ဟင် ! ! ? ဂျပန်လူမျိုးအဖမ်းခံရတယ်။

၂၄.၇.၂၀၁၁ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ အမျိုးသားတစ်ဦး စိတ်ကြွဆေးများ လက်ဝယ်ပိုင်ဆိုင်ထားတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံခဲ့ရပါတယ်။

https://headlines.yahoo.co.jp/hl?a=20190726-00010001-fnnprimev-int&fbclid=IwAR3ehKlheohn_3q6puBzw8u6o1VVZpOmmb0iNwHbZDUOVLi3Lkl17CGLEmY

 

စိတ်ကြွဆေးတွေပိုင်ဆိုင်ထားလို့အဖမ်းခံလိုက်ရတဲ့ ဂျပန်ဒီဇိုင်းအင်ဂျင်နီယာ Yuichi Hatamura !

ကမ္ဘောဒီးယားသတင်း မှာ တော့ အခုလို ကြေညာခဲ့ပေမယ့်တကယ်တော့ သူက ကိုရီးယားလူမျိုးဖြစ်နေပါတယ်။ဂျပန်သံရုံး၀န်ထမ်းများနှင့် တွေ့ဆုံမေးမြန်းတဲ့အခါမှာတော့ သူဟာ ဂျပန်စကားကို လုံးဝ နားမလည်တဲ့အပြင် ဂျပန်စာလည်းမရေးနိုင်ပါဘူး။အဲဒါတောင်မှ “ ငါကဂျပန်ပဲ” ဆိုပီး မရမကပြောနေတုန်းပါပဲ။

သူပြောတဲ့နာမည်ဟာ ဂျပန်မှာလည်း မှတ်ပုံတင်ထားခြင်းမရှိပါဘူး။စုံစမ်းစစ်ဆေးပီးတဲ့အခါမှာတော့ သူက တောင်ကိုရီးယားနိုင်ငံသားဖြစ်နေပါတယ်။ကိုရီးယားလူမျိုးက ဂျပန်နာမည်ကို အလွဲသုံးစားလုပ်ပီး မကောင်းတာလုပ်တာ ဒါတစ်ခုတည်းတင်မကပါဘူး။

ကမ္ဘာတစ်ဝှမ်းတွင် အဖမ်းခံနေရတဲ့ ဂျပန်ပြည့်တန်ဆာအများစုဟာလည်း တကယ်တမ်းတော့ ကိုရီးယားလူမျိုးတွေပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမေရိကန်မှာ အဖမ်းခံရတဲ့ ပြည့်တန်ဆာ ၈၀ ရာခိုင်နှုန်းဟာ ကိုရီးယားလူမျိုးတွေဖြစ်နေပီး
သူတို့ထဲက အများစုဟာ “ ဂျပန်လူမျိုး” လို့ ပြောကြပါတယ်။

ထိုင်ဝမ်နှင့်ဂျာမနီ မှာလည်း ထိုကဲ့သို့ပင် ကိုရီးယားမိန်းကလေးတွေကကနာမည်ကြီးသောကြောင့် ကိုရီးယားလူမျိုးအဖြစ် လိမ်လည်ကြသူများလည်းရှိကြပါတယ်။

အချို့ဖြစ်ရပ်များတွင်ဂျပန်မှာနေသော ကိုရီးယားအမျိုးသားတစ်ဦး က ဂျပန်လူမျိုးအဖြစ်ဟန်ဆောင်ကာ တရုတ်ပြည်သို့ဗီဇာမရှိဘဲသွားသည့်ဖြစ်ရပ်တွေလည်းရှိပါတယ်။

 

ဘာလို့သူတို့တွေက ဂျပန်လူမျိုးလို့နာမည်တပ်သုံးကြတာလဲ ?

ဂျပန်ကို မုန်းလို့လား? ဒါမှမဟုတ် ချစ်လို့လား?

ဘာပဲဖြစ်ဖြစ်ကိစ္စမရှိပေမယ့် ကိုယ်လုပ်ထားတဲ့ မကောင်းတဲ့ပြစ်မှုတွေကို ဂျပန်လူမျိုးလုပ်တာဆိုပီးနာမည်တပ်တာကတော့ လက်မခံနိုင် ခွင့်မလွှတ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: