စုံထောက်လေး Pikachu

Pikachu ဆိုတာနဲ့ ဂျပန်နိုင်ငံက အရမ်းကိုချစ်စရာကောင်းတဲ့ Pokémon ကာရိုက်တာလေးဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။

ဒီတစ်ခါမှာတော့ Pokémon Detective Pikachu ဆိုတဲ့ ဇာတ်လမ်းလေးကို May လ ၉ ရက်နေ့မှာ ရုံတင်တော့မယ်ဆိုတာ သိပြီးပြီလား?

ဒါကြောင့် အဲ့ဒီအကြောင်းလေးနဲ့ပက်သတ်ပြီးနည်းနည်းပြောပြမယ်နော်….

၂၀၁၆ ခုနှစ်မှာတုန်းက Pokémon fan တွေအရမ်းကိုသဘောကျခဲ့တဲ့ Great Detective Pikachu-The Birth of a New Duo ဆိုတဲ့ ဂိမ်းတစ်မျိုးရှိခဲ့ပါတယ်။

အဲ့ဒီထဲမှာပါတဲ့ Pikachu က စကားကိုအပြည့်အစုံပြောတတ်ပါတယ်။ အောက်ကပုံထဲမှာ ကြည့်လိုက်နော်။

https://nintendoeverything.com/wp-content/uploads/pikachu3/1.jpg

ဒီဂိမ်းကိုထုတ်လုပ်လိုက်ပြီး လအနည်းငယ်အကြာမှာ Warner Brother ကနေ စုံထောက် Pikachu ကို အခြေခံပြီး live-action ရိုက်ကူးမယ်လို့ ကြေငြာခဲ့ပါတယ်။

Pokémon ကုမ္ပဏီရဲ့ Don McGowan က ဦးဆောင်ထားခဲ့ပြီး ဂျပန်ဘက်က Pokémon video game ဒါမှမဟုတ် anime ဖန်တီးတဲ့သူတွေတစ်ယောက်မှမပါပါဘူး။

ဒီဇာတ်လမ်းရဲ့ Pikachu အသံနေရာမှာ Deadpool ထဲမှာပါတဲ့ Ryan Reynolds က အသံသရုပ်ဆောင် ပေးထားတာဖြစ်ပါတယ်။

အဲ့ဒီနောက် ၂ နှစ်ကြာ ဒီဇာတ်ကားအတွက်ပြင်ဆင်ပြီးနောက် Pokémon Detactive Pikachu Live-action ကို မေလ ၉ ရက် ၂၀၁၉ ခုနှစ်မှာ ရုံတင်မယ်လို့ online မှာ Offical trailer ကို ထုတ်လွင့်ခဲ့ပါတယ်။

အဲ့ဒီပထမဦးဆုံး trailer ကိုအောက်က ဗီဒီယိုလေးမှာကြည့်လိုက်နော်။

https://youtu.be/1roy4o4tqQM

ဒီ trailer ထဲမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့အခန်းတွေ တော်တော်များများကိုပြထားပါတယ်။

ပြီးတော့ အရင် Pikachu ဇာတ်ကောင်တွေမှာလည်း ချစ်စရာကောင်းတဲ့ “Pika Pika” ကလွဲပြီး မကြားရပါဘူး။

ဒီ Live-action မှာတော့ Pikachu လေးက စကားတွေအပြည့်အစုံပြောနေတာကို တွေ့ရပါလိမ့်မယ်။

ဒါပေမယ့် အဲ့ဒီဇာတ်ကားထဲမှာပါတဲ့ Tim ဆိုတဲ့ကောင်လေးတစ်ယောက်ထဲ သူစကားပြောတာကို ကြားရတာပါ။ တခြားသူတွေကတော့ ပုံမှန် “Pika Pika”  ကိုကြားရမှာဖြစ်ပါတယ်။

 

နောက်တစ်ခုထူးခြားတာက အရင် Pikachu အသံသရုပ်ဆောင် Ikue Otani ရဲ့အသံနေရာမှာ ဟောလိဝုဒ် သရုပ်ဆောင် Ryan Reynolds ရဲ့အသံကို အစားထိုးထားတာဖြစ်ပါတယ်။

သူဟာ Deadpool မှာသရုပ်ဆောင်ခဲ့တာကြောင့် ကာရိုက်တာချင်း တော်တော်လေးကွာခြားပါတယ်။

အရင် Pikachu တွေတုန်းက ကာတွန်းပုံစံလေးဆိုပေမယ့် ဒီတစ်ခေါက်မှာတော့ အမွေးပွအရုပ်လေးလို အဝါရောင်အမွေးလေးတွေနဲ့ ဖန်တီးထားပါတယ်။

https://sociorocketnewsen.files.wordpress.com/2018/11/pokc3a9mon-detective-pikachu-movie-trailer-surprises-fans-with-first-look-at-live-action-characters-ryan-reynolds-anime-fans-3d-cg-hollywood-voice-fur10.png?w=1024&h=553

 ဒီဗီဒီယိုထဲမှာ Pokémon ထဲကကာရိုက်တာအနေနဲ့ Pikachu ပဲပါတာမဟုတ်ပါဘူး။

https://sociorocketnewsen.files.wordpress.com/2018/11/pokc3a9mon-detective-pikachu-movie-trailer-surprises-fans-with-first-look-at-live-action-characters-ryan-reynolds-anime-fans-3d-cg-hollywood-voice-fur6.png?w=1024&h=554

https://sociorocketnewsen.files.wordpress.com/2018/11/pokc3a9mon-detective-pikachu-movie-trailer-surprises-fans-with-first-look-at-live-action-characters-ryan-reynolds-anime-fans-3d-cg-hollywood-voice-fur2.png?w=1024&h=554

https://sociorocketnewsen.files.wordpress.com/2018/11/pokc3a9mon-detective-pikachu-movie-trailer-surprises-fans-with-first-look-at-live-action-characters-ryan-reynolds-anime-fans-3d-cg-hollywood-voice-fur1.png?w=1024&h=556

မစ္စတာ Mime ကိုလည်း ဟာသလေးနဲ့ trailer ထဲမှာတွေ့လိုက်ရတယ်နော်။

ဒီဇာတ်လမ်းလေးကိုကြည့်ရင်း ချစ်ဖို့ကောင်းတဲ့ Pokémon လေးတွေနဲ့ စုံထောက် Pikachu လေးကို တကယ့်လက်တွေ့ရှိသလို ခံစားရမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးရဲ့အသေးစိတ်ကိုသိချင်ရင်တော့ မနက်ဖြန် မေလ ၉ ရက် Mingalar ရုပ်ရှင်ရုံတွေမှာ ကြည့်လို့ရပါပြီ။

ချစ်စရာကောင်းတဲ့ စုံထောက် Pikachu လေးကိုသွားကြည့်ရဖို့ စိတ်တွေလှုပ်ရှားနေလောက်ပြီ ထင်ပါတယ်။

ဒါကြောင့် အခုကတည်းက သူငယ်ချင်းတွေစုထားပြီး စိတ်ချရအောင် လက်မှတ်တွေ ကြိုဝယ်ထားလိုက် တော့နော်….

ပွဲချိန်တွေသိချင်ရင်တော့ အောက်က Link ထဲမှာဝင်ကြည့်လိုက်နော်

https://www.facebook.com/mingalarcinemas/23hours

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: