ဘာကို ဒီလောက်ထိကြောက်နေတာလဲ?

၂၀၁၉ ခုနှစ် ၂ လပိုင်း ၂၀ ရက်နေ့မှာ ဒီလိုတိုင်စာမျိုးတွေရောက်လာခဲ့ပါတယ်။

 

ကလေးပွေ့ထားပြီး မြို့ထဲကို လမ်းလျှောက်လာခဲ့တဲ့ မိန်းကလေးကို အသက် ၃၀ အရွယ် ယောက်ျားလေးက ကလေးလေးက ချစ်စရာလေးနော် လို့ပြောလိုက်ပါတယ်။ အဲ့ဒီနောက်မှာ မိန်းကလေးဟာ မြန်မြန်ထွက်ပြေးလာခဲ့ပါတယ်။

 

ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်နေလို့လား ကြောက်စရာကောင်းအောင် အသံပြုလိုက်လို့လား ဆိုတာကိုတော့ သတိပြုမိလိုက်ပေမယ့် ……

နောက်ထပ်အများကြီးရှိပါသေးတယ်။

အလယ်တန်းကျောင်းသူလေးဟာ ကားနဲ့အိမ်ပြန်တဲ့အခါမှာ ကားစီးနေရင်နဲ့ နောက်ကနေ ကောင်လေးတစ်ယောက်ပါလာခဲ့ပါတယ်။နောက်တော့ ကောင်မလေးကို လိုက်မှီပြီးအနားရောက်လာပါတယ်။

ဟမ် …. ဒါပုံမှန်ပဲမဟုတ်ဘူးလား ???

မူလတန်းကလေးလေး ၇ ယောက်အတူတူကစားနေတဲ့အချိန်မှာ ယောက်ျားလေးတစ်ယောက်ဟာ အနားကိုလာပြီး “ဒီလိုနေရာမှာ ကစားလို့မရဘူးလေ “ဆိုတဲ့ ကြောက်စရာအသံနဲ့ ပြောခဲ့ပါတယ်။

ဘာများမှားလို့လဲဆိုတာတော့ သေချာမသိပါဘူး။

အရပ် ၅ ပေ ၂ လက်မလောက်ရှိပြီး နည်းနည်းဝတဲ့ယောက်ျားလေးတစ်ယောက်က ကားပြာလေးကို မောင်းနှင်လာခဲ့ပါတယ်။

နည်းနည်းဝတာနဲ့ ကားမောင်းလို့မရဘူးလား ? ? ?

ဒါတွေဟာ တကယ့်လက်တွေ့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မကောင်းတဲ့သူတွေပိုပိုပြီးများလာတာကြောင့် သတိမထားလို့မရဘူးဆိုတာကိုသိပေမယ့် တော်ရုံထက် ပိုလွန်းမနေဘူးလား ?

စာရေးသူလည်း ရထားဘူတာမှာ ထူးဆန်းတာကိုကြုံတွေ့ခဲ့ဖူးပါတယ်။

ကလေးကိုတွန်းလှည်းထဲထည့်ပြီးတော့ အမေတစ်ယောက်ထဲတွန်းလာပြီး အောက်ချဖို့လုပ်နေတာကို “ကူညီရမလား” လို့မေးလိုက်တဲ့အခါမှာ ရပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

စာရေးသူကပဲ သံသယဝင်စရာရုပ်ပေါက်နေလို့များလား……..

ဒီလိုမျိုးကို ကြုံတွေ့ခဲ့ရဖူးလို့ နောက်တစ်ခါမသိတဲ့သူဆိုရင်မကူညီတော့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကူညီမှာကို ဘာကြောင့်လန့်နေကြရတာလဲဆိုတာ နားမလည်နိုင်ပါဘူး။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: