မြန်မာနိုင်ငံမှာ ပထမဦးဆုံး CrowdFunding Event ကျင်းပမယ် !

Crowdfunding ဆိုတာက ပရောဂျက် တစ်ခုခုကိုလုပ်ဆောင်နေရင်း ပရောဂျက်ရန်ပုံငွေကြောင့် ဒုက္ခရောက်နေတဲ့သူကို ကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒီလိုရန်ပုံငွေထောက်ပံ့ပေးတဲ့သူကလည်း အကျိုးအမြတ်တွေကို ပြန်လည်ခံစားခွင့်ရှိပါတယ်။

နောက်ပြီး Crowdfunding က ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့မတူဘဲ ကိုယ်ကြိုက်တဲ့ပမာဏကို ထောက်ပံ့ပေးလို့ရပါတယ်။

ဒီတစ်ခေါက်ကျင်းပမယ့်ပွဲမှာတော့ ဂျပန်လူမျိုးနှစ်ယောက်နဲ့ မြန်မာလူမျိုးနှစ်ယောက်တို့က Crowdfunding နဲ့ပက်သပ်ပြီး တင်ပြပေးသွားမှာဖြစ်ပြီး တက်ရောက်လာတဲ့သူတွေက ထောက်ပံ့ချင်တဲ့ပရောဂျက်မှာ ထောက်ပံ့ပေးလို့ရမှာဖြစ်ပါတယ်။ နောက်ပြီး ဒီပွဲကို ထောက်ပံ့ပေးနိုင်တဲ့သူတွေမဟုတ်ရင်လည်း တက်ရောက်လို့ရပါတယ်။

မြန်မာနိုင်ငံမှာရှေးကတည်းက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကြောင့်စေတီပန်းထိုးများတည်ခြင်း၊ အလှူအတန်းများကို ရက်ရက်ရောရောလုပ်ဆောင်ကြပါတယ်။ ဗုဒ္ဓဘာသာယဥ်ကျေးမှုကြောင့် မြန်မာနိုင်ငံဟာ အလှူဒါနစနစ် ထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာ့အလှူအဆင့်အမြင့်ဆုံး(World Giving Index)လို့လည်းပြောလို့ရပါတယ်။

ဒီပွဲက မြန်မာနိုင်ငံမှာကျင်းပတဲ့ ပထမဦးဆုံး crowdfunding event ဖြစ်ပါတယ်။

ဒါပေမဲ့ အခက်အခဲတွေများနေတဲ့လူတွေကို ကူညီတာဟာ မြန်မာနိုင်ငံရဲ့လှူဒါန်းတဲ့ဓလေ့နဲ့ တကယ်ပဲကိုက်ညီတာကြောင့် ဒီလိုပွဲတွေပိုပြီးများလာလိမ့်မယ်ထင်ပါတယ်။ ဒီရန်ပုံငွေပွဲကို လာရောက်ခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Register Link :
https://docs.google.com/forms/d/1NDa0WKEtfkg7Ma4OPG1Au0FQn4Q9RH00hqbOyC9MrPU/viewform?edit_requested=true

အသေးစိတ်ကြည့်ရှု့ရန်
https://www.facebook.com/suseeyarcrowdfunding/

နေ့စွဲ ။   ။30.11.19

အချိန်။  ။18:00〜21:00

နေရာ။   ။ Seinn Lann So Pyaygarden

ဝင်ကြေးအခမဲ့ ( အဆာပြေစားစရာမုန့်များကိုလည်း တည်ခင်းဧည့်ခံသွားမည် )

Satoshi Nagai

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: