Dragon Ball အစွမ်း အံ့မခန်း

ကမ္ဘာတဝှမ်း လူကြိက်များတဲ့ Dragon Ball Anime ရဲ့ အဓိကဇာတ်ဆောင် Son Goku ရဲ့ အသံသရုပ်ဆောင် Masako Nozawa ဟာ အသက် (၈၂) နှစ်ရှိပါပြီ။

https://grapee.jp/590280

 

Anime ထဲက Son Goku ကတော့ အမြဲတမ်း တိုက်ခိုက်နေပီး ပင်ပန်းမှုဆိုတာမရှိပါ။အသံသရုပ်ဆောင် Nozawa ကလည်း ပင်ပန်းတယ်ဆိုပြီး  ဘယ်တော့မှမတွေးတဲ့ အဘွားပါ။

သူမ ပြောဖူးတဲ့ စကားတစ်ခုရှိပါတယ်။

” လူတိုင်းကမနက်စောစောထရတာ ပင်ပန်းတယ်လို့ပြောပေမယ့် ငါကတော့ ညသန်းခေါင် အနှိုးခံရရင်တောင် Kamehameha ဆိုပီး ပြောနိုင်ပါတယ် ! ? “

http://dbz-dokkan.info/2015/03/19/ ဒီ Link မှာ Kamehameha ရဲ့ အစွမ်းကိုကြည့်တာပိုကောင်းပါတယ်။

 

အဲ့ဒါကြောင့် တကယ်အစွမ်းထက်ပြီး အံ့သြစရာဖြစ်သွားတာတော့ မဟုတ်ပါဘူး။ အသံသရုပ်ဆောင် ရဲ့ အစွမ်းကြောင့်  အံ့ဖွယ်ဖြစ်ရပ်ပေါ်ထွက်လာတာပါ။

ညသန်းခေါင်မှာ အနှိုးခံရတဲ့အခါ ရွှင်လန်းတက်ကြွတဲ့ စိတ်အာရုံရဖို့ဆိုတာ မဖြစ်နိုင်တာ ပုံမှန်ပါ။

ပြီးတော့ Dragon Ball ဂျပန်ဗားရှင်း ကြည့်ဖူးတဲ့ ဘယ်သူမဆို သိတဲ့ စကားလုံးဖြစ်တဲ့

“Ossu ! Ora Goku!”  “ဟိုင်း ! ငါ Goku ပါ ! “ လို့ဆိုတဲ့ ဇာတ်ဝင်စကား က Nozawa ဆီကနေ စတင်ဖြစ်ပေါ်လာတာပါ။

Son Goku = Masako Nozawa လို့ခံစားစေတဲ့ အသံသရုပ်ဆောင်ရဲ့  ဖြစ်တည်မှုကြောင့်လည်းပါပါတယ်။

သူမကြောင့် ဆရာဝန်တွေ ထိန့်လန့်ခဲ့ရတဲ့ အံ့သြစရာအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

Nozawa ဆီသို့ စာတစ်စောင်ရောက်ရှိလာခဲ့ပါတယ်။

အဲဒါကတော့ နေမကောင်းလို့ဆေးရုံတက်နေရတဲ့ သားတစ်ယောက်ရဲ့ အဖေထံမှဖြစ်ပါတယ်။

” သားက နေမကောင်းတာ လအနည်းကြာပါပြီ။ရောဂါအခြေအနေ‌ကြောင့် နောက်၂လလောက်ပဲနေရတော့မယ်လို့ ပြောပါတယ်။ သူက Dragon Ball ကို အရမ်းကြိုက်ပါတယ်။ ရောင်စုံစက္ကူလေးပေါ်မှာ လက်မှတ်လေးထိုး‌ပေးလို့ရနိုင်မလား ? “

အဲဒီစာကိုရပီးတော့ သူမဟာ လက်မှတ်နှင့်အတူ အသံမက်ဆေ့ချ်ဖြင့်ပါ စာပြန်ခဲ့ပါတယ်။

“ ဟိုင်း ! ငါ Goku ပါ ! ပြဇာတ်ရုံမှာစောင့်နေမယ်၊ ငါကျိန်းသေလာမှာ။ ကတိ ! “

Dragon Ball ရုပ်ရှင်က သြဂုတ်လတွင် ရုံတင်ပြသဖို့ရှိလို့ စောင့်ကြည့်ရန် ကတိတောင်းခြင်းဖြစ်ပါတယ်။

ဆရာ၀န်သတ်မှတ်ထားတဲ့သက်တမ်းထက် တော်တော်လေးကြာတဲ့ နေ့တစ်နေ့မှာ ပြဇာတ်ကိုစတင်ပြသခဲ့ပါတယ်။
နေမကောင်းတဲ့ကောင်လေးက Goku နဲ့ကတိတည်ဖို့အတွက် ရောဂါကိုတိုက်ထုတ်ခဲ့ပြီး သြဂုတ်လရောက်တဲ့အခါမှာတော့ ရုပ်ရှင်ရုံကိုသွားနိုင်ခဲ့ပါတယ်။

အိပ်ယာထဲမှာပဲလှဲပြီးကြည့်နိုင်ပေမယ့် အရမ်းကို ကုလားထိုင်မှာထိုင်ပီးကြည့်ချင်တယ်ဆိုတဲ့ကောင်လေးရဲ့ ဆန္ဒကြောင့် ရုပ်ရှင်ရုံထိုင်ခုံမှာ ထိုင်ပြီးကြည့်နိုင်ခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ စိတ်သက်သာရသွားတဲ့ ကောင်လေးဟာ လောကကြီးက ထွက်ခွာသွားပါတယ်။

ဟုတ်ပါတယ်။ သူဟာ Goku နဲ့ ကတိတည်ဖို့တစ်ခုတည်းအတွက်နဲ့ အစွမ်းကုန် ရောဂါကို ခုခံတိုက်ခိုက်ခဲ့တာပါ။

ဒီကိစ္စက ဆရာဝန်အတွက်တော့ အံ့အားသင့်စရာတစ်ခုဖြစ်ပြီး “ Animeရဲ့ စွမ်းအင်ဆိုတာဘယ်လိုတောင်လည်း၊ သိပ္ပံပညာနဲ့တောင် ဖြေရှင်းလို့မရတဲ့ နားမလည်နိုင်တဲ့ အံ့သြစရာပဲ “ လို့ ပြောရလောက်တဲ့ အံ့သြဖွယ် ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

အသက် ၈၂ နှစ် ရှိပီ၊ အသက်ကြီးပြီဆိုပေမယ့် အခုကစပီး “ လူတိုင်းကမနက်စောစောထရတာ ပင်ပန်းတယ်လို့ပြောပေမယ့် ငါကတော့ ညသန်းခေါင် အနှိုးခံရရင်တောင် Kamehameha Hit “ ဆိုပီး တက်တက်ကြွကြွ ပြောနိုင်လောက်တဲ့အထိ ကမ္ဘာတဝှမ်းမှာရှိတဲ့ကလေးတွေကို အားအင်တွေမျှဝေ‌ပေးချင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: