Evangelion ကိုအခမဲ့ ကြည့်လို့ရပါပြီ!!

Anime ကြိုက်တဲ့လူဆိုရင် Evangelion ကိုမသိတဲ့လူမရှိဘူးလို့ထင်ပါတယ်။
၁၉၉၅ ခုနှစ်ကနေစပြီး အခုလက်ရှိအချိန်အထိ လူကြိုက်များတဲ့ Science.Fiction.Anime ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ဒီနှစ်၆လပိုင်း ၂၇ရက်နေ့မှာ 「シン・エヴァンゲリオン劇場版」Evangelion:-3.0+1.0 လို့ခေါ်တဲ့ရုပ်ရှင်အသစ်ထုတ်ဝေမယ်လို့စီစဥ်ထားပါတယ်။

 


https://i.gzn.jp/img/2020/04/20/eva-movie/00.png

ဒါပေမဲ့ အခုလက်ရှိဖြစ်နေတဲ့ Covid-19 ကိစ္စကြောင့် စိတ်မကောင်းစွာရုပ်ရှင်ထုတ်ဝေတာကိုရွှေ့ဆိုင်းလိုက်ရပါတယ်။
ဒီရုပ်ရှင်ကိုစောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်စိတ်မကောင်းစရာသတင်းပေါ့နော်….

ဒါပေမဲ့ Evangelion.official.website က Evangelion ရုပ်ရှင် ၃ခုကိုအခမဲ့ထုတ်ဝေပေးမယ်လို့ ပြောပြပါတယ် !!!

ဒီရုပ်ရှင်တွေကို YouTube မှာဘယ်သူမဆို အခမဲ့ကြည့်လို့ရပါပြီ!!!
နာမည်ကြီးတဲ့ရုပ်ရှင်ကို ၃ ခုတောင်အခမဲ့ကြည့်လို့ရတယ်ဆိုတော့ အရမ်းပျော်ဖို့ကောင်းတယ်နော်…

ကြည့်လို့ရတဲ့ ရုပ်ရှင်တွေကဒီ ၃ ခုဖြစ်ပါတယ်။

ヱヴァンゲリヲン新劇場版:序 EVANGELION:1.11 YOU ARE (NOT) ALONE.

https://www.youtube.com/watch?v=z0AeU-0_bHs

 

ヱヴァンゲリヲン新劇場版:破 EVANGELION:2.22 YOU CAN (NOT) ADVANCE.

https://www.youtube.com/watch?v=OfqFiHjR7ac

 

ヱヴァンゲリヲン新劇場版:Q EVANGELION:3.33 YOU CAN (NOT) REDO.

https://www.youtube.com/watch?v=M099_uFGzEs

 

ဒီလိုအခမဲ့ထုတ်ဝေပေးတဲ့အတွက် ကျေးဇူးလည်းတင်ရတယ်နော် …
Evangelion ကိုကြိုက်သူတွေရော၊ သိပ်မသိသေးတဲ့လူတွေအတွက်ပါ ကြည့်နိုင်မယ့်အခွင့်အရေးလေးဖြစ်ပါတယ်။
အိမ်မှာအေးအေးဆေးဆေး ရုပ်ရှင်ကြည့်ကြရအောင်!!!

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: