အာဖကန်နစ္စတန်ကိုချစ်သောပုဂ္ဂိုလ်

 

အချိန်ကြာမြင့်စွာ ရှုပ်ထွေးနေခဲ့တဲ့ အာဖကန်နစ္စတန်

2002ခုနစ်ကနေစပြီး အာဖကန်နစ္စတန်အတွက် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ ဂျပန်လူမျိုးဆရာ၀န် နခမူရာ ဆတို ဟာ သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

https://www.news-postseven.com/archives/20191207_1503858.html

 

ဆရာ၀န်တစ်ယောက်ဖြစ်တဲ့ သူဟာ ဆေးကုသမှုအပြင်၊ စိုက်ပျိုးရေးမှာလည်းအားပေးအားမြှောက်ခဲ့ပြီး အာဖကန်နစ္စတန်ရဲ့ ပြန်လည်ထူထောင်လာမှုမှာ အားအင်ရှိသမျှသုံးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်မှာ သူ့ ပုံကိုရေးဆွဲပြီး ပျံသန်းစေခြင်းဖြင့် သူရဲ့ လုပ်ဆောင်ချက်တွေနဲ့ သူ့ အတွက်၀မ်းနည်းခြင်းကိုဖော်ပြကြပါတယ်။

 

https://togetter.com/li/1439513

 

နခမုရာအပြင် အခြားနိုင်ငံအသီးသီးက အာဖကန်နစ္စတန်နိုင်ငံအတွက် ထောက်ပံ့ပေးမှုတွေလုပ်ကြပါတယ်။ဒါကကောင်းတဲ့အရာတစ်ခုတော့ ဖြစ်ပါတယ်။

ဒါပေမယ့် နခမုရာကတော့ ဒေသရဲ့ ယဉ်ကျေးမှုဓလေ့တွေနဲ့ အစဉ်အလာကိုအမှန်တကယ် ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပါတယ်။ ထိုအရာတွေနဲ့ အတူ နိုင်ငံပြန်လည်ထူထောင်ရေးမှာတော့ ဒေသအလိုက် လက်ခံကျင့်သုံးပုံကခြားနားပါတယ်။

ဆရာ၀န်တစ်ယောက်အနေနဲ့ ပဲမဟုတ် စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုအတွက်လည်း လိုအပ်တဲ့ရေတွင်းပေါင်း ၁၆၀၀၊ ဆည်မြောင်း ၁၃ ခု တူးဖော်ပြီး ကန္တာရကိုစိမ်းစိုအောင် ပြောင်းလဲပေးနိုင်ခဲ့သူတစ်ဉီး ဖြစ်ပါတယ်။

 

https://www.news-postseven.com/archives/20191207_1503858.html/3

https://togetter.com/li/1439513

 

နှစ် ၃၀ လောက် လှုပ်ရှားမှုတွေပြုလုပ်ပြီး ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သူ

သူဟာ ၂၀၁၉ ခုနစ် ၁၀ လပိုင်းမှာ အာဖကန်နစ္စတန်အစိုးရဆီက ဂုဏ်ပြုခြင်းခံရပြီး၊ သမ္မတထံမှ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ချီးမြှင့်ပေးအပ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

သို့ ပေမယ့် နိုင်ငံခြားသားတစ်ယောက်က မိမိနိုင်ငံမဟုတ်တဲ့နေရာမှာ ကျော်ကြားလာခြင်းကတော့ အကြမ်းဖက်ခံရမှုကို ဉီးတည်လာစေခဲ့ပါတယ်။

နခမုရ ရဲ့ ရည်ရွယ်ချက်ကတော့ အာဖကန်နစ္စတန်မှာ နေထိုင်သူတွေ ရေရရှိရေးနဲ့ အစားစာဖူလုံရေးတို့ ပဲဖြစ်ပါတယ်။ အန္တရာယ်ကိုတောင်မမှုပဲ မိမိတစ်ဘ၀လုံးကို အာဖကန်နစ္စတန်အတွက် ပေးဆပ်သွားသူတစ်ဉီးလည်း ဖြစ်ပါတယ်။

သူ့ ရဲ့ သေဆုံးမှုကို ယူကြုံးမရဖြစ်သူတွေက ဂျပန်နိုင်ငံနဲ့ အာဖကန်နစ္စတန် ၂ နိုင်ငံပဲမဟုတ်၊ ကမ္ဘာတစ်၀ှမ်းလုံးအထိပါ ပျံနံ့သွားခဲ့ပါတယ်။

အတောမသတ်နိုင်တဲ့ အာဖကန်နစ္စတန်ရဲ့  ပဋိပက္ခဖြစ်မှုတွေက အာဖရိကကိုပါလှုပ်ခပ်သွားပြီး၊ စစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ဆုတ်ခွာဖို့ စတင်လာပါတယ်။

တုန်လှုပ်ခြောက်ခြားမှုတွေပေါ်လွင်နေတဲ့ အာဖကန်နစ္စတန်ပြည်သူ တွေရဲ့ မျက်နှာကို အပြုံးမျက်နှာအဖြစ် ပြောင်းလဲစေခဲ့တဲ့ နခမုရာလိုလူမျိုး နောက်ထပ်များရှိပါအုံးတော့မလား ….?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: