Yokohama ခရိုင်တွင် ရထားနဲ့ ကုန်တင်ကား မတော်တဆမှုဖြစ်ပွား

ယနေ့ ၅ ရက်နေ့မနက်ပိုင်း ၁၁ နာရီ၊ မိနစ် ၄၀

တိုကျိုမြို့ Yokohama ခရိုင်မှာ ရထားနဲ့ ကုန်တင်ကားတစ်စီးတို့ မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။

https://youtu.be/GD4VQ3DOHtA

ရဲတပ်ဖွဲ့တွေရဲ့ပြောကြားချက်အရ ထိခိုက်ဒဏ်ရာရရှိသူ ၃၂ ယောက်ရှိပြီး ကုန်တင်ကားမောင်းနှင်သူကတော့ ဒဏ်ရာအပြင်အထန်ရရှိထားတာကြောင့် ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရပါတယ်။

https://www3.nhk.or.jp/news/html

https://www3.nhk.or.jp/news/html

Keikyu ရထားလိုင်းရဲ့ပြောကြားချက်အရ အယောက် ၅၀၀ လောက်စီးနှင်းလိုက်ပါခဲ့ရာ ခရီးသည်အားလုံးရွှေ့ပြောင်းခဲ့ပြီး ကယ်တင်နိုင်ခဲ့လို့ ရထားပေါ်မှာ ကျန်ရစ်တဲ့သူမရှိတော့ဘူးလို့ဆိုပါတယ်။

https://youtu.be/rJshr1YJiqw

အနီးအနားမှာရှိတဲ့သူတွေက မတော်တဆမှုဖြစ်ပွားချိန်မှာ ငလျင်ကဲ့သို့အသံကျယ်ကြီးကို ကြားခဲ့ရတယ်လို့ဆိုပါတယ်။

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: