ်တွေ ပိုပြီးများလာရင်တော့ကောင်းမှာပဲ‌နော် …

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: