ကမ္ဘာ့သမိုင်းအမွေအနှစ် ရှုရီရဲတိုက်ကြီး မီးလောင်မှုဖြစ်ပွား

ကမ္ဘာ့သမိုင်းအမွေအနှစ် UNESCO စာရင်းဝင် ရှုရီရဲတိုက်ကြီး မီးလောင်ကျွမ်းမှုဖြစ်ပွား

ရူရီနန်းတော်က UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်တစ်ခုပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်းအိုခီနာဝါမှာ ရှိပါတယ်။ မီးလောင်မှုကတော့ ယနေ့ ၃၁ ရက်နေ့မနက်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

https://www.japanbullet.com/images/2019/10/9963612155db9f6ca07a8a7.16538261.jpg

မီးသတ်ကားများ ကတော့အနီးအနားကို တစ်ဟုန်ထိုးရောက်ရှိလာနေပါတယ်။

ရှူရီ ရဲတိုက်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ကျော်လောက်က ရူကျူးမင်းဆက်မှ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိရဲတိုက်ကြီးမှာ ၁၉၉၂ ခုနှစ်မှာ မူလတည်ဆောက်ခဲ့စဥ်က ပုံများကို အခြေခံပြီး ပြန်လည်ပြုပြင်ထားတာလည်းဖြစ်ပါတယ်။

နာရမြို့မီးသတ်ဌာနက ယနေ့ (အောက်တိုဘာ ၃၁ရက်) နံနက် ၂နာရီ ၄၀မိနစ် ဂျပန်စံတော်ချိန်မှာ စတင်လောင်ကျွမ်းခဲ့ကြောင်း အရေးပေါ်သတင်းပေးခဲ့တာပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ပင်မအဆောင်ကနေ မီးစတင်လောင်တာဖြစ်ပြီး တခြားအဓိကနေရာတွေကို အလျင်အမြန် မီးကူးသွားတာပါ မီးသတ်သမားတွေလည်း အပြင်းအထန် ငြိမ်းသတ်နေကြပါတယ်” ဟုလည်း ရဲတပ်ဖွဲ့ မှပြောခဲ့ပါတယ်။

https://youtu.be/2eGJ8wNrhqk

ထိခိုက်ဒဏ်ရာရရှိမှုနဲ့ပက်သက်ပြီး အခုထိ သတင်းအတိအကျ မသိရသေးဘူးလို့ အိုခီနာဝါရဲတပ်ဖွဲ့မှ ပြောဆိုခဲ့ပါသည်။

“ဘာကြောင့်မီးစတင်လောင်ရတယ်ဆိုတာလည်း သတင်းအတိအကျ ပြောလို့မရသေးပါဘူး“ လို့လည်း ရဲတပ်ဖွဲ့ကပြောပါတယ်။

မူလအတိုင်းကြွင်းကျန်ရှိခဲ့တဲ့ ရှုရီရဲတိုက်မှာ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး အိုခီနာဝါမှာရှိတဲ့ ရူကျူးမင်းဆက်တည်ဆောက်ခဲ့တဲ့ အခြားရဲတိုက်များနဲ့ကပ်လျက်တည်ရှိနေတာပဲဖြစ်ပါတယ်။

Khaing Thazin Naing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: