ယန်း၁၄၀တည်းနဲ့ ၁၀၀၀ကီလိုမီတာကျော်စီးနိုင်တဲ့ တစ်နှစ်မှတစ်ခါပေါ်တဲ့ရထား

တိုကျိုမြို့ကိုပထမဆုံးရောက်ဖူးတဲ့သူတိုင်းအတွက် အံ့သြသင့်စေတဲ့အရာကတော့ ရထားလမ်းရဲ့ ပြည့်စုံကောင်းမွန်မှုပါပဲ။ မြေပေါ်မှာပြေးဆွဲနေတဲ့ရထားတွေတင်မက မြေအောက်ရထားအပါအဝင် အံ့သြလောက်အောင် များစွာသောရထားတွေပြေးဆွဲလျက်ရှိပါတယ်။

https://nlab.itmedia.co.jp/nl/articles/1912/29/news023.html

 

အကြီးမားဆုံး မီးရထားကုမ္ပဏီဖြစ်တဲ့ JR အရှေ့ဂျပန်ရဲ့ တိုကျိုဆင်ခြေဖုံး တစ်ခုတည်းရဲ့ လမ်းကြောင်းမြေပုံက အခုလိုမျိုးဖြစ်ပါတယ်။

https://nlab.itmedia.co.jp/nl/articles/1912/29/news023.html

 

အခုတစ်ခေါက်မိတ်ဆက်ပေးမယ့် အိမ်မက်သဖွယ်ဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့အရှည်ဆုံးလမ်းကြောင်းကတော့ ဒီမြေပုံမှာပြထားတဲ့ “大都市近郊区間” (Daitoshi kinkō kukan) မြို့ကြီးဆင်ခြေဖုံးအပိုင်း လို့ခေါ်တဲ့ ဧရိယာဖြစ်ပါတယ်။ အဲဒီအပိုင်းမှာတော့ အထူးစည်းမျဉ်းစည်းကမ်းရှိပါတယ်။

စည်းမျဉ်းစည်းကမ်းတွေအတိုင်းလိုက်နာလျှင် ဘယ်လောက်ဝေးဝေးသွားသွား၊ စျေးအသက်သာဆုံးလမ်းကြောင်းဖြင့် စျေးနှုန်းများကိုတွက်ချက်ထားသည်။

ဥပမာအားဖြင့် စက်ဝိုင်းပုံသဏ္ဍာန်သွားရတဲ့  Yamanote ရထားလိုင်းလိုမျိုးဖြစ်ပြီး
Tokyo ဘူတာ မှ Akihabara ဘူတာအထိ ပုံမှန်စီးနင်းလိုက်ပါက ၂.၀ ကီလိုမီတာခန့်ရှိပါတယ်။
အကယ်၍ ဆန့်ကျင်ဘက်လမ်းကြောင်းကနေစီးမယ်ဆိုရင်တော့ အကွာအဝေး ၃၂.၅ ကီလိုမီတာခန့်ရှိပါတယ်။
ဒါပေမယ့် ဘယ်ဖက်ကစီးစီး ကုန်ကျစရိတ်ကတော့ ယန်း ၁၄၀ ပဲပေးရမှာပါ။

https://nlab.itmedia.co.jp/nl/articles/1912/29/news023.html

အဲလိုအထူးစည်းမျဉ်းကနေ ဘယ်လောက်ကြာတဲ့အကွာအဝေးပဲဖြစ်ဖြစ် အနည်းဆုံးယန်း (၁၄၀) လောက်တည်းနဲ့ စီးလို့ရပါ့မလား ?
ရထားစီးရတာဝါသနာပါပြီး ရထားတွေကိုနှစ်သက်တဲ့ ရထားဝါသနာအိုးက ဒီအရာကို စတင်ပြုလုပ်ခဲ့တဲ့ပုံပါပဲ။ အဲဒီခရီးမှာတော့ ရထားလမ်းကုမ္ပဏီရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့စည်းမျဉ်းစည်းကမ်းတွေလိုအပ်ပြီး
အဲဒီစည်းမျဉ်းတွေကိုတော့ မလိုက်နာလို့မရပါဘူး။

 

၁။ “大都市近郊区間” (Daitoshi kinkō kukan) မြို့ကြီးဆင်ခြေဖုံးအပိုင်းရဲ့အပြင်ကိုမကျော်ရ။

၂။ ဘူတာတစ်ခုတည်းကိုနှစ်ခါမဖြတ်ပါရ။

၃။ လမ်းခုလတ်မှတ်တိုင်မရှိပါ။

၄။ သက်တမ်းကြာချိန်က တစ်ရက်။

စည်းကမ်းနံပါတ် ( ၂ ) က ရထားလမ်းကုမ္ပဏီရဲ့စည်းမျဉ်းမဟုတ်ပဲ အခုဂိမ်းကို စိတ်ဝင်စားစေဖို့ပဲဖြစ်ပါတယ်။
ပြီးတော့ ဒီဇင်ဘာ ၃၁ရက်နေ့ တစ်နေ့တည်းတစ်နေကုန်စီးလို့ရတဲ့လက်မှတ်ပါ။
ဒါပေမယ့် ရက်စွဲပြောင်းသွားပေမယ့် အဲဒီလက်မှတ်နဲ့ တခြားရက်မှာလည်းစီးလို့ရပါတယ်။
အဲလိုဆိုရင်တော့ တစ်ရက်တည်းနဲ့ ခရီးရှည်မသွားနိုင်ခဲ့တဲ့
အကွာအဝေးကို အဲဒီတစ်ရက်တည်းမှာ ယန်း၁၄၀ နဲ့ စီးလို့ရပါတယ်။

အခုလက်ရှိ အရှည်ဆုံးရထားလမ်းကြောင်းက Chiba ခရိုင်မှာရှိတဲ့ Kitakogane ဘူတာကနေ ထွက်ပြီး Mabashi ဘူတာမှာ ဆိုက်ရောက်ပါတဲ့ ရထားလမ်းကြောင်းဖြစ်ပါတယ်။ တိုက်ရိုက်သွားမယ်ဆိုရင်တော့ အကွာအဝေး၂၉ကီလိုမီတာ ရှိပါတယ်။ အကယ်၍  Ibaraki, Gunma, Kanagawa, Tokyo နှင့် Saitama ကိုလှည့်ပတ်ပြီးသွားမယ်ဆိုရင်တော့ ၁၀၃၅.၄ကီလိုမီတာ ကွာဝေးပါတယ်။ HoChiMinh ကနေ DaNang အထိ ၉၆၀ ကီလိုမီတာကျော်အကွာအဝေးရှိပါတယ်။

ဒီအကွာအဝေးတွေကို ယန်း၁၄၀တည်းနဲ့ စီးလို့ရပါတယ်။

စိတ်မဝင်စားတဲ့သူတွေအတွက်ကတော့ လုံးဝစိတ်မပါတဲ့ဂိမ်းတစ်ခုပေါ့။
ဒါပေမယ့် စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ ဒါဟာနက်ရှိုင်းတဲ့ဂိမ်းတစ်ခုလိုပါပဲ။
ဒီလိုရှည်လျားတဲ့အကွာအဝေးကို တကယ်စီးနိုင်လားဆိုတာကို လေးလေးနက်နက်ထားပြီး လာရောက်ရထားစီးကြတဲ့သူတွေလည်း တော်တော်များများရှိပါတယ်။

ကျွန်တော်က ရထားဝါသနာအိုးတော့မဟုတ်ပေမယ့် ရထားပြတင်းပေါက်ရဲ့ အပြင်ဘက်ကရှုခင်းတွေကို ရထားစီးရင်း ငေးမောကြည့်ရတာအရမ်းကြိုက်တော့ အကြာကြီးစီးရတာ ပျော်ဖို့ကောင်းမယ်လို့ထင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ယန်း၁၄၀တည်းနဲ့ ဒီလိုခရီးကိုရထားစီးဖို့ဆိုတာ တော်တော်လေးကိုစျေးချိုပါတယ်နော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: