တိုက်သွားတဲ့ကားကို ချက်ချင်းဖမ်းနိုင်ခဲ့တဲ့ အကြောင်းရင်းက ??
အခင်းဖြစ်တာက ၂၀၁၈ခုနစ် ၁၀လပိုင်း ၁၃ရက်နေ့ပါ။
အိဘရဂိခရိုင်မှာ အန္တရာယ်ရှိတဲ့မောင်းနှင်မှုကြောင့် လမ်းဖြတ်လျှောက်လာတဲ့ အသက်၇၉နှစ်အရွယ်အမျိုးသမီးကို တိုက်မိပြီး လဲကျသွားခဲ့တာပါ။ ညာဘက်လက်ကောက်ဝတ်ကကျိုးသွားခဲ့ပါတယ်။
ကားကထွက်ပြေးသွားပေမယ့် အဲနေ့မှာဘဲ ချက်ချင်းဖမ်းနိုင်ခဲ့တာပါ။
ဂျပန်ကရဲတွေက အရမ်းတော်နေလို့လားဆိုတော့
အဲလိုလည်းမဟုတ်ပါဘူး….
ချက်ချင်းဖမ်းမိသွားတာက ကားကဒီလိုဒီဇိုင်းဖြစ်နေလို့ပါ။
https://www.yomiuri.co.jp/national/20181015-OYT1T50052.html
အရမ်းကိုသိသာထင်ရှားတယ်မလား….
Love Live Sunshine လို့ခေါ်တဲ့ အဲနီးမေးထဲကဒီဇိုင်းပါ။
ရဲစခန်းမှာ အမှုလာဖွင့်တဲ့ အသက်၆၀အရွယ်အမျိုးသမီးက တိုက်မိသွားတဲ့ကားရဲ့ထူးခြားချက်ကို အခုလိုပြောပြခဲ့ပါတယ်။
ကားမှာ ကောင်မလေးပုံရေးဆွဲထားပါတယ်။
အဲဒါကြောင့် ရှာရတာလွယ်ပြီးချက်ချင်းဖမ်းနိုင်ခဲ့တာပါ။
ITA-SYAဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုသိပါသလား?
ဆင်တူတဲ့စကားလုံးလည်း ရှိပါသေးတယ်။ ITA-Meshiလို့ခေါ်တဲ့စကားလုံးပါ။
ဒါက အီတလီအစားအစာကို ခေါ်တာပါ။
ဒါဆို ITA-SYAဆိုတာက ?
နာကျင်စေတဲ့ ကားကိုခေါ်တာပါ။ ကြည့်နေတဲ့သူက “ အယ်,, အဆင်မှပြေပါ့မလား အရမ်းနာသွားမှာဘဲ” စသဖြင့် ကြည့်နေတဲ့သူတောင် နာကျင်သလိုခံစားရတဲ့အတွက် ITA-SYAလို့ခေါ်တာပါ။
အခင်းမဖြစ်ခင်က တိုက်သွားတဲ့သူက သူ့ရဲ့ ကားကို အင်တာနက်မှာ အောက်က ပို့စ်တင်ခဲ့တာပါ။
http://blog.livedoor.jp/dqnplus/archives/1982211.html
အင်တာနက်မှာ နံမည်ကြီးသွားတော့
ထွက်ပြေးဖို့လည်း ဘယ်လွယ်တော့မလဲနော် !