အာဖန်နစ္စတန်နိုင်ငံတွင် အသတ်ခံရသော ဂျပန်လူမျိုးဆရာဝန်၏ အောင်မြင်မှုများ

ဒီဇင်ဘာလ ၄ ရက်နေ့ မှာ ဖူခုအိုခ NGO “Peshawar-kai” ဒေသခံကိုယ်စားလှယ်အဖွဲ့ရဲ့ ဆရာဝန် Mr.Tetsu Nakamura中村哲(အသက် ၇၃) နှစ်ဟာ အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ အသတ်ခံလိုက်ရပါတယ်။

https://www.google.com/url?sa=i&source=images&cd=&ved

ကားနဲ့သွားနေစဥ်လမ်းမှာ အပစ်ခံရပြီး ဒေါက်တာ Nakamuraနဲ့ အာဖဂန်လူမျိုးယာဥ်မောင်းအပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ဒေါက်တာ Nakamuraဟာ ၂၀၀၀ ပြည့်နှစ်တွေမှာ ရေစီမံကိန်းများနှင့် စိုက်ပျိုးရေးအထောက်အပံ့ လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး သဲကန္တရမြေပေါ်မှာလည်း ရေတွင်းနဲ့ စိုက်ပျိုးရေးတူးမြောင်းတွေကို ဖော်ဆောင်ပြီး ရေထွက်အောင် ကြိုးစားပေးခဲ့ပါတယ်။

တိုင်းတစ်ပါးမြေမှာ မိမိအသက်အန္တရာယ်ကိုတောင်မမှုဘဲ အာဖဂန်ပြည်သူလူထုအတွက် အားတက်တရော ကြိုးစားလုပ်ဆောင်ပေးခဲ့တဲ့ ဒေါက်တာ Nakamura ရဲ့အကြောင်းကိုကြားတော့ ဂျပန်ပြည်သူတွေက အံ့အားသင့်၊ ဝမ်းနည်းခဲ့ရပါတယ်။

ဒီစာကို ဖတ်ပြီး ဆရာဝန်တစ်ယောက်ဖြစ်ပါလျက်နဲ့ ရေတွင်းတွေနဲ့ စိုက်ပျိုးရေးတူးမြောင်းတွေဖော်တာ ဘာကြောင့်လဲ ဆိုပြီး တွေးမိတဲ့လူတွေ ရှိမယ်လို့ထင်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ ၂၀၀၀ ခုနှစ်မှာ မိုးခေါင်မှုဖြစ်ပွားခဲ့ပါတယ်။

မိုးခေါင်ရေရှားမှုကြောင့် ရေပြတ်လပ်မှုဖြစ်ပွားကာ လူပေါင်း ၁၂ သန်းလောက် အနာတရဖြစ်ခဲ့ပြီး လူပေါင်း ၄ သန်းလောက် ငတ်မွတ်ခေါင်းပါးခဲ့ကြရပါတယ်။

အဲ့ဒီအချိန်မှာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ရှိဆေးခန်းတွေမှာ ဆေးကုသမှုပေးနေတဲ့ ဒေါက်တာ Nakamura ဟာ ဆေးကုတာထက် သောက်သုံးရေ ရအောင်အရင်လုပ်သင့်တယ်လို့တွေးပြီး ရေတွင်း တူးခြင်းဆိုတဲ့ လုပ်ဆောင်ချက်ကို စတင်ခဲ့ပါတယ်။

ဒေါက်တာ Nakamura လုပ်နေတဲ့ Peshawar-kai ဟာ အသေးစားနှင့်အလတ်စားနိုင်ငံတကာဆေးဘက်ဆိုင်ရာ NGO တစ်ခုဖြစ်ပြီး

ဘတ်ဂျက်ငွေ ယန်းသန်း ၁၀၀ နဲ့ ရေတွင်းတူးဖို့က တော်တော်လည်း ကသောင်းကနင်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီကာလမှာ အမေရိကန်ပြည်ထောင်စုမှာလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့အပြင် အာဖဂန်လေကြောင်းကနေလည်း တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် အာဖဂန်နစ္စတန်နိုင်ငံရဲ့အခြေအနေဟာ အဆိုးဆုံး ဖြစ်လာခဲ့ပါတယ်။

 

ဒုံးကျည်တွေပါ ပစ်ချတဲ့အခြေအနေတွေကြောင့် အကူအညီပေးရေးအဖွဲ့အများစုဟာ အာဖဂန်နစ်စတန်ကနေ ဆုတ်ခွာခဲ့ရပါတယ်။

ဒါပေမယ့် Peshawar-kaiကတော့ ထွက်မသွားခဲ့ပါဘူး။

 “ဘယ်သူမှ မသွားရင် ငါတို့သွားမယ်။ ဘယ်သူမှ မလုပ်ရင် ငါတို့လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ဒေါက်တာ Nakamura ဟာ အကူအညီအတိုင်းအတာကို ပိုမိုတိုးချဲ့ခဲ့ပါတယ်။

https://www.google.com/url?sa=i&source=images&cd=&cad=rja&uact=8&ved=2ahUKEwiH6_Xj7K_

 

ရေတွင်းတွေက မလုံလောက်တာမို့လို့ တူးမြောင်းတွေပါ စတင်ဖောက်လာခဲ့ပါတယ်။

ဘဏ္ဍာရေးအကူအညီတောင်းဖို့ဂျပန်ကို ပြန်လာတဲ့အခါမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကို အမိန့်ပေးတဲ့အစိုးရကို အာဖဂန်နစ္စတန်ရှိမှာ ရှိတဲ့ ပြဿနာက နိုင်ငံရေးလည်း မဟုတ် စစ်ရေးလည်းမဟုတ်ဘဲ မိုးခေါင်ခြင်းနဲ့ ငတ်မွတ်ခေါင်းပါးမှုဖြစ်တယ် လို့ ထောက်ပြခဲ့ပါတယ်။

 

ဒါတွေအပြင် ဆည်မြောင်းအဆောက်အအုံတွေ ဆောက်လုပ်ဖို့ အတွက် “ Green Earth Plan” ဟာ အတော်လေးခက်ခဲပါတယ်။ အာဖဂန်နစ္စတန်နဲ့ Peshawar-kaiမှာ မြို့ပြအင်ဂျင်နီယာနည်းပညာနဲ့ လုံလောက်တဲ့ငွေကြေးလည်းမရှိခဲ့ပါဘူး။ ဒါ့အပြင် ဒေါက်တာ Nakamura ကလည်း တူးမြောင်းနဲ့ပတ်သက်ပြီး ဘာမှနားမလည်ခဲ့ပါဘူး။

 

ဒီလိုမျိုးအခြေအနေတွေမှာတောင် ဘယ်လိုလုပ်ဆောင်နိုင်ခဲ့တာလဲဆိုတဲ့ အင်တာဗျူးသူရဲ့ အမေးကို ဒေါက်တာ Nakamura က

“တွက်ချက်ဖို့အတွက်ကို အထက်တန်းကျောင်းသင်္ချာဖတ်စာအုပ်တွေနဲ့ လေ့လာခဲ့ပါတယ်”လို့ ဖြေခဲ့ပါတယ်။

 

ဒီလိုနဲ့ ၂၀၀၃ ခုနှစ်မှာ “ Green Earth Plan”ကို စတင်ခဲ့ပြီး လက်ရှိအချိန်မှာ ဟက်တာ ၁၆၀၀၀ကျယ်တဲ့ စိုက်ပျိုးမြေကို ဖော်ဆောင်နိုင်သည်အထိ အောင်မြင်ခဲ့ပါတယ်။

https://www.google.com/url?sa=i&source=images&cd=&cad=rja&uact=

 

အလုပ်သမားအများစုက ဒေသခံတွေပါ။

https://www.google.com/imgres?imgurl=https%3A%2F%2Fwww.at-s.com%2F

 

နိုင်ငံခြားကအကူအညီပေးအဖွဲ့တွေ လာရောက်ရင်းနှီးမြှုပ်နှံတာကို စောင့်နေတာထက် ဒေသခံတွေနဲ့ အာဖဂန်ရိုးရာနည်းစနစ်တွေနဲ့ ဖော်ဆောင်ခဲ့ပါတယ်။

အဲ့ဒီလို လုပ်ဆောင်နေစဥ်အတွင်းမှာလည်း ဂျပန်လူမျိုးဝန်ထမ်းတစ်ဦးဟာ ပြန်ပေးဆွဲ သတ်ခံလိုက်ရပါတယ်။

အဲ့ဒီဝန်ထမ်းသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒေါက်တာ Nakamura က

 သူဟာ ကျွန်တော်တို့ကိုယ်စား ပြီးတော့ ငြိမ်းချမ်းရေးကို လိုလားတဲ့လူတွေအားလုံးကိုယ်စား သေဆုံးသွားခဲ့တာပါ။ သူ့ကိုသတ်တဲ့အကြမ်းဖက်တွေက ကျွန်တော်တို့ရဲ့ ရန်သူပါ။ အခု ကျွန်တော်တို့လိုအပ်တာက အမုန်းတရားဝေမျှခြင်း မဟုတ်ဘူး။ နာကြည်းမှုနဲ့ ၀မ်းနည်းမှုတွေကို ငြိမ်းချမ်းမှုဆီကို ပြောင်းလဲပြီး နောက်အနာဂတ်မှာလည်း ကူညီကယ်ဆယ်မှုတွေကို ကျွန်တော်တတ်နိုင်သမျှ အကောင်းဆုံးလုပ်မယ်လို့ ကတိပြုပါတယ်။ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။

ဒီစကားလုံးတွေက ဒေါက်တာ Nakamura ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ဘဝရှင်သန်မှုပုံစံကို ဖော်ပြနေပါတယ်။

 

“အသက်အန္တရာယ်ရှိတာတောင် ဘာကြောင့် ဒီလိုလုပ်ဆောင်မှုတွေကို ဆက်လုပ်နေတာလဲ”လို့ မေးချင်တဲ့သူတွေအတွက် ဒေါက်တာ Nakamura က မသေဆုံးမီ ဒီလို ဖြေကြားသွားခဲ့ပါတယ်။

 

 “ရေနစ်နေတဲ့ကလေးကို ကယ်တင်ဖို့ ပင်လယ်ထဲခုန်ဆင်းပြီး သေဆုံးသွားတဲ့ မိဘကို ဘယ်သူကများအပြစ်တင်မှာလဲ

 

ဒီလိုမျိုး ဒေါက်တာ Nakamura ဟာ ဒုက္ခရောက်နေတဲ့လူရှိသရွေ့ အဲ့ဒီနေရာမှာ နေပြီးကူညီဖို့ ရွေးချယ်ခဲ့ပါတယ်။

အသက်အန္တရာယ်ရှိနေရင်တောင် ဒုက္ခရောက်နေတဲ့သူကို ကယ်တင်ချင်ခဲ့တဲ့သူ့ရဲ့ စိတ်ထားကတော့ အလွန်ချီးကျူးဂုဏ်ယူစရာပါ။

https://www.google.com/url?sa=i&source=images&cd=&ved=

ဒီလိုကိုယ်ကျိုးစွန့်ပြီး အများပြည်သူအတွက် အလုပ်တွေလုပ်ဆောင်ခဲ့တဲ့ ဒေါက်တာ Nakamura အတွက် ဆုတောင်းပေးရင်း သင်ကိုယ်သင် ဒီလိုပြန်မေးကြည့်ပါ။

သင်ရော အသက်အန္တရာယ်ရှိနေရင်တောင် မဖြစ်မနေအောင်မြင်အောင်လုပ်ချင်တဲ့ အရာများ ရှိလား

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: