ခေတ်သစ်ကို ကြေငြာလိုက်တဲ့ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံမှာ 元号 ( げんごう ) ဂန်းဂိုး ( ခေတ် ) ဆိုတဲ့အသုံးနှုန်းကို အသုံးပြုကြပါတယ်။

တိုင်းပြည်အုပ်ချုပ်တဲ့သူပြောင်းသွားတဲ့အခါ ဂန်းဂို ( ခေတ်သစ် ) အနေနဲ့သတ်မှတ်ပါတယ်။

ယခုလက်ရှိရောက်ရှိရောက်နေတဲ့ခေတ်ဟာ 平成 ( Heisei ) ခေတ်ဖြစ်ပြီး ၊ ဒီခေတ်မတိုင်ခင်တုန်းကတော့ ( Showa ) ခေတ်ဖြစ်ပါတယ်။

နောက်ပြီး လက်ရှိမှာ အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်ဟာ အပြီးအပိုင်နုတ်ထွက်အနားယူခဲ့ပြီး ဂန်းဂို ဆိုတဲ့စကားလုံးအတိုင်း ခေတ်သစ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ခေတ်သစ်ရဲ့နာမည်ကတော့ “令和”(れいわ) ရဲဝ လို့ခေါ်ပါတယ်။

လက်ရှိနိုင်ငံတွေတော်တော်များများမှာအသုံးပြုနေကြတဲ့ ခရစ်နှစ်သက္ကရာဇ်၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ တိုင်းပြည်တွေအားလုံံးမှာ အသုံးပြုနေကြတဲ့ ဗုဒ္ဓဘာသာသက္ကရာဇ်၊ အစ္စလာမ်တွေမှာလည်း ကိုယ်ပိုင်ပြက္ခဒိန်တွေ ပိုင်ဆိုင်ထားပြီး ပြက္ခဒိန်ထဲက နှစ်လရက်တွေပြောင်းလဲသွားတာကိုလိုက်ပြီးခေတ်ပြောင်းလဲခဲ့တာမဟုတ်ပါဘူး။  တိုင်းပြည်ရဲ့ အုပ်ချုပ်သူပြောင်းလဲသွားမှ ခေတ်သစ်ကိုရောက်ရှိလာတယ်လို့ ခေတ်စနစ်ကိုအသုံးပြုနေသေးတာဟာ ဂျပန်တစ်နိုင်ငံတည်းရှိပါတယ်။

ဒါနဲ့ ဘယ်လိုခေတ်တွေ သမိုင်းမှာကျန်ရှိခဲ့လဲဆိုတာကို သိပါသလား ?

စစချင်း ၂ ရာစုရဲ့ တရုတ်နိုင်ငံဘုရင်ကနေ ဂန်းဂိုးလို့ခေါ်တဲ့ ခေတ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့သက်ရောက်မှုက ကိုးရီးယားကျွန်းဆွယ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တူညီတဲ့ကာလအတွင်း ကျယ်ပြန့်လာခဲ့ပြီး ဂျပန်နိုင်ငံကိုလည်းဝင်ရောက်လာခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ 645 ခုနှစ်မှာ ပြဌာန်းမှာစခဲ့တဲ့ “大化”(たいか)ဒိုင်းကလို့ခေါ်တဲ့ခေတ်ဟာ ပထမဦးဆုံးဖြစ်ပါတယ်။

အဲ့ဒီတုန်းက ဘုရင်အိမ်တော်ရဲ့ ပြဿနာတွေလည်းရှိတာကြောင့် ဘုရင်ရာထူးကိုလွှဲပြောင်းခဲ့ပြီး ၇၀၁ ခုနှစ်မှာပြန်လည်သတ်မှတ်ခဲ့တာကတော့ “大宝”(たいほう)တိုင်းဟိုးခေတ်ဖြစ်ခဲ့ပြီး အဲ့ဒီခေတ်ကနေ ရပ်နားခြင်းတွေမရှိခဲ့ဘဲ ဒီခေတ်ဟာကြာရှည်တည်တံ့ခဲ့ပါတယ်။

အဲ့ဒီခေတ်အပြီး ၁၃၀၀ ခုနှစ်ကျော်လောက်ကနေ ခေတ်အဆက်ဆက်ကျော်လွန်ခဲ့ပြီး လက်ရှိ 平成 ( Heisei ) ခေတ်ဟာ ၂၄၇ ကြိမ်မြောက်ဖြစ်ပါတယ်။

ဘယ်လိုဆုံးဖြတ်ခဲ့လဲဆိုတာဟာ တစ်ချိန်တုန်းက ပညာရှင်တွေစုစည်းပြီး အဲ့ဒီခေတ်တုန်းက အတွေးအခေါ်နဲ့ မျှော်လင့်ချက်တွေကို ထည့်သွင်းစဥ်စားပေးခဲ့တဲ့နာမည်ဖြစ်ပါတယ်။

ယခုခေတ်သစ်ကို ကြေငြာပြီးတဲ့အချိန်အထိ လျို့ဝှက်ထားခဲ့ပြီး တကယ်လို့ အပြင်ကိုပေါက်ကြားသွားခဲ့မယ်ဆိုရင် တခြားခေတ်နာမည်တစ်မျိုးကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။

တကယ်တော့平成 ( Heisei ) ခေတ် မတိုင်ခင်ခေတ်ဟာ 昭和 ( Showa ) ခေတ်ဖြစ်ရမှာဖြစ်ပါတယ်။

ဒါကိုမကြေငြာခင်မှာပေါက်ကြားသွားခဲ့တာကြောင့် 昭和 ( Showa )ခေတ်ကနေ 平成 ( Heisei ) ခေတ်လို့ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

သေသေချာချာ လျို့ဝှက်ထိန်းသိမ်းထားဖို့အတွက် ပြက္ခဒိန်တွေနဲ့ အစိုးရုံးတွေကိုအသုံးပြုပြီး စာရွက်စာတမ်းအသစ်တွေနဲ့ ခေတ်သစ်ကို ပြောင်းလဲခဲ့ဖို့အတွက် ကြိုတင်မပြင်ဆင်နိုင်ခဲ့ပါဘူး။

ဒါကြောင့် အဲ့ဒီအချိန်ကနေစပြီး မပေါက်ကြားအောင် သေချာပြင်ဆင်ထိန်းသိမ်းခဲ့တာ အခုအချိန်အထိပါပဲ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: