အားကျမိတဲ့ ဂျပန်နိုင်ငံရဲ့ သတင်းလေးတစ်ပုဒ်
ဂျပန်နိုင်ငံမှာ အသက် ၃ နှစ်ကနေ ၅ နှစ်အထိ ကလေးတွေကို မူကြိုကျောင်းတွေနဲ့ ကလေးထိန်းကျောင်းတွေက အခမဲ့ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ သင်ကြားမှုတွေပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။
https://nhkeasier.com/media/jpg
ဂျပန်နိုင်ငံမှာ ယခုလ (2019 October) လကစတင်ပြီး အခွန်ငွေကို 8% ကနေ 10% အဖြစ်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ ဒါကတော့ သိပ်မကောင်းတဲ့ သတင်းဆိုပေမယ့် နောက်ဆက်တွဲ သတင်းလေးက ကျေနပ်ပီတိဖြစ်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တိုးမြှင့်ကောက်ခံလို့ ရလာတဲ့ငွေအချို့ကို ကလေးငယ်တွေအတွက် ပြန်လည်အသုံးပြုပေးမှာ ဖြစ်လို့ပါ။ ဂျပန်အစိုးရဟာ ကလေးငယ်အားလုံး မူကြိုကျောင်းနဲ့ ကလေးထိန်းကျောင်းတွေတက်ရောက်နိုင်အောင် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ အသက် ၃ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေအားလုံးတက်ရောက်နိုင်ပြီး မွေးစမှ အသက် ၂ နှစ်အရွယ်ကလေးငယ်တွေဆိုရင်တော့ဝင်ငွေနည်းတဲ့ အိမ်ထောင်စုတွေက အပ်နှံခွင့်ရမှာဖြစ်ပါတယ်။
နာမည်ကြီးမူကြိုတွေနဲ့ မြို့နယ်၊ ခရိုင်တွေက အသိအမှတ်မပြုထားခြင်းမရှိတဲ့ ကလေးထိန်းကျောင်းတွေမှာတော့
အခမဲ့အပ်နှံလို့မရပေမယ့် သတ်မှတ်ထားတဲ့ငွေပမာဏကိုတော့ အစိုးရကပြန်လည် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
ကလေးထိန်းကျောင်းမှာ အခမဲ့အပ်နှံခွင့်ရတဲ့အတွက် ပြည်သူတွေဟာ အရမ်းဝမ်းသာကျေနပ်နေကြပါတယ်။ ဒါပေမယ့် အပ်ချင်တဲ့သူတွေ အရမ်းကိုများပြားနေတာကြောင့် မိဘတွေကလည်း မိမိရဲ့ကလေး အပ်ခွင့်မရလိုက်မှာကို စိုးရိမ်နေကြပါတယ်။
ဂျပန်နိုင်ငံဟာ ကလေးငယ်ဦးရေနည်းပါးလာတဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်ကျဆင်းမှု ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျပန်အစိုးရအနေနဲ့လည်း ဒီပြသနာကိုဖြေရှင်းတဲ့ စီမံချက်တစ်ခုဖြစ်မယ်လို့ ယူဆပါတယ်။
ကဲ JAPO စာဖတ်ပရိသတ်ကြီးလည်း ဒီသတင်းကောင်းလေးကို ဂျပန်နိုင်ငံသားတွေနဲ့ ထပ်တူထပ်မျှ ဝမ်းသာပျော်ရွှင်လိုက်ကြရအောင်နော်။
Cherry Khaing