HUAWEIက ဂျပန်ကနေ ပျောက်ကွယ်သွားမှာလား????

အခုလက်ရှိမှာ အမေရိကားနဲ့ တရုတ်က ကုန်သွယ်မှုပိုင်းမှာ ပြိုင်ဆိုင်မှုတွေပြင်းထန်နေပါတယ်။
အကောက်အခွန်အပြင်၊ နည်းပညာပိုင်းဆိုင်ရာ စက်မှုလုပ်ငန်းတွေမှာလည်းအတူတူပါဘဲ။
တရုတ်က HUAWEIကအခုဆိုရင် တကမ္ဘာလုံးက သတိထားစောင့်ကြည့်နေကြပါတယ်.
HUAWEIဆိုရင် မြန်မာမှာ မသိတဲ့သူမရှိသလောက် ထိုးဖောက်မှုအားကောင်းပါတယ်။
ဒီတံဆိပ်ကို မြင်ရင်အားလုံးသိကြမယ်ထင်ပါတယ်.
အခု 4G(LTE)အင်တာနက်လိုင်းပြီးရင် နောက်ထွက်မယ့် အင်တာနက်လိုင်းကို အကောင်အထည်ဖော်ဖို့လုပ်နေတာပါ။
HUAWEIက အလယ်ဗဟိုမှာရှိနေပါတယ်။
တကမ္ဘာလုံးမှာရှိတဲ့ ဖုန်းတွေက 5G ကိုသွင်းလိုက်တယ်ဆိုရ၍် ဆက်သွယ်ရေးပစ္စည်းကိရိယာများတွေကို HUAWEIကနေယူလိုက်တဲ့အတွက်
အမြတ်တွေက တော်တော်တက်လာမယ်လို့ မျှော်လင့်ရပါတယ်။
အဲလိုအချိန်မှာ ကနေဒါမှာရှိတဲ့ HUAWEI၏ CFOက ဖမ်းဆီးခံလိုက်ရတဲ့အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။
အကြောင်းကတော့ အီရန်အပေါ် ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုချိုးဖောက်ခဲ့တဲ့အတွက်ပါ။
ဖမ်းဆီးခံလိုက်ရတဲ့ CFOက HUAWEI တည်ထောင်သူ၏ သမီးပါ။
အခြေအနေတွေက ပိုမိုပြင်းထန်လာပြီးတော့ အမေရိကားမှာ HUAWEIတံဆိပ်ကို အသုံးမပြုဖို့တားမြစ်တဲ့အထိပါဘဲ။
သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတွေအပါအ၀င် နောက်ပိုင်း ဂျပန်မှာလည်းဆက်ဖြစ်လာနေပါတယ်။
အကြောင်းရင်းကတော့ HUAWEIကိုသုံးတယ်ဆိုရင် သတင်းအချက်အလက်တွေက တရုတ်အစိုးရဆီကို ပေါက်ကြားသွားနိုင်တဲ့အတွက်ပါ။
တခြားကုမ္ပဏီတွေထက် စျေးသက်သာပြီးတော့ လုပ်ဆောင်ချက်မြင့်မားတဲ့ HUAWEIက
သတင်းအချက်အလက်ပေါက်ကြားမှုဖြစ်တယ်ဆိုတာ တကယ်ဘဲလား?
အခုကနေစပြီး တစ်ကမ္ဘာလုံးရဲ့ ဖုန်းစျေးကွက်လောကမှာ HUAWEIက
ဘယ်လိုအနာဂါတ်မျိုးဖြစ်လာမလဲဆိုတာကတော့
စိတ်၀င်စားစရာတစ်ခုပါဘဲ။