သမိုင်းကိုတောက်ပစေခဲ့သူ

အဆဘ ဆခိတရိုး( 浅羽佐喜太郎(あさばさきたろう) ) ဆိုတဲ့ဂျပန်လူမျိုးကို သိကြပါသလား ?

ဗီယက်နမ်နိုင်ငံ အမျိုးသားရေးလှုပ်ရှားမှုခေါင်းဆောင်ဖြစ်တဲ့ Phan Boi Chau ကို ကူညီခဲ့တယ်ဆိုပြီးတော့ ဗီယက်နမ်ရဲ့ ကျောင်းတွေမှာ သူ့အကြောင်းကို သင်ကြားပေးပါတယ်။

ဂျပန်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံရဲ့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက်စွမ်းဆောင်ပေးခဲ့တယ်ဆိုပေမယ့် တကယ်တော့ ဂျပန်လူမျိုးတွေက သူ့ကိုတစ်ယောက်မှ မသိပါဘူး။

 

သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ရှိဇုအိုက စီရင်စု ဖုခုရိုအိရှိ ( 浅羽佐喜太郎(あさばさきたろう) ) မှာ သူ့ရဲ့ အထိမ်းအမှတ်ကျောက်တိုင်ရှိပါတယ်။

ကျောက်တိုင်က သေးငယ်ဆိုပေမယ့် နှစ်တိုင်းပွဲတော်တွေကျင်းပတဲ့အတွက်ကြောင့် အဲ့ဒီဒေသကလူတွေကသိပေမယ့် တခြားဂျပန်လူမျိုးတွေက သူ့ကိုလုံးဝမသိပါဘူး ။

 

စာရေးသူလည်း တိုကျိုမြို့မှာမွေးတာမှန်ပေမယ့် သူ့ကိုလုံးဝမသိခဲ့ပါဘူး။

ဗီယက်နမ်မှာ နှစ်ပေါင်းများစွာနေလာပြီးမှ ကြားလိုက်မိတဲ့အခါမှာ အံ့သြသွားခဲ့ရတာကို မှတ်မိပါတယ်။

 

ဘာကြောင့်ဒီလိုဖြစ်ရတာပါလိမ့် ?

 

ကောင်းမွန်ပြောင်မြောက်တဲ့အလုပ်တွေကိုလုပ်ခဲ့ပေမယ့် ဘာလို့ဒီလို သူ့ကိုလူတွေမသိခဲ့ရတာလဲ?

 

အဲ့ဒီတုန်းက ဂျပန်နိုင်ငံဟာ ပြင်သစ်နိုင်ငံနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံတွေဖြစ်ခဲ့ကြပေမယ့်

နောက်တော့ ပြင်သစ်နဲ့ ပတ်သက်တဲ့ပြဿနာတွေဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်က ဂျပန်အစိုးရက ပြင်သစ်ကိုဆန့်ကျင်တဲ့အခါမှာ ဗီယက်နမ်နိုင်ငံဆီကနေ အင်အားတွေပေးဖို့အတွက် တောင်းဆိုမှုတွေက အံ့သြစရာကောင်းလောက်အောင် မအောင်မြင်ခဲ့ပါဘူး။

 

အဆဘ ဆခိတရိုး( 浅羽佐喜太郎(あさばさきたろう) ) ရဲ့မွေးရပ်မြေမှာ အထိမ်းအမှတ်ကျောက်တိုင်ရှိပါတယ်။

OLYMPUS DIGITAL CAMERA

https://knight.hamazo.tv/e6434506.html

 

၂၀၁၈ ခုနှစ်မှာ အဲ့ဒီကျောက်တိုင်ကို တည်ထောင်ခဲ့တာက နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

အဲ့ဒီမှာအခြေအနေက အကြီးကြီးပြောင်းလဲသွားခဲ့ပါပြီ။

ဂျပန်နိုင်ငံရဲ့ အထိမ်းအမှတ်တစ်ခုအနေနဲ့ အဲ့ဒီကျောက်တိုင်ဆီကို ဂျပန်နိုင်ငံဘုရင်မင်းမြတ်နဲ့ မိဖုရားတို့က သွားရောက်လည်ပတ်ခဲ့တာကြောင့်

အဲ့ဒီကို သွားရောက်လည်ပတ်တဲ့သူတွေလည်း များလာတယ်လိုသိရပါတယ်။

 

ဂျပန်လူမျိုးတွေလည်း သူ့ကိုသိရှိလာပြီဖြစ်တဲ့အတွက် သမိုင်းမှာနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကို ချစ်ကြည်ရင်းနှီးအောင်လုပ်ခဲ့တဲ့အတွက် ဂုဏ်ပြုထိုက်တဲ့သူပဲဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: