အသက်ဆက်မရှင်ချင်တော့တဲ့အခါ ဖုန်းမှာစတစ်ကာကပ်တဲ့အကြောင်း

ထူးဆန်းတဲ့ ဂျပန်ကကောင်လေးတစ်ယောက်အကြောင်းပါ……

 

သူအမြဲလုပ်လေ့ရှိတာက သေချင်စိတ်ပေါက်တဲ့အခါ မိုဘိုင်းဖုန်းမှာ စတစ်ကာကပ်တာပါ။

 

သူ့ရဲ့ဖုန်းက စျေးပေါတဲ့ဖုန်းဖြစ်ပြီးတော့ စတစ်ကာတွေဆိုတာလည်း အများကြီးပါဘဲ။

ရှုပ်ပွနေအောင် ကပ်ထားတာကိုတွေ့ရမှာပါ။

 

ဘာလို့အဲလိုတွေကပ်တာလည်းဆိုတော့ …..

https://tocana.jp/2018/12/post_18937_entry_2.html

 

ညနေနေ၀င်ချိန်ရဲ့ ၀င်လုနီးနီးဖြစ်နေတဲ့ နေကိုမြင်ရင်

စိတ်ထဲမှာ စိုးရိမ်စိတ်တွေတဖြည်းဖြည်းဖြစ်လာပြီး

ဘာလုပ်ချင်လို့ လုပ်ချင်မှန်းမသိတဲ့စိတ်ဓာတ်ကျလာပြီး သေချင်စိတ်ပေါက်လာပါ။

အဲလိုအချိန်မှာ ဖုန်းမှာ စတစ်ကာကပ်လိုက်တယ်ဆိုရင် စိတ်တည်ငြိမ်သွားတယ်လို့ပြောပါတယ်။

 

သူကိုယ်တိုင်လည်း ဘာကြောင့်ဒီလိုဖြစ်တာလည်းဆိုတာ ကိုယ်ကိုယ်တိုင်လည်းမသိဘူးလို့ပြောပါတယ်။

 

တစ်ညမှာတော့ သူ အိပ်မက်မက်ပါတယ်။ အိပ်မက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ဂျပန်ရိုးရာ၀တ်စုံကို ၀တ်ဆင်ထားပြီးတော့ ကြမ်းခင်းကတော်တော်မြင့်တဲ့ အဆောက်အဦးမှာ

ညနေနေ၀င်တာကိုငေးကြည့်နေပါတယ်။

အိပ်မက်ကနိုးလာတဲ့အခါ သိချင်ိစတ်နဲ့ အဲအဆောက်အဦးကို ရှာကြည့်လိုက်တဲ့အခါ အိဇုမို တအိရှ(出雲大社)လို့ခေါ်တဲ့ ဂျပန်ဘုရားကျောင်းရဲ့ထိပ်ပိုင်းဖြစ်နေတာကို တွေ့ရပါတယ်။

အခုတော့ ပြန်လည်တည်ဆောက်မွန်းမံနေတာတွေလုပ်နေပါတယ်။

 

ပုံသဏာန်ကတော့ အောက်ကပုံလိုပုံစံမျိုးပါ။

 https://tocana.jp/2018/12/post_18937_entry_2.html

 

သူကိုယ်တိုင်ကလည်း ဒီအဆောက်အဦးမှာ အရင်ကနေခဲ့တယ်ဆို ယုံကြည်နေပါတယ်။

 

အရင်က အိဇုမို တအိရှ(出雲大社)မှာ ညနေနေ၀င်ချိန်ကိုယုံကြည်ကြတဲ့ပွဲတော်မျိုးတွေရှိခဲ့ပါတယ်။

သူ့အိပ်မက်နဲ့ တကယ့်လက်တွေ့နေ၀င်တာကို ကြည့်ရင်စိတ်ဓာတ်ကျပြီး

သေချင်တဲ့စိတ်မျိုးဖြစ်လာတာက ဆက်စပ်နေတယ်လို့ပြောပါတယ်။

အရင်ဘ၀က ဘုရားကျောင်းရဲ့နတ်ဘုရားလိုလို၊ နတ်ဘုရားတွေက စေလွှတ်လိုက်တဲ့သူလိုလို ခံစားရပြီးတော့ နေ၀င်ပြီဆိုရင် အတိတ်ဘ၀ကို ပြန်ချင်တဲ့အတွက်ကြောင့် သေချင်စိတ်ဖြစ်လာတယ်လို့လည်း ပြောပါတယ်။

 

ဂျပန်မှာ အခုလက်ရှိဘ၀နဲ့ အတိတ်ဘ၀ရှိတယ်လို့ ယုံကြည်ကြတဲ့သူများပါတယ်။

ကိုယ်ဘယ်ဘ၀ကလာခဲ့တယ်ဆိုတာမှတ်မိတဲ့သူလည်းရှိတယ်လို့ ပြောကြပါတယ်။

သူငယ်ချင်းတို့ရော အဲလိုမျိုးကို ယုံကြည်ပါသလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: