၈လပိုင်း ၁၃ကနေ ၁၅ ရက်နေ့ထိ ရေနားကို သွားလို့မရဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ ……

၈လပိုင်းး ၁၃ရက်နေ့ကနေ ၁၅ ရက်နေ့ထိက ဂျပန်ရဲ့ အိုဘွန်お盆 လို့လို့ခေါ်တဲ့ ရာသီဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ရုံတော်တော်များများပိတ်ကြပြီးတော့ အားလုံးက မိမိမွေးရပ်မြေကို ပြန်ကြပါတယ်။

နောက်ပြီးတော့ ဆွေမျိုးတွေနဲ့အတူ စုစည်းပြီးဘွားတွေအားလုံးအတွက် ဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။

 

ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ခု ရှိပါတယ်။

 

အိုဘွန်ဆိုတာက ဝိဥာဥ်တွေက ကိုယ့်အိမ်ကိုပြန်လာတဲ့ ရာသီဖြစ်ပါတယ်။

အဲ့ဒီလို ဝိဥာဥ်လောကနဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာလောက ဆက်နွယ်နေတဲ့ အချိန်ဖြစ်ပါတယ်။

ဒါကြောင့် ဝိဥာဥ်တွေက တစ်ကမ္ဘာလုံးရဲ့နေရာတိုင်းမှာရှိနေတဲ့ အချိန် ပါပဲ။

 

ကောင်းတဲ့ ဝိဥာဥ်တွေပဲ မဟုတ်ပဲနဲ့ မကောင်းတဲ့ ဝိဥာဥ်တွေလည်း ပြန်လာကြပါတယ်။

 

အိုဘွန်းမှာ ပင်လယ်ထဲကို ဝင်မယ်ဆိုရင် ဝိဥာဥ် တွေကခြေထောက်ကနေဆွဲချလိုက်ပြီးပြန်လာလို့မရဘူးနော် !

 

လို့ တော်တော်များများပြောကြပါတယ်။

အဲ့ဒီရာသီက ဘယ်သူအတွက်ပဲဖြစ်ဖြစ် မတော်တဆမှုတွေများတဲ့ ရာသီပါပဲ….

 

သေသူကရေနားကို သွားတယ်လို့ ပြောတာက ဘယ်သူမဆို အဲ့လိုပဲလားမသိပါဘူး။

 

ပင်လယ်ထဲမှာ ပင်လယ်ခူတွေတိုးပွားနေတဲ့ အချိန်ဖြစ်ပါတယ်။

https://saigonosonae.com/archives/303.html

 

အိုဘွန်းရဲ့ ရာသီမှာ လျင်မြန်စွာတိုးပွားနေတာကြောင့် ဝိဥာဥ်တွေဝင်စားတယ်လို့လဲ ပြောကြပါတယ်။

နေဝင်ချိန်မှာဆိုရင် အဆိပ်ဆူးတွေရှိပြီးတော့ စူးသွားတဲ့နေရာမှာဆိုရင် ထုံကျင်ကိုက်ခဲ နေပါတယ်။

အဲ့ဒါက ပင်လယ်ရဲ့ မတော်တဆဖြစ်တဲ့ အကြောင်းရင်းဖြစ်တယ်ဆိုတာနဲ့ ဝိဥာဥ်တွေက တကယ်ဝင်စားလားမသိတဲ့အတွက်

ဂျပန်ရဲ့ပင်လယ်တွေကိုသွားတဲ့ အခါ အားလုံးပဲ ဂရုစိုက်ကြပါနော်။

 

နောက်ထပ် အိုဘွန်ရဲ့ ရာသီက သတ်ဖြတ်တာတွေကိုလည်းတားမြစ်ခဲ့ပါတယ်။

အားလပ်နေတဲ့အတွက်ကြောင့် ငါးဖမ်းသွားတာတို့ ပန်းခြံလှပဖို့ အတွက် စိုက်ထားတဲ့ အပင်တွေကို ခုတ်ဖြတ်တာတွေလုံးဝမလုပ်ရပါဘူး။

ပိုးကောင်တွေကိုသတ်တာမျိုးလည်းမလုပ်ရပါဘူး။

 

အိုဘွန်ဆိုတာ ဗုဒ္ဓက ငတ်မွတ်နေတဲ့ သူတွေကို ကယ်တင်ခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ ဘာကိုမှ မသတ်ရဘူးလို့ပြောကြပါတယ်။

အချို့သောဒေသတွေမှာ ရရှိတဲ့ စားစရာဆိုရင် ငါးပဲဖြစ်ဖြစ် အသားပဲ ဖြစ်ဖြစ် OK တဲ့အတွက်ကိုယ်တိုင်သတ်တာတွေကို မလုပ်ပါနဲ့နော်။

 

ဂျပန်နိုင်ငံက ဘာသာရေးမှေးမှိန်တယ်လို့ ပြောပါတယ်။

သို့ပေမယ့် နှစ်သစ်နဲ့ အိုဘွန်မှာဆိုရင် နက်နဲတဲ့ ယဥ်ကျေးမှုက ကျန်ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာနဲ့ နိုင်းယှဥ်ရင်ဘယ်လိုကွာခြားမယ်လို့ ထင်ပါသလဲ?

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: