မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ Chiba ခရိုင်

တစ်နေ့က တိုင်ဖွန်မုန်တိုင်း အမှတ် ၁၅ ကြောင့် Chiba ခရိုင်ရဲ့ နေရာတော်တော်များများမှာ မီးရေပြတ်တောက်မှုဖြစ်ပွားခဲ့ပါတယ်။မီးပျက်နေတာကြောင့် ဖုန်းအဆက်အသွယ် လုပ်လို့မရဘူးလို့လည်း သိရပါတယ်။

အရမ်းကိုပူပြင်းနေတဲ့ကြားမှာ အဲယားကွန်းသုံးလို့မရဘဲ ညတွေမှာအရမ်းဒုက္ခရောက်တဲ့လူတွေလည်းများပါတယ်။

အိမ်မှာစားစရာမရှိတော့လို့ အနီးနားက စတိုးဆိုင်နဲ့ ၂၄ နာရီအရောင်းဆိုင်တွေကို သွားပေမယ့်လည်း ဆိုင်ကမုန်းတိုင်းဒဏ်ကြောင့် ပျက်စီးနေပြီး ပစ္စည်းတွေလည်း အကုန်နီးပါးရောင်းကုန်သွားလို့ ပစ္စည်းပျက်နေတာကြောင့် ဘာမှဝယ်လို့မရပါဘူး။

ဒါပေမယ့် အဲ့ဒီအခြေအနေကို တီဗွီမှာ ဖော်ပြခြင်းမရှိဘဲ မသိတဲ့သူတွေက များနေပါတယ်။

အဲ့ဒီအတွက် ဒီလို SNS ပေါ်မှာ လက်ရှိအခြေအနေကို သိအောင်ဖော်ပြဖို့ ဖြန့်ဝေပေးနေတဲ့သူလည်း ရှိပါတယ်။

 “ ကျွန်တော်နေတဲ့ Chiba ခရိုင် Tateyama မြို့မှာ လက်ရှိ ရေမီးပြတ်တောက်နေပါတယ်။ ရေနဲ့ စားစရာလုံးလောက်မှုမရှိဘဲ သက်ကြီးရွယ်အိုတွေလည်းများတာကြောင့် အပူဒဏ်ခံစားနေရတဲ့သူတွေလည်းရှိပါတယ်။ ခေါင်မိုးတွေလည်း ပျက်စီးနေပြီး၊ ကားတွေလည်းပျက်နေလို့ သတင်းပို့ထားတာထက် အခြေအနေပိုဆိုးနေပါတယ်။ လူကြီးမင်းတို့ ကူညီကြပါဦးခင်ဗျား။”

https://twitter.com/Mie_TA0408/status/1171491132892516352

ဒီလိုအခြေအနေကို တတ်နိုင်သလောက် တခြားသူတွေကို ပြောပြပေးတာက မြန်မာနိုင်ငံမှာနေတဲ့ ကျွန်မတို့လည်း တတ်နိုင်မယ့်အရာပဲမဟုတ်ဘူးလား ?

Chiba ခရိုင် ပြန်လည်ကောင်းမွန်လာဖို့အတွက် အတူတူဆုတောင်းပေးကြရအောင်နော်။

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: