Myanmar Language Test ရှိတာကို သိပါသလား ?

စာဖတ်သူတို့ရေ မကြာသေးခင်က မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် မြန်မာစာစာမေးပွဲကျင်းပခဲ့တာကို သိပါသလား ?

အဲ့ဒီစာမေးပွဲရဲ့နာမည်ကတော့ MLT(Myanmar Language Test)ပဲဖြစ်ပါတယ်။

2015 ခုနှစ်ကနေ စတင်စစ်ဆေးခဲ့ပြီး မြန်မာစာလေ့လာနေတဲ့ နိုင်ငံခြားသားတွေအတွက်ရည်ရွယ်ပြီး မြန်မာစာအရည်အချင်းတိုင်းတာတဲ့ တစ်ခုတည်းသော အရည်အချင်းစစ်စာမေးပွဲဖြစ်ပါတယ်။

 

တိုကျိုစာစစ်ဌာနမှဖြေဆိုသူများ

2 လပိုင်း ၂၄ ရက်နေ့မှာ ၁၀ ကြိမ်မြောက်အရည်အချင်းစစ်စာမေးပွဲကို ကျင်းပခဲ့ပါတယ်။

လက်ရှိ ၁ နှစ်ကို ၂ ကြိမ် မြန်မာနိုင်ငံ ရန်ကုန်မြို့ ၊ ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ အိုဆာကာမြို့ ဆိုတဲ့နေရာ ၃ နေရာမှာ ကျင်းပလျက်ရှိပါတယ်။ နိုင်ငံပေါင်း ၁၄၀ ကနေ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ မြန်မာစာအရည်အချင်းစစ်စာမေးပွဲ လာရောက်‌ဖြေဆိုတဲ့သူတွေထဲမှာ ဂျပန်လူမျိုး မြန်မာအဆိုရှင် SUWA JUNKO San လည်းလာရောက်ဖြေဆိုခဲ့ပါတယ်။

SUWA JUNKO San တိုကျိုစာစစ်ဌာနမှာ MB Level ကိုဖြေဆိုခဲ့ပါတယ်။

ဒီစာမေးပွဲကို Level ၅ ခု ခွဲခြားထားပါတယ်။

MB       တတ်မြောက်ရမည့်စကားလုံးအရေအတွက် အလုံး ၂၀၀ နဲ့ ၃၀၀ ကြား နေ့စဥ်သုံးစကားလုံးတွေထဲက အခြေခံစကားလုံး ၊ သဒ္ဒါ ၊ စကားပြော ကိုနားလည်တတ်မြောက်တဲ့ Level ၊

M1       တတ်မြောက်ရမည့်စကားလုံးအရေအတွက် အလုံး ၅၀၀ နဲ့ ၇၀၀ ကြား စကားလုံးတွေနဲ့ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို ဖော်ပြနိုင်တဲ့ အနည်းဆုံးလိုအပ်တဲ့ စကားလုံး ၊ သဒ္ဒါ ၊ စကားပြော ကိုနားလည်တတ်မြောက်တဲ့ Level၊

M2       တတ်မြောက်ရမည့်စကားလုံးအရေအတွက် ၁၂၀၀ နဲ့ ၁၄၀၀ ကြား နေ့စဥ်သုံးစကားလုံးတွေကို ချောချောမွေ့မွေ့ ပြောဆိုဆက်သွယ်နိုင်ပြီး လွယ်ကူတဲ့ စာကြောင်းတွေကို ဖတ်နိုင်တဲ့ Level၊

M3    တတ်မြောက်ရမည့်စကားလုံးအရေအတွက် ၂၅၀၀ နဲ့ ၂၇၀၀ ကြား မြန်မာလူမျိုးတွေနဲ့ သက်တောင့်သက်သာ ပြောဆိုဆက်သွယ်နိုင်ပြီး အနည်းငယ်ရှည်တဲ့ စာကြောင်းတွေကို နားလည်တတ်မြောက်တဲ့ Level၊

M4       တတ်မြောက်ရမည့်စကားလုံးအရေအတွက် ၅၀၀၀ စီးပွားရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေနဲ့ အတူလုပ်ကိုင်နိုင်တဲ့ စာကြောင်းရှည် ( ဝတ္ထု၊ သတင်းစာ  အစရှိသဖြင့် ) ကိုဖတ်နိုင်တဲ့ Level၊

အသေးစိတ်ကိုသိရှိချင်တယ်ဆိုရင်တော့ http://www.mlt-myanmar.com/ Website ထဲမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

နောက်ပြီးတော့ ဒီတစ်ကြိမ်မှာ  ( သုညကနေစပြီး တစ်ပတ်ကြာလေ့လာပြီး မြန်မာစာစာမေးပွဲဖြစ်တဲ့ MB Level ဖြေဆိုနိုင်မလား ? ) ဆိုတဲ့ အစီအစဥ်ကို ချမှတ်ခဲ့တဲ့ DAIKI San ကို အခုတစ်ကြိမ်နဲ့ ဖြေဆိုခဲ့တဲ့ စာမေးပွဲနဲ့ ပတ်သပ်ပြီး မေးမြန်းခဲ့ပါသေးတယ်။

 

မေး                       မြန်မာစာကို စပြီးတွေ့လိုက်ရတဲ့အခါမှာ ဘယ်လိုထင်မြင်မိပါသလဲရှင့် ?

DAIKI San            မြန်မာစာကို ပထမဦးဆုံးမြင်တွေ့လိုက်ရတဲ့ ခံစားချက်ကို အခုချိန်ထိ မှတ်မိနေပါသေးတယ်။

စကားလုံးတွေက လုံးလုံး လုံးလုံးနဲ့ မျက်စိလည်ပြီးတောင် မူးလဲတော့မလိုပါပဲ ။ တကယ့်ကို ရှေးဟောင်းအီဂျစ် အရုပ်စာတွေလားလို့တောင်ထင်မိပါတယ်။ တခြားပုံစံနဲ့ ပြောရမယ်ဆိုရင် ဥရောပနိုင်ငံက ဘာသာလို လက်တင်စကားလုံးတွေကို အသုံးပြုထားတဲ့ စကားလုံးတွေရှိမယ်ဆိုရင်တော့ စကားလုံးတွေကိုကြည့်ပြီး အကြမ်းဖျဥ်းနားလည်နိုင်ပေမယ့်လည်း မြန်မာဘာသာစကားလုံးက ဒီတစ်ခေါက်မှစပြီးမြင်ဖူးတဲ့ စကားလုံးတွေဖြစ်နေတဲ့အတွက်ကြောင့် မှတ်သားချင်ခဲ့ပေမယ့် ဦးနှောက်ကတော့ လက်မခံနိုင်ခဲ့ပါဘူး ။

 

မေး                   ဘယ်လိုကြောင့် အချိန်တစ်ပတ်ပဲ ရှိခဲ့ရတာလဲ ?

DAIKI San         မြန်မာနိုင်ငံကိုရောက်ပြီးတစ်ပတ်အကြာမှာ မြန်မာစာစာမေးပွဲရှိတယ်ဆိုတာကို သိရှိခဲ့ရပြီး လတ်တလောမြန်မာနိုင်ငံမှာရှိနေမှာဖြစ်တာကြောင့် မြန်မာစာကိုလေ့လာမယ်ဆိုပြီးတော့ တွေးခဲ့ပါတယ်။ နောက်တစ်ခုက အချိန်ဆွဲပြီး စာကိုလေ့လာသင်ယူတာထက် အချိန်တိုအတွင်းမှာ အာရုံစိုက်ပြီးတော့ လေ့လာသင်ယူခဲ့ရပါတယ်။

 

မေး                   ဘယ်လိုပုံစံမျိုးနဲ့လေ့လာခဲ့ပြီးတော့ လေ့လာနေရင်းနဲ့ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါသလဲ ?

DAIKI San        အရင်းဦးဆုံးမူရင်းအက္ခရာ ၃၃ လုံးကနေစပြီး လေ့လာခဲ့ပါတယ်။ ဆင်တူရိုးမားစကားလုံးတွေအများကြီးရှိတဲ့ အခက်အခဲကို ကြုံတွေ့ခဲ့ရပါတယ်။

ဥပမာ 【သ】【ဟ】【ဘ】【တ】ဆိုတဲ့ စကားလုံးတွေရဲ့ မတူတာကို မှတ်သားရင်းနဲ့ အချိန်တွေကုန်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ဆန့်ကျင်ဘက်အနေနဲ့ အကြိုက်ဆုံးစကားလုံးတစ်လုံးကို တွေ့ခဲ့ပါတယ်။ 【ည】ဖြစ်ပါတယ်။ ည ဆိုတဲ့ အသံထွက်က ကြောင်လေးတွေအော်တဲ့အသံနဲ့တူတာကြောင့် ချစ်စရာကောင်းတဲ့အသံဆိုပြီးတော့ အကြိုက်ဆုံးဖြစ်ခဲ့ပါတယ်။

နောက်တစ်ခုက စကားလုံးပေါင်း ၃၀၀ ကို ကျက်ဖို့လိုအပ်ခဲ့ပါတယ်။ စစချင်းမှာတော့ တစ်လုံးချင်းစီကို ရေးပြီးကျက်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်ပြီးမမှတ်နိုင်မိခဲ့တာကြောင့် ထပ်ခါထပ်ခါရေးရင်း စကားလုံးရဲ့အသံထွက်ကိုဆိုရင်း ကျက်မှတ်ခဲ့ပါတယ်။ တစ်ပတ်ဆိုတဲ့အချိန်က တိုတောင်းလွန်းတာကြောင့် ရေးပြီးကျက်တာနဲ့ပဲ တော်တော်လေးအချိန်ကြာသွားတယ်လို့ထင်ပါတယ်။

 

မေး                 စာမေးပွဲကိုရော ဘယ်လိုဖြေခဲ့ရပါသလဲ ?

DAIKI San    မေးခွန်တွေအကုန်လုံးက ၄ ခုထဲကနေ ၁ ခု ‌ရွေးရတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။ ပထမဦးဆုံး Listening Text  ကို ဖြေခဲ့ရပါတယ်။ နေ့စဥ်ကြားနေရတဲ့ စကားလုံးတွေပါတဲ့ မေးခွန်းဖြစ်တာကြောင့် မမျှော်လင့်ဘဲဖြေနိုင်ခဲ့ပါတယ်။ အသံထွက်တွေကိုမှတ်သားခဲ့တဲ့ရလဒ်ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Reading Text ပဲဖြစ်ပါတယ်။အခြေခံအက္ခရာ ၃၃ ကိုကွက်လပ်မှာဖြည့်စွက်ရတဲ့ မေးခွန်းကိုဖြေဆိုခဲ့ရပါတယ်။ အရင်ဦးဆုံးစပြီးလေ့လာခဲ့တဲ့ စကားလုံးတွေဖြစ်တာကြောင့် ဖြေနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စကားလုံးရဲ့အဓိပ္ပာယ်ကို ရွေးချယ်ရတဲ့မေးခွန်း၊ စကားလုံးရဲ့အသံထွက်တူတဲ့စကားလုံးတွေကို ရွေးချယ်ခဲ့ရပါတယ်။ ဥပမာ (အုံ) နဲ့ တူညီတဲ့ (အုန်) ကိုရွေးချယ်ရတာဖြစ်ပါတယ်။ စကားလုံးတွေပဲကျက်ခဲ့တဲ့ ကျွန်တော့်အတွက်တော့ မှန်မှန်ကန်ကန်မရွေးချယ်နိုင်ခဲ့ပါဘူး။

 

စာမေးပွဲရလဒ်က ၁ လလောက်နေရင်သိရမှာဖြစ်တဲ့အတွက်ကြောင့် DAIKI San ရဲ့ရလဒ်ကို JAPO Page မှာဖော်ပြပေးပါမယ်။

ပထမအကြိမ် MLT စာမေးပွဲကို လာရောက်ဖြေဆိုသူ ၁၀ ယောက်နဲ့ စတင်ကျင်းပခဲ့ရာမှ ဒီတစ်ခေါက်ကျင်းပတဲ့ ၁၀ ကြိမ်မြောက်စာမေးပွဲကို အယောက် ၁၅၀ လာရောက်‌ဖြေဆိုခဲ့ပါတယ်။.

ဒီနှစ်အတောအတွင်းမှာ နိုင်ငံခြားသားကုမ္ပဏီတွေက ပြည်တွင်းစျေးကွက်ကို ဝင်ရောက်လာခဲ့ပြီး မြန်မာစာကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေလည်း ပိုပိုပြီးတော့များလာပါတယ်။

တရားဝင်ထောက်ခံချက်ရရှိထားပြီး၊ လေ့လာထားတဲ့အရည်အချင်းကို တိုင်းတာနိုင်တဲ့အပြင် တစ်ယောက်ချင်းစီရဲ့ မြန်မာစာသင်ယူနိုင်မှုနှုန်းကိုလည်း တိုင်းတာနိုင်ပါတယ်။

ဒီနှစ်မှာ မြန်မာစာကို အထူးတလည်လေ့လာခဲ့တဲ့ နိုင်ငံခြားသားတွေတိုးပွားလာခဲ့တာက ဝမ်းသာစရာသတင်းကောင်းပဲနော်…..

MLT စာမေးပွဲကို ၂၀၁၉ ခုနှစ်ရဲ့  ၂ လပိုင်း ၉ လပိုင်း ၂၉ ရက်နေ့ (၁၁ ကြိမ်မြောက်) နဲ့  ၂၀၂၀ ခုနှစ် ၂ လပိုင်း ၂၃ ရက်နေ့ (၁၂ ကြိမ်မြောက်) မှာ ဆက်လက်ပြီးကျင်းပသွားမှာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: