ASEAN-Japan Music Festival 2019

Japan Foundation Asia Center နဲ့ ဗီယက်နမ်နိုင်ငံရဲ့ တီဗွီအစီအစဥ်ဖြစ်တဲ့ (VTV) တို့ပူးပေါင်းပြီး ASEAN-Japan Music Festival 2019 ကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲကို ဂျပန်နိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တွေအပြင် အာဆီယံနိုင်ငံမှာရှိတဲ့ နာမည်ကြီးအဆိုတော်တွေလည်း လာရောက်ပါဝင်ကြမှာဖြစ်ပါတယ်။

နောက်ပြီး ဒီအစီအစဥ်က “ Asia in Resonance 2019” အစီအစဥ်လည်းဖြစ်ပြီး “ ASEAN-Japan Day” အနေနဲ့လည်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီ “ ASEAN-Japan Day” အထိမ်းအမှတ်အနေနဲ့ ကျင်းပမယ့်အကြောင်းကို မနှစ်တုန်းက ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။

https://jfac.jp/en/culture/events

နောက်ပြီး ဒီပွဲမှာပါဝင်သွားမယ့် နာမည်ကြီးအဆိုတော်တွေနဲ့ မိတ်ဆက်ပေးပါမယ်။

အထူးဝမ်းသာစရာတစ်ခုကတော့ မြန်မာနိုင်ငံကိုယ်စားပြုအဆိုတော်အနေနဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင် လည်းပါဝင်သွားမှာဖြစ်ပါတယ်။

https://www.popularmyanmar.com

 

အခြားအဆိုတော်တွေအနေနဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးအဆိုတော် ၃ ဦးလည်း လာရောက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဒီနာမည်ကြီး ဂျပန်အဆိုတော်တွေနဲ့လည်း မိတ်ဆက်ပေးပါမယ်။

EXILE ATSUSHI

http://resources.wimpmusic.com

ATSUSHI ကတော့ ၂၀၀၁ ခုနှစ်ကနေစပြီး EXILE ဆိုတဲ့အဖွဲ့မှာပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေစပြီး တစ်ကိုယ်တော်အဆိုရှင်တစ်ဦးအနေနဲ့ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပထမဆုံး album ဖြစ်တဲ့ “ Solo” ဆိုတဲ့ album ကိုထုတ်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ Asian Artist Star Award ဆုနဲ့  Chinese TV & Entertainment Grand Prize ဖြစ်တဲ့ “ Huading Awards” ဆုကိုရရှိခဲ့ပါတယ်။ နောက်ထပ်နှစ်များမှာလည်း ဆုတွေပိုင်ဆိုင်ထားတဲ့ ဂျပန်နိုင်ငံနာမည်ကြီး ဝါရင့်အဆိုတော်ကြီး တစ်ဦးဖြစ်ပါတယ်။

Kumi Koda

https://aramajapan.com

Kumi Koda ဟာ ၂၀၀၀ ခုနှစ်ကနေ စတင်ခဲ့ပြီး  “ Real Emotion” နဲ့ “ Butterfly” and “ Ai no Uta “  တစ်ရှိန်ထိုးအောင်မြင်လာခဲ့ပြီး အကောင်းဆုံးအယ်လ်ဘမ်အနေနဲ့ ၂ မီလီယံလောက်ရောင်းရခဲ့ပါတယ်။  သူမရဲ့ အကနဲ့အဆိုစွမ်းရည်က တကယ့်ကို အံ့မခန်းပါပဲ။ ဒါ့အပြင် ဖက်ရှင်ပိုင်းမှာလည်း သူမရဲ့ လှုပ်ရှားမှုတွေကတော်တော်လေးကို ကျယ်ပြန့်ပါတယ်။

 

Daichi Miura

https://www.billboard.com

Daichi Miura ကတော့ ၁၉၉၇ ခုနှစ် အသက် ၉ နှစ်အရွယ်ကတည်းကနေ Folder ဆိုတဲ့အဖွဲ့မှာ အဆို၊ အကနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာမှ တစ်ကိုယ်တော်ပွဲထွက်ခဲ့ပြီး သူ့ရဲ့အဆိုစွမ်းရည်နဲ့ အကစွမ်းရည်တွေက လူတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါ့အပြင်  choreographer ၊ တေးရေးအဆိုတော်၊ တူရိယာတီးခပ်မှုမှာလည်း ကျွမ်းကျင်တဲ့အနုပညာရှင်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုကျွမ်းကျင်တာနဲ့အညီ ဆုတွေလည်း အမြောက်အများရခဲ့တယ်ဆိုတာ အသေအချာပါပဲ။

ဒါကြောင့် ဂျပန်နိုင်ငံက အဆိုတော်တွေကလည်း တကယ့်ကိုဝါရင့်အဆိုတော်ကြီးတွေဖြစ်တယ်ဆိုတာကို သိရပါတယ်။

မြန်မာနိုင်ငံက သွားရောက်မယ့်အဆိုတော်ကလည်း တကယ့်ကိုဝါရင့်ပဲလေနော်…

နောက်ပြီး ဗီယက်နမ်နိုင်ငံမှာ ကျင်းပမှာဖြစ်လို့ ဗီယက်နမ်အဆိုတော် ၃ ယောက်ဖြစ်တဲ့ Noo Phuoc၊ Dong Nhi၊ Trong Hieu တို့ပါဝင်သွားမှာဖြစ်ပါတယ်။

နောက်ထပ် အာဆီယံနိုင်ငံအတွင်းမှာရှိတဲ့ ဘရူနိုင်းနိုင်ငံမှ Fakhrul Razi၊ အင်ဒိုနီးရှားနိုင်ငံမှ Andien၊ လာအိုနိုင်ငံမှ Alexandra Bounxouei၊ ထိုင်းနိုင်ငံမှ New Jiew တို့လည်း လာရောက်ဖျော်ဖြေကြမှာဖြစ်ပါတယ်။

https://jfac.jp/assets

ဒီပွဲကို Vietnam-Japan သံအမတ်ကြီးဖြစ်တဲ့ Ryotaro Sugi ကဦးဆောင်စီစဥ်ပြီး Vietnam National Convention Center၊ The Japan Foundation Asia Center ၊ Vietnam Television (VTV) တို့ပူပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

  • ပွဲတော်ကျင်းပမယ့်ရက် –  July 28, 2019 (Sun.)
  • အချိန်                            –  8:00 p.m. – (Vietnam Local Time)
  • နေရာ                             –  Vietnam National Convention Center

ဒီပွဲတော်ကိုကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အာဆီယံနိုင်ငံမှာရှိတဲ့ ခေတ်ပေါ်တေးဂီတတွေ အချင်းချင်းဖလှယ်နိုင်ဖို့နဲ့ အာဆီယံနိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: