Saitama ခရိုင်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ရေသဘင်ပွဲတော်

၉ လပိုင်း ၁ရက်နေ့ တနင်္ဂနွေနေ့ Saitama ခရိုင် Tsurugashima မြို့မှာ 「つるがしま水かけ祭り」 Tsurugashima ရေသဘင်ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

အသီးသီးက Saitama ခရိုင် Tsurugashima မြို့မှာ ဘာကြောင့်ရေသဘင်ပွဲတော်ကို ကျင်းပရသလဲ ?

တကယ်တော့ Tsurugashima က ၂၀၂၀ ခုနှစ်တိုကျိုအိုလံပစ်အတွက် မြန်မာနိုင်ငံရဲ့ Host town ဖြစ်ပါတယ်။

Host town ရဲ့ရည်ရွယ်ချက်ကတော့ အိုလံပစ်မှာပါဝင်တဲ့နိုင်ငံ၊ဒေသက လူမှုရေး၊စီးပွားရေး၊ယဥ်ကျေးမှု ဖလှယ်ဖို့အတွက် ဖြစ်ပါတယ်။

အဲ့ဒီမှာ Tsurugashima မြို့မှာ မြန်မာနိုင်ငံရဲ့ ယှဥ်ကျေးမှုတွေကို ဖလှယ်သွားဖို့အတွက် မြန်မာနိုင်ငံသားတွေရဲ့ပွဲတော်တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို ကြုံတွေ့နိုင်ဖို့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Tsurugashima မှာ ဟိုးအရင်ကတည်းကနေ 「脚折雨乞(すねおりあまごい)」 Suneori amagoi ဆိုတဲ့ ရိုးရာအခမ်းအနားတွေရှိပါတယ်။

Amagoi ဆိုတာက မိုးခေါင်ခြင်းဆက်ဖြစ်တဲ့အခါ မိုးရွာဖို့အတွက် မိုးနတ်မင်းဆီမှာ ဆုတောင်းပွဲအခမ်းအနားကို ပြုလုပ်ကြတာဖြစ်ပါတယ်။

မြန်မာလူမျိုးတွေရဲ့ သင်္ကြန်ပွဲနဲ့ အဓိပ္ပာယ်ကွာခြားတယ်ဆိုပေမယ့်  ရေနဲ့ဆက်ဆိုင်တာချင်းတူညီတာကြောင့် ဒီတစ်ချိန်မှာ အဲ့ဒီ၂ ခုလုံးကိုပေါင်းပြီး ရေသဘင်ပွဲကို ကျင်းပကြတာဖြစ်ပါတယ်။

လာရောက်စုဝေးကြတဲ့ ဒေသခံတွေနဲ့ မြန်မာလူမျိုးတွေ စုစုပေါင်း အယောက် ၁သောင်း ၆ ထောင်လောက်က သီချင်းတွေကြားမှာ မီးသတ်ကားပေါ်ကရေတွေနဲ့ ကစားလိုက်၊ ရေသနတ်နဲ့ပစ်လိုက်နဲ့ ပျော်ရွှင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ သင်္ကြန်ပွဲတော်နဲ့ အားလုံးနီးပါးတူပါတယ် !

https://youtu.be/U-XNmU2TG7U

နောက်ပြီး ကျင်းပတဲ့နေရာမှာ မြန်မာပညာတော်သင်ကျောင်းသားတွေရဲ့ အကအလှဖျော်ဖြေတဲ့နေရာနဲ့ 流しそうめん Nagashi Soumen လုပ်တဲ့နေရာတွေမှာ ပါဝင်တဲ့သူတွေက ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

https://youtu.be/lqYOPwQFAO8

နိုင်ငံခြားသားတွေရဲ့ယဥ်ကျေးမှုကို ဒီလိုရင်းရင်းနှီးနှီးခံစားနိုင်တဲ့ ပွဲတော်ရှိတာက တော်တော်လေးကိုကောင်းတယ်နော် !

ဒီပွဲကိုလာရောက်ပြီးတဲ့အခါ မြန်မာနိုင်ငံရဲ့ ယဥ်ကျေးမှုအပေါ်မှာ စိတ်ဝင်စားတဲ့သူတွေပိုပြီး တိုးလာမှာမို့ ဝမ်းသာစရာတစ်ခုပဲနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: