က်ိဳတို Animation ကုမၸဏီမီးေလာင္မႈ

၁၈ ရက်နေ့မနက်ပိုင်း ၁၀ နာရီခွဲလောက်မှာ ကျိုတိုမှာရှိတဲ့ ရုပ်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ 「京都アニメーション」Kyoto Animation စတူရီယိုတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

https://dstarnews.com

အနီးအနားမှာနေထိုင်တဲ့သူတွေက အဆောက်အဦရဲ့ပထမထပ်က ပေါက်ကွဲသံကို ကြားလိုက်ရပြီး မီးခိုးတွေအလုံးလိုက်ထွက်လာတယ် လို့ ပြောကြားခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့ရဲ့ပြောကြားချက်အရ အဆောက်အဦ ၃ ထပ်မီးလောင်ကျွမ်းခဲ့ပြီး ဝန်ထမ်း အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၂၀ ဦး ၊ အမျိုးသားအမျိုးသမီးအတိအကျမသိရသူ ၁ ဦး၊ စုစုပေါင်း ၃၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၆ ယောက် ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

https://encrypted-tbn0.gstatic.com

ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ ၄၁ နှစ်အရွယ်ယောက်ျားကြီးတစ်ယောက်ဟာ ကောင်တာရဲ့အနီးနားတစ်ဝိုက်က ကြမ်းပြင်ပေါ်ကို ဓာတ်ဆီတွေလောင်းခဲ့ပြီး သေစမ်း လို့အော်ဟစ်ရင်း မီးနဲ့ရှို့ခဲ့တယ်ဆိုတဲ့ မျက်မြင်သက်သေရှိခဲ့ပါတယ်။

ရဲတွေက အဲ့ဒီတရားခံအမျိုးသားကိုဖမ်းဆီးအရေးယူထားပေမဲ့ ဒဏ်ရာအပြင်းအထန်ရရှိထားတာကြောင့် လက်ရှိမှာတော့ ဆေးရုံကိုလွှဲပြောင်းထားတယ်လို့သိရပါတယ်။

ရဲတွေဟာ အဲ့ဒီအမျိုးသားကို မီးရှို့တဲ့တရားခံအနေနဲ့ ခန့်မှန်းထားပြီး သူကိုမေးမြန်းစစ်ဆေးဖို့အတွက် စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။

သေဆုံးသွားခဲ့တဲ့သူတွေက အယောက် ၃၀ ကျော်တောင်ဆိုတော့ ဒီကိစ္စလောက် ဝမ်းနည်းစရာကောင်းတာ မရှိဘူးလို့ ပြောလို့ရပါတယ်။

https://imgc.eximg.jp0

မီးလောင်မှုလို့မခေါ်ဘဲ လူသတ်မှု ဒါမှမဟုတ် အကြမ်းဖက်မှုလို့ခေါ်ရင်ပိုမှန်ပါလိမ့်မယ်။

မီးရှို့ခဲ့တဲ့အမျိုးသားက အဲ့ဒီကုမ္ပဏီကိုတစ်ခုခုမကျေနပ်တာရှိခဲ့တဲ့ပုံပါပဲ။

Kyoto Animation တစ်နည်းအားဖြင့်「京アニ(きょうあに)」KyoAni လို့ခေါ်တဲ့ စတူရီယိုက ဂျပန်နိုင်ငံမှာတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နာမည်ကြီးတဲ့ Animation တွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။

KyoAni ကို ၁၉၈၁ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး တိုကျိုမြို့မှာ Animation ထုတ်လုပ်တဲ့ကုမ္ပဏီတွေမှာ လုပ်ကိုင်ခဲ့တဲ့သူက ကျိုတိုခရိုင် အူဂျိမြို့မှာ အလုပ်ပြောင်းပြီးစတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

KyoAni ဟာ အလုပ်အကိုင်ကျွမ်းကျင်တယ်လို့ ဂုဏ်သတင်းနဲ့ ကျော်ကြားတဲ့ စတူဒီယိုလုပ်ငန်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

နောက်ပြီး KyoAni ဟာ ဒစ်ဂျစ်တယ်နဲ့ Animation တွေကိုထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီလို့လည်းနာမည်ကြီးပါတယ်။

၂၁ ရာစုရောက်တဲ့အထိ Animation ထုတ်လုပ်တဲ့နည်းလမ်းတွေက ဖလင်ပြားတွေအဖြစ် လက်နဲ့တိုက်ရိုက်ရေးဆွဲသရုပ်ဖော်ခဲ့တယ်ဆိုတဲ့စနစ်က အဓိကဖြစ်ပါတယ်။

Animation ထုတ်လုပ်တာတွေအားလုံးမှာ တကယ်ပုံဖော်ဖို့လိုအပ်တာကြောင့် ဟိုးအရင်တုန်းက တိုကျိုမြို့မှာရှိတဲ့ ကုမ္ပဏီမှာပဲ Animation တွေကိုထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီထဲမှာ KyoAni က Animation တွေကို ဒီဂျစ်တယ်စနစ်နဲ့ အစောဆုံးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ Animation လုပ်ငန်းခွင်တစ်ခုလုံးမှာ ဒီဂျစ်တယ်နဲ့ ဆက်လက်လှုပ်ဆောင်ခဲ့ပြီး အင်တာနက်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာကြောင့် တိုကျိုမြို့ကနေ ဘယ်လောက်ဝေးတဲ့နေရာမှာပဲဖြစ်ဖြစ် Animation တွေကို ထုတ်လုပ်နိုင်လာခဲ့ပါတယ်။

KyoAni က ဒီဂျစ်တယ် Animation တွေကို ထုတ်လုပ်ရင်း တခြားနေရာတွေကို တိုးချဲ့လာနိုင်တဲ့ Animation ထုတ်လုပ်တဲ့ကုမ္ပဏီလည်းဖြစ်လာခဲ့ပြီး တခြားနေရာတွေမှာပါ အလုပ်လုပ်ဖို့အခွင့်အရေးတွေကို ဖန်တီးပေးပြီး ချိတ်ဆက်ထားခဲ့ပါတယ်။

KyoAni ဟာ နောက်ဆုံးပေါ်နည်းပညာတွေကို ပိုင်ဆိုင်ထားရုံတင်မဟုတ်ဘဲ လူမှု့အဖွဲ့အစည်းမှာလည်း တော်တော်လေးကိုအားကောင်းပါတယ်။

အချိန်ပိုင်းဝန်ထမ်းတွေအများကြီးရှိတဲ့ထဲမှာမှ KyoAni ဟာ ရုံးထဲမှာ အဆင့်မြင့်တဲ့ပညာတွေကို ပိုင်ဆိုင်ထားတဲ့ ဖန်တီးသူတွေအများကြီးကို လေ့ကျင့်ပေးခဲ့တဲ့နောက်ခံရှိပါတယ်။

ဒီလိုလေ့ကျင့်သင်ကြားပေးထားခဲ့တဲ့ ဖန်တီးရှင်တွေက လူကြိုက်များတဲ့လက်ရာတွေကို ဖန်တီးခဲ့ပါတယ်။

Keion စသဖြင့် animation ကို ကြိုက်နှစ်သက်တဲ့သူတွေဆိုရင် တစ်ခါလောက်တော့ ကြားဖူးကြလိမ့်မယ်ထင်ပါတယ်။

အထူးသဖြင့် Keion က Animation ဇာတ်ဝင်သီချင်းတွေထဲမှာမှ အဆင့် ၁ နဲ့ ၂ နေရာကိုယူထားတဲ့အထိ နာမည်ကြီးပါတယ်။

Animation သီချင်းတွေအပေါ် ကမ္ဘာတစ်လွှားကမြင်တဲ့အမြင်ကို ပြောင်းလဲပစ်လိုက်နိုင်တဲ့ အနုပညာလက်ရာမွန်လို့ပြောရင်တောင်လွန်မယ်မထင်ပါဘူး။

Animation ထုတ်လုပ်မှုတွေအတွက် မြင့်မားတဲ့နည်းပညာကို ပိုင်ဆိုင်ထားပြီး လူ့အဖွဲ့အစည်းအတွက် ကူညီထောက်ပံ့ရေးတွေမှာလည်း ပါ၀င်လုပ်ဆောင်လျက်ရှိတဲ့ အားကျအတုယူဖွယ်ရာ ဒီကုမ္ပဏီဟာ ဘာကြောင့်များ အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါလိမ့်။

ဂျပန်နိုင်ငံမှာ Animation ဇာတ်လမ်းတွေကို အဓိကထုတ်လုပ်နေတဲ့ KyoAni ဟာအခုလိုထိတ်လန့်စရာမှုခင်းဖြစ်ပွားခဲ့ရတာကြောင့် ဂျပန်နိုင်ငံတင်မကပဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ Animation လောကဟာ ၀မ်းနည်းဖွယ်ရာအတိနဲ့ ဖုံးလွှမ်းလျှက်ရှိပါတယ်။

အခုလက်ရှိမှာတော့ KyoAni ကိုထောက်ပံ့ပေးဖို့အတွက် လှုပ်ရှားမှုတွေအများအပြားလုပ်ဆောင်လျက်ရှိပါတယ်။

Sentai Filmworks ကတော့ အောက်ပါလူထုရံပုံငွေအစီအစဥ်ကို စတင်နေပါတယ်။

https://www.gofundme.com/f/help-kyoani-heal

ထောက်ပံ့ငွေကို တိုက်ရိုက်ပေးလှူရုံတင်မဟုတ်ပဲ KyoAni ကထုတ်လုပ်တဲ့ Animation ဇာတ်လမ်းတွေကိုကြည့်ရှုခြင်း၊ ကုန်ပစ္စည်းတွေကို၀ယ်ယူခြင်း စတာတွေဟာလည်း အလွန်ကောင်းမွန်တဲ့ ကူညီပံ့ပိုးပေးမှုတွေဖြစ်ပါလိမ့်မယ်။

ကွယ်လွန်သွားသူတွေအတွက်လည်း ကောင်းရာဘုံဘ၀ရောက်ရှိနိုင်ဖို့ဆုတောင်းရင်း တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အား ကူညီထောက်ပံ့ပေးခြင်းဟာ Animation ကိုနှစ်သက်တဲ့ ကျွန်ုပ်တို့တတွေ လုပ်နိုင်တာတွေထဲက 1 ခုလို့ထင်ပါတယ်။

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: