အကျော်အမော် Host တစ်ယောက်ရဲ့ အကိုးအကားက နှလုံးသားမှာပဲ့တင်စေသလား ?

ဂျပန်အမျိုးသမီးအချို့ကိုစိတ်အားထက်သန်စေတဲ့ Host Club တွေရှိပါတယ်။အဲထဲကမှ Shinjuku မှာရှိတဲ့ Kabukicho မှာတော့ ချောမောလွန်းတဲ့ Host တွေအများကြီးရှိလို့ Host တွေ အတွက်ပြင်းထန်တဲ့စစ်မြေပြင်လိုပါပဲ။

အဲထဲကမှ တစ်ဝက်လောက်က “ I’m No.1 ” လို့ဆိုတဲ့ ကိုယ်တိုင်သတ်မှတ်ထားကြတဲ့သူတွေလည်းရှိပါတယ်။

သူတို့တွေထဲကမှ နာမည်အကြီးဆုံး No.1 Host တစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ ROLAND ပါ။

https://www.amazon.co.jp/俺か、俺以外か%E3%80%82-ローランドという生き方-ROLAND/dp/4046041374 

ဒါကတော့ သူထုတ်ဝေခဲ့တဲ့ စာအုပ်ပါ။ စာအုပ်ခေါင်းစဉ်တော့ အလန်းပဲနော်။

ငါလား၊ ငါ့အပြင်အခြားတစ်ယောက်လား။

Roland ဆိုတဲ့ ဘဝလမ်းစဉ်။

 

Roland က လူနာမည်မဟုတ်ဘဲ ဘဝအတွေးအခေါ်တစ်ခုလား ? ?

ဒီဖော်ပြချက်က အခုလိုကြည့်တဲ့အခါငြီးငွေ့ဖွယ်ကောင်းပေမယ့်  ROLAND ရဲ့ အံ့ဖွယ်အရာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဂျပန်နိုင်ငံမှာ အမြင့်ဆုံးသတ်မှတ်ထားတဲ့အခကြေးငွေရတဲ့ Host တစ်ယောက်ရဲ့ ဘယ်လိုဝန်ဆောင်မှုကိုပေးသလဲဆိုတာ ကြည့်ကြည့်ပါ။

https://www.youtube.com/watch?v=6EWYFGeshIE

 

ဒီလို Host မျိုးရှိရင် ပျော်စရာကြီးနော်။

သူ့ရဲ့ အကိုးအကားတွေကို ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ တော်တော်လေး လက်ရာမြောက်ချက်ပါပဲ။

 

ကမ္ဘာပေါ်မှာယောက်ျားနှစ်မျိုးပဲရှိတယ်။
ငါ၊ဒါမှမဟုတ် ငါထက်အခြားတစ်ယောက်။

ကမ္ဘာပေါ်မှာမိန်းကလေးနှစ်မျိုးရှိတယ်။
ငါ့ကိုကြိုက်တဲ့ မိန်းကလေး။ ပြီးတော့
အခုကစပြီး ငါ့ကိုကြိုက်လာမယ့် မိန်းကလေး။

 

ကိုယ်ကိုယ်တိုင်က လ ဆီကိုသွားဖို့လုပ်နေတဲ့အချိန်ကတော့ လအပေါ်ရှုံးနှိမ့်သွားမှာပေါ့။

ဘာလို့လဲဆိုတော့ လ ကို ဂျပန်ကိုလာလည်စေဖို့တွေးမိလို့ပါ။

 

အင်း မဟုတ်သေးဘူး !

အောင်မြင်ချင်ရင် လုပ်စရာရှိတာ လုပ်ကိုလုပ်ရမယ် !

 

အချိန်က Roland ကိုမစောင့်ဘူး။

Edo ခေတ်မှာဆို Supreme မရောင်းဘူးမလား ?

 

အကြောက်တရားကိုခံစားမနေနဲ့။ဘာလိုလိုနဲ့အတော်အတန်မြင့်တဲ့ လမ်းခုလတ်ရောက်လာတော့နည်းနည်းတော့ကြောက်လာတယ်။

ငါ ဟာမိုးတိမ်တွေကိုစီးလို့ရလောက်တဲ့ အထက်ကိုရောက်လာတော့ အလေးချိန်တောင်မရှိတော့ပါဘူး။

 

ဘယ်လောက်ကြာကြာ အသက်ရှင်ခဲ့တယ်ဆိုတာ ကို ပြောပြလို့ရပေမယ့် ဘယ်လိုအသက်ရှင်မလဲဆိုတာတော့ ပြောပြလို့မရပါဘူး။

 

အ‌ရေးကြီးတာက အသက်ဘယ်လောက်ရှင်ခဲ့လဲဆိုတဲ့အရာမဟုတ်ဘဲ “ဘယ်လိုအသက်ရှင်မလဲ”ဆိုတဲ့ အရာလို့ထင်ပါတယ်။

ROLAND ခေါင်းငုံ့တယ် ဆိုတာက အပြင်မသွားခင် ဖိနပ်စီးတဲ့အခါပဲရှိပါတယ်။

 

အကယ်၍ ငါသေရင် ဒီလောကမှာရှိတဲ့ မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုသတ်သေပြီး
ကျားမအချိုးအစားပြောင်းလဲမှုကြောင့်ဂေဟစနစ်တောင် ပျက်စီးသွားနိုင်တယ်နော်။
အဲဒါကြောင့် ငါဟာ ကမ္ဘာမြေအတွက်အသက်ရှည်ရှည်နေမှာပါ။
မင်း နေထိုင်တဲ့ ကမ္ဘာမြေအတွက်ပါပဲ
!

 

နယူးယောက်နှင့်တိုကျိုဆိုပီး ခြားနားချက်ကြောင့် ROLAND ရှိလား မရှိလား ဆိုတာမျိုးနဲ့
ပင်ကိုယ်တန်ဖိုးဆိုတာ မပြောင်းလဲနိုင်ဘူးလို့ ထင်ပါတယ်။
ကောင်းမွန်တဲ့မြို့အချင်းချင်းဖြစ်လို့ အပြန်အလှန်ချစ်ချစ်ခင်ခင်ရှိကြစို့ !

 

မင်းဟာ ကောင်းကင်မှာပျံသန်းနေတဲ့ လေယာဉ်ကို မြင်ရပေမယ့် လေယာဉ်ထဲ့ကသူတွေကတော့ စိတ်မကောင်းပေမယ့် မင်းတို့ကိုမမြင်ရပါဘူး။

အပေါ်ကိုရောက်သွားတဲ့အခါ အသေးစိတ်တိုင်းကိုတော့ ဂရုမစိုက်နိုင်တော့ပါဘူး။

 

အဲဒီနားက နတ်ကွန်းငယ်လေးထက် ငါက ပိုပြီးအမြတ်ရနိုင်ချေရှိပါတယ်။

 

ငါက Host လုပ်ဖို့အတွက်မွေးဖွားလာတာတော့မဟုတ်ပါဘူး။ ငါ လုပ်ဖို့အတွက် ဖြစ်လာတဲ့ Host ဆိုတဲ့အလုပ်က မွေးဖွားလာတာပါ။

 

ငါ့ထက်ခန့်တဲ့ Host တွေဆိုငါမုန်းတယ်။ အဲဒါကြောင့် တစ်ကမ္ဘာလုံးက Host တွေကို အရမ်းချစ်တယ်။

 

ငါ့ရဲ့ ပျော်ရွှင်မှုတွေကို Instagram မှာတင်တယ်ဆိုတာက တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားထာထက် မျှဝေတာက ပျော်ရွှင်မှုတွေကို ပိုပီးကြာရှည်စေပါတယ်။

 

အသက်ရှင်နေထိုင်တယ်ဆိုတာက လူ့လောကရဲ့ တာဝန်ပါ။

https://matome.naver.jp/odai/2150320538486251101

 

ဘာပဲဖြစ်ဖြစ် ရှေ့ဆက်လျှောက်ကာ အကောင်းမြင်စိတ်ရှိတဲ့သူ။ အရမ်းရယ်ရပြီး စိတ်ဝင်စားဖို့ကောင်းလို့ ယောကျ်ားလေးတွေပါသဘောကျတဲ့ သူတစ်ယောက်ပါ။

သူ့အသက် ၂၀ မှာတင်ပဲ
နှစ်စဉ်ယန်းသန်း ၃၀၀ ထက်မကတဲ့ ဝင်ငွေ ရရှိနေပါပြီ။

Host ဆိုတာက ယေဘုယျအားဖြင့် အမျိုးသမီးတွေကြားရေပန်းစားပေမယ့် အမျိုးသားတွေကြားမှာတော့ ရေပန်းမစားပါဘူး။

ဒါပေမဲ့ ROLAND ကတော့ အဲလိုမဟုတ်ပါဘူး။

အမျိုးသားဖန်တွေလည်းများပါတယ်။

ROLAND ပြောသလိုပဲ လူတိုင်းက ROLAND ကိုချစ်ကြတဲ့အတွက်‌ကြောင့်ပါ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: