ဖူဂျီတောင် ပေါက်ကွဲမယ် ! ?

ဂျပန်မှာ အလှဆုံး တောင်လို့ပြောမယ်ဆိုရင် ဖူဂျီတောင်ပါလို့ ဖြေမယ့်သူက အများကြီးပါပဲ။
ဂျပန်မှာ အမြင့်ဆုံး ဆိုတာ တစ်ခုထဲ မဟုတ်ပဲ တောင်တန်းရဲ့ လှပတဲ့ ပုံသဏ္ဍာန်နဲ့ နာမည်ကြီးတာလည်း ဖူဂျီတောင်ပါပဲ။
ဒါပေမယ့် အဲ့ဒီဖူဂျီတောင်က ဘယ်နှစ်ကြိမ် ပေါက်ကွဲကွဲ မထူးဆန်းတာကို သိပါသလား?
ဖူဂျီတောင်က ဂျပန်မှာ အကြီးဆုံး မီးတောင်ပဲ ဖြစ်ပါတယ်။
မီးတောင်ရှင်လဲ ဖြစ်ပါတယ်။
ဒီလို မီးတောင်ကဘယ်ချိန်ပေါက်ကွဲမယ် ဆိုတာမထူးဆန်းတဲ့ ဖူဂျီတောင်ပဲ ဖြစ်ပါတယ်။

ဖူဂျီတောင်က နှစ်တစ်သိန်း မတိုင်ခင်လောက် ကတည်းက ခဏခဏ လှုပ်ရှားနေတဲ့ ငယ်ရွယ်တဲ့ မီးတောင်ပျိုလေး ဖြစ်ပါတယ်။
အတွင်းမှာဆိုရင်ဒီလိုပုံဖြစ်နေပါတယ်။

https://ja.wikipedia.org/

တောင်ပေါ်မှာ မီးတောင်ပေါက်ကွဲပြီး၊ နောက်ထပ် အဲ့ဒီပေါ်မှာ ခဏခဏ ပေါက်ကွဲပြီး ဒီလိုလှပတဲ့ပုံဖြစ်လာတာပဲဖြစ်ပါတယ်။

လတ်တလော ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ ပေါက်ကွဲမှုက ၁၇၀၇ ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ်။

 


http://富士山噴火.net/

ကြီးမားတဲ့ ပေါက်ကွဲမှုက တောင်ထိပ်မှာ တင်မဟုတ်ဘဲ ဘေးကနေပါ ထွက်လာတယ်လို့သိရပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုနဲ့ အချိန်ကိုက် ကြီးမားတဲ့ ငလျင်လှုပ်ခတ်ခဲ့ ပြီး လူအယောက် ၂ သောင်းနဲ့ အထက်သေဆုံးခဲ့ပါတယ်။
ကြီးမားတဲ့ ဒီလိုကျောက်တုံးတွေလည်း လွင့်ထွက်ခဲ့ ပါတယ်။


https://yamahack.com/

ကျောက်ခဲက ပတ်ဝန်းကျင်က အိမ်တွေဆီကို လွင့်သွားပြီးတော့ မီးတောင်ရဲ့ပြာတွေ အဝေးကြီးကိုလွင့်ပြီး ၊ လယ်ကွင်းတွေထဲ ဝင်ရောက်ခဲ့ တာကြောင့် ဆန်နဲ့ အသီးအရွက်စိုက်ပျိုးရေးမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။

နောက်ထပ် ၁နာရီမှာ ၁၀၀ ကီလိုမီတာ နှုန်းနဲ့ ဖြစ်ပွားနေတဲ့ မီးခိုးလုံးနဲ့ ရေငွေ့တွေက ပျံ့နှံ့ လျက်ရှိပါတယ်။


https://yamahack.com/

အဲ့ဒီနောက်မှာ ၁၂၀၀ ဒီဂရီလောက်ရှိတဲ့ ချော်ရည်တွေက စီးဆင်းလာခဲ့ပါတယ်။


https://yamahack.com/

တိုကျိုမြို့က ဖူဂျီတောင်ကနေဆိုရင် ၁၀၀ ကီလိုမီတာတောင်မှဝေးတာကို မီးတောင်ပြာတွေကျလာခဲ့တဲ့ပါတယ်။
အဲ့ဒီတစ်ခုထဲ မဟုတ်ပဲ နေရာကျယ်ကြီးဆီ ဖုံးလွှမ်းခဲ့ တာကြောင့် လယ်ကွင်းရဲ့ ဆုံးရှုံမှုက သာမာန်ထက်ကို ပိုပါတယ်။
နောက်ထပ်အဲ့ဒီ မီးတောင်ပြာတွေကို လူတွေ ရှူမိမယ်ဆိုရင် အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး လေယာဥ်ဆိုရင်တော့ အင်ဂျင်ထဲကို ဝင်ပြီး စက်အလုပ်မလုပ်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။

အဲ့ဒီဖူဂျီတောင်ရဲ့ ပေါက်ကွဲမှုက နှစ်အနည်းငယ်အတွင်းမှာ ဖြစ်ပွားမယ်လို့ ဗေဒင်ဆရာတွေက ဟောကိန်းထုတ်နေပါတယ်။

နောက်ပြီးတော့ ဟောကိန်းတစ်ခုထဲမဟုတ်ပဲ ပါမောက္ခတွေက စပြောလာပြီး နောက်ဆုံး တကယ့်လက်တွေ့ဖြစ်လာခဲ့ပါတယ်။

ဘယ်လောက် ဧရိယာ ကို မီးတောင်ပြာတွေကျဆင်းလာမလဲ ? ဆိုရင် ဒီလို အချက်အလက်ကို ဂျပန်အစိုးရက ကြေငြာထားပါတယ်။


https://yamahack.com/

တိုကျိုလည်းလုံးဝကို ဖုံးလွှမ်းနေတာပဲနော်…

ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှု တစ်ချိန်ထဲမှာ ဖြစ်ပွားတာဖြစ်ပါတယ်။
ငလျင်က အကြိမ်းများစွာဖြစ်ပွားနေတဲ့ ဂျပန်မှာ ဘယ်တော့ ဖူဂျီတောင်က ပေါက်ကွဲနေမလဲဆိုတာ မထူးဆန်းဘူးလားမသိဘူး..

ပေါက်ကွဲ တဲ့ အတွင်း ပျက်စီးဆုံးရှုံးမှုကြီးမားတာကြောင့် ဖူဂျီတောင်ရဲ့ ပုံစံလည်းပြောင်းလဲသွားမယ် ဆိုတာဖြစ်နိုင်ခြေများပါတယ်။
ဒီနေ့ရဲ့ လှပတင့်တယ်တဲ့ ဖူဂျီတောင်ရဲ့ ပုံစံကို ကြိုက်နှစ်သက်တဲ့ သူကကြည့်မယ်ဆိုရင်နောက်ဆုံးအခွင့်ရေးမဟုတ်ပါလား ! ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: