အလကားသြားရတဲ့ခရီးက အႏၲရာယ္ရွိႏိုင္တယ္တဲ့ !!!!

ထိုင်းနိုင်ငံရဲ့ ရဲစခန်းက အသက် ၄၃နှစ်ရှိတဲ့အီရန်လူမျိုးကို ဖမ်းဆီးလိုက်တဲ့ဖြစ်စဥ်ပါ။

အကြောင်းရင်းကတော့ ဂျပန်လူမျိုးတစ်ဦးကို စိတ်ကြွဆေးတွေကို သယ်ခိုင်းတယ်လို့သံသယရှိလို့ပါ။

 

ဂျပန်လူမျိုးတစ်ဦးက ၀က်ဆိုဒ်တစ်ခုမှာရှိတဲ့ အလုပ်ခေါ်စာကိုတွေ့ရှိခဲ့တာပါ။

 

ခရီးသွားဒိုင်ယာရီကိုရေးပေးရင် ခရီးအလားကားသွားရမယ် !

အဲဒါအပြင် ပိုက်ဆံလည်းရမှာပါ။

အဲအလုပ်ကို အသက်၃၀ရှိတဲ့ ဂျပန်လူမျိုး‌ယောကျာ်းလေးတစ်ယောက်က အလုပ်လျှောက်ခဲ့တာပါ။

တိုကျိုဘူတာမှာ ထိုင်းသွားဖို့အတွက် ခရီးစရိတ်အနေနဲ့ ယန်းလေးသိန်းကို လက်ခံရရှိခဲ့ပါတယ်။

အဲဒါနဲ့ အရမ်းပျော်သွားပြီး လေယာဥ်လက်မှတ်၀ယ်ပြီး ထိုင်းသွားဖို့စီစဥ်ပါတော့တယ်။

 

တည်းခိုရမယ့်နေရာမှာ အီရန်အမျိုးသားတစ်ဦးကိုတွေ့ပါတယ်။

  http://news.livedoor.com/article/detail/15718856/

 

သူ့ရဲ့ ခရီးအိတ်ကို ဂျာမန်၊ Frankfurtအထိ သယ်သွားပေးဖို့ အကူအညီတောင်းခဲ့ရာက

ခရီးစရိတ်နဲ့ သယ်သွားပေးခဆိုပြီး ဒေါ်လာ၂၀၀၀ကိုပေးခဲ့ပါတယ်။

ခရီးဆောင်အိတ်ထဲမှာ အေးခဲနေတဲ့ အ၀တ်အစားအဟောင်းတွေပါပြီး၊ အဲဒါကို သံသယဖြစ်ပြီး ဂျပန်သံရုံးကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

 

ရဲစခန်း၀င်ရောက်ရှာဖွေတဲ့အခါမှာတော့ အ၀တ်အဟောင်းတွေကြားထဲမှာ စိတ်ကြွဆေးတွေထည့်ထားတာကိုတွေ့ခဲ့တာပါ။

ပမာဏအားဖြင့် စိတ်ကြွဆေးပေါင်း ၂,၂၈၅ကီလိုဂရမ်ထိပါ၀င်နေတာကိုတွေ့ရှိခဲ့ပါတယ်။

သံရုံးကိုအကြောင်းကြားနိုင်လိုက်လို့ ဘာမှမဖြစ်ဘဲပြီးသွားပေမယ့်

အကြောင်းမကြားဘဲ ဒီအတိုင်းသာ သယ်သွားခဲ့မယ်ဆိုရင် လေဆိပ်ရောက်တဲ့အခါ

ပြသာနာတက်ပြီး အဖမ်းခံရမှာပါ။

 

စာဖတ်သူတို့လည်း ခရီးအလကားသွားရမယ်ဆို လွယ်လွယ်ယုံကြည်ပြီး

သယ်သွားပေးတာတို့ မလုပ်မိအောင် သတိထားကြပါနော်….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: