ထူးဆန်းတဲ့ ခိုးယူမှု

တိုကျိုမြို့ အဓချိခုမှာရှိတဲ့ စားသောက်ကုန်လုပ်ငန်းမှာ ဖောက်ထွင်းမှုတွေဖြစ်ပွားခဲ့ပါတယ်။

ပိုက်ဆံတွေ၊ ကုန်ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေစတဲ့အဖိုးတန်ပစ္စည်းတွေကို ခိုးယူခဲ့တာမဟုတ်ပါဘူး။ အလုပ်လုပ်ရင်စီးတဲ့ ရာဘာဖိနပ်ရှည်ကို ခိုးယူသွားခဲ့တာဖြစ်ပါတယ်။

https://www.cainz.com/shop/goods/search.aspx?category=461216&search.x=x&ps=10&sort=sp

 

ဒါတောင် ဖိနပ်အသစ်မဟုတ်ဘဲ စီးပြီးသားအဟောင်းတွေကို ခိုးယူခဲ့တာဖြစ်ပါတယ်။

သံသယရှိတဲ့ တရားခံဟာ မနက် ၄ နာရီလောက်မှာ ကြက်သားထုတ်တဲ့ကုမ္ပဏီနားကိုလာပြီး ဖိနပ်ရှည် ၂ ရံ ခိုးတာကို ရဲတွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကုမ္ပဏီမှာ မနှစ်က ၁၂ လပိုင်းလောက်ကနေစပြီး ဖိနပ်ရှည်တွေခိုးခံခဲ့ရတာဟာ တဖြည်းဖြည်းနဲ့များလာပြီး ၁၂ ရံလောက်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ဒီလိုဖြစ်ပွားပြီးနောက်မှာ လုံခြုံရေးတွေတင်းကြပ်လိုက်တဲ့အခါ တရားခံဟာ ကုမ္ပဏီကို ကားနဲလာရောက်ပြီးခိုးယူခဲ့တာကြောင့် ရဲတွေတွေ့ပြီး ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့တရားခံဟာ အသက် ၅၃ နှစ်ရှိပါပြီ။

ဖမ်းဆီးရမိပြီး စစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာတော့

အလုပ်လုပ်တဲ့ယောက်ျားလေးစီးဖိနပ်ရှည်ကို ကြိုက်လွန်းလို့ပါလို့ အပြစ်ကိုဝန်ခံခဲ့ပါတယ်။

http://blog.livedoor.jp/dqnplus/archives/1988449.html

လူအများနားမလည်နိုင်လောက် စိတ်ကူးတွေရှိတဲ့သူပဲနော်။

ဒီလိုထူးဆန်းပြီး အူကြောင်ကြောင်နိုင်တဲ့ ပြစ်မှုတွေကိုလည်းရှာဖွေတွေ့ရှိခဲ့ရပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: