ဂိမ်းတွေဟာ ဂျပန်ယဥ်ကျေးမှုကို ကိုယ်စားပြုတဲ့အနေနဲ့ သတ်မှတ်တဲ့ခေတ်ကို ရောက်လာ !
စာဖတ်သူတို့ရေ Cultural distinguished service awardဆိုတာဘာလဲသိပါသလား ? ?
Cultural distinguished service award ဆိုတာက ယဥ်ကျေးမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး ပြောင်မြောက်တဲ့ရလဒ်တွေ ကျန်ရှိစေတဲ့ပုဂ္ဂိုလ်ကို ဆုချီးမြှင့်ပေးတာဖြစ်ပါတယ်။
၁၉၅၁ ခုနှစ်ကနေစတင်ခဲ့ပြီး နှစ်စဥ်နှစ်တိုင်း ၁၅ ယောက်လောက်ကို ဒီလိုဆုမျိုးပေးခဲ့တာဖြစ်ပါတယ်။
ဒီဘွဲ့ကိုခန့်အပ်ခြင်းခံရတဲ့ပုဂ္ဂိုလ်ဟာ အမျိုးမျိုးသောအခန်းကဏ္ဍမှာ ကျွမ်းကျင်သူဖြစ်ပြီး ဝတ္ထုရေးဆရာ၊ သရုပ်ဆောင်၊ ဘဲလေးအက စတာတွေအပြင် အရှေ့တောင်အာရှသုတေသနနယ်ပယ်မှာလည်း လေ့လာဆုံးဖြတ်ခြင်း ခံရတဲ့သူတွေလည်းရှိပါတယ်။
ဂျပန်အစိုးရဟာ ၂၀၁၉ ခုနှစ်ရဲ့ ယဥ်ကျေးမှုကိုဖော်ဆောင်ပေးတဲ့ပုဂ္ဂိုလ်ကို ဖော်ထုတ်ပေးလိုက်ပါပြီ။
ဗီဒီယိုတည်ဖြတ်ဖန်တီးမှုပညာရှင်၊ ဒီဇိုင်နာကြီးစတဲ့အချက်တွေနဲ့ နာမည်ကြီးတဲ့အနုပညာရှင်တွေကို ရွေးချယ်ခဲ့ပါတယ်။
ဒီထဲမှာ အံ့ဩစရာကောင်းတာက ဂိမ်းနဲ့ကမ္ဘာတစ်ဝှမ်းလုံးမှာနာမည်ကြီး Nintendo ၏ကိုယ်စားလှယ်ဒါရိုက်တာ Miyamoto shigeru ကို ယဥ်ကျေးမှုဖော်ထုတ်ပေးသူအဖြစ်နဲ့ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
https://www.gamespark.jp/article/2019/10/29/94173.html
https://images.app.goo.gl/cHKrfwh8JeLbtP7g8
Nintendo ရဲ့ ဂိမ်းတွေကိုကြိုက်နှစ်သက်တဲ့သူတွေဆိုရင်တော့ မသိဘဲမနေတဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
Nintendo လို့ပြောရမယ်ဆိုရင် .. ?
ဟုတ်ပါတယ်။ Super Mario ပါ။
https://images.app.goo.gl/ka8fjUZj4n96Jxp89
Miyamoto ဟာ Nintendo ရဲ့လူသားဂိမ်း “ စူပါမာရီယို” ရဲ့ ဖန်တီးမွေးထုတ်ပေးတဲ့ ဖခင်ကြီးအနေနဲ့ ဂိမ်းကို ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားစေတဲ့ ဂျပန်ယဥ်ကျေးမှုကိုယ်စားပြုအနေနဲ့ ဖွံ့ဖြိုးတိုးတက်စေတယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ဘာလို့ ဂိမ်းလောကကနေ ယဥ်ကျေးမှုဖော်ထုတ်ပေးတဲ့ပုဂ္ဂိုလ်အနေနဲ့ ချီးမြှောက်ခြင်းခဲ့တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ယဥ်ကျေးမှုဖော်ထုတ်ပေးတဲ့ပုဂ္ဂိုလ်အနေနဲ့ ရွေးချယ်ခံရတာနဲ့ပတ်သက်ပြီး Miyamoto ဟာ “ ဂိမ်းအမျိုးအစားကို စိတ်ဝင်စားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တစ်ယောက်တည်း လုပ်ဆောင်နိုင်ခဲ့တာမဟုတ်လို့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ” လို့ပြောခဲ့ပါတယ်။
Nintendo မှာ Super Mario အပြင် “ The Legend of Zelda” စတဲ့ နာမည်ကြီးဂိမ်းတွေတော်တော်များများကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာရေပန်းစားနေတာကို ဖန်တီးတာမျိုးမဟုတ်ဘဲ “ ကိုယ်စိတ်ဝင်စားတာတယ်လို့ ထင်တာကို ဖန်တီးတယ်” ဆိုတာက ကမ္ဘာကျော်တဲ့ဂိမ်းတွေဖန်တီးနိုင်ရတဲ့ လျို့ဝှက်ချက်လို့ဆိုပါတယ်။
https://images.app.goo.gl/Xcd8vtRQL2ouheng7
Miyamoto ဟာ အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး ခုချိန်မှာလည်း ကိုယ်စားလှယ်ဒါရိုက်တာအဖွဲ့ဝင်အနေနဲ့ Nintendo ရဲ့ဂိမ်းဖန်တီးမှုအားလုံးကို တာဝန်ယူဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။
“မကြာခင်မှာအနားယူတော့မလား .. ဆိုတာကိုမပြောဘဲ အသစ်အသစ်တွေကို အားသွန်ခွန်စိုက်ဆက်လက်လုပ်ဆောင်သွားပါမယ်။ ကမ္ဘာပေါ်ကလူတွေကို အပြုံးလေးတွေ ဖော်ဆောင်ပေးချင်တယ် “ လို့ Miyamoto က ပြောပါတယ်။
ဂိမ်းက ဂျပန်နိုင်ငံရဲ့ယဥ်ကျေးမှုကိုကိုယ်စားပြုတဲ့အနေနဲ့ အလေးအနက်ထားခံခဲ့ရပြီး အရမ်းကိုတန်ဖိုးထားတဲ့ခေတ်ကို ရောက်လာတာဟာ တော်တော်လေးကိုပျော်စရာကောင်းတဲ့ ကိစ္စလို့ဆိုရပါမယ်။
ဂိမ်းကိုကြိုက်နှစ်သက်တဲ့သူတို့ရေ ဂိမ်ချည်းပဲဆော့နေလို့ မိဘတွေက “ ဂိမ်းချည်းပဲဆော့မနေနဲ့ စာလေးဘာလေးလည်းလုပ်ဦး “ လို့အပြောခံရဖူးတယ်ဟုတ် ?
ဒီတော့ ဒီနေ့ကနေစပြီး အပြောခံရရင် “ဂိမ်းဆော့နေတာမဟုတ်ဘူး၊ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုတွေကို လေ့လာနေတာပါ” လို့ပြောပြလိုက်နော် …
Yuuki