ဒီပုံတွေမှာ အံ့သြစရာကောင်းလောက်တဲ့ လျှို့ဝှက်ချက် တစ်ခု ရှိနေပါတယ်

ဒီပုံတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ Twitter တွေမှာတော့ အရမ်းကို လူပြောများနေပါတယ်။

ဒီပုံတွေထဲမှာ တူညီတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။

အဲ့ဒါကို သိပါသလား။

 

သေချာလေးကြည့်လိုက်ရင်တော့ သိမှာပါ။

https://gunosy.com/articles/RBOsl?s=s

 

ကဲ။ သိသွားပြီလား။

မသိသေးရင်တော့ အောက်မှာ ဆက်ဖတ်လိုက်ပါဦးနော်။

 

တကယ်ကတော့ ဒီပုံတွေက ပန်းချီကားတွေပါ။ ဓာတ်ပုံလို့ထင်သွားတယ် မဟုတ်လား။

 

ဘယ်လိုပဲကြည့်ကြည့် ဓာတ်ပုံလို့ပဲထင်ရပေမဲ့ အမှန်တကယ်ကတော့ ဆီဆေးပန်းချီကားတွေ ပါ။

 

ဒီလက်ရာက ခဲအိ မိအဲနို ဆိုတဲ့ ဂျပန်လူမျိုးပန်းချီဆရာက ရေးဆွဲထားတာပါ။

တစ်ပုံချင်းစီကို လပေါင်းများစွာကနေ ၁ နှစ်ကျော်ကြာတဲ့အထိ အချိန်ပေးပြီး အသေးစိတ် ဆွဲထားတာကြောင့် အခုလို လက်ရာမြောက်တဲ့ ပန်းချီကား ဖြစ်နေတာပါ။

 

ပြပွဲကို လုပ်ရင်လည်း သာမန်ဓာတ်ပုံပြပွဲလို့ပဲထင်ပြီး ဝင်သွားမိမှာပါ။

ဓာတ်ပုံအနေနဲ့ ကြည့်ရင်လည်း လှတယ်လို့ပဲ တွေးမိမှာဖြစ်ပြီးတော့ ဒါကပန်းချီကားဆိုတာ သိလိုက်ရတဲ့ အချိန်မှာ အားလုံးက အရမ်းကို အံ့သြသွားကြမှာ အသေအချာပါပဲ။

 

ပန်းချီကားတွေနဲ့ ပတ်သက်ပြီး ခဲအိ မိအဲနို ကတော့ အခုလိုပဲပြောခဲ့ပါတယ်။

 

မျက်လုံးနဲ့မြင်ခဲ့တဲ့အရာနဲ့ ဦးနှောက်ကနေ ပို့လွှတ်လိုက်ပြီး နှလုံးသားနဲ့ ခံစားခဲ့တဲ့ ပုံသဏ္ဍာန်က တခြားစီဖြစ်သွားတယ်။

 ဒါပေမဲ့ မျက်လုံးနဲ့မြင်ခဲ့တဲ့အရာကို အဲ့ပုံသဏ္ဍာန်အတိုင်း ရေးဆွဲချင်တယ်။

 

 စကားလုံးနဲ့ ဖော်ပြလို့မရတဲ့အရာ အပါအဝင် အားလုံးကို နဂိုမူရင်းအတိုင်းပဲ ရေးဆွဲချင် ပါတယ်။

 

 “ဒီလိုအတွေးနဲ့ ပုံတွေကို ဆက်ဆွဲသွားပါမယ်လို့ ပြောခဲ့ပါတယ်။

 

ဒါကို လူတွေက အနုပညာအနေနဲ့ အသိအမှတ်ပြုကြမလား၊ မပြုကြဘူးလားဆိုတာကတော့ မသိသေးပါဘူး။

ဓာတ်ပုံရိုက်လိုက်ရင်ပြီးနေတာပဲကိုလို့ တွေးမဲ့သူတွေလည်းရှိမယ်ဆိုတာကို နားလည်ပေမဲ့ ဒီလိုပုံမျိုး ဆွဲနိုင်ဖို့ဆိုတာကတော့ သာမန်လူတွေအတွက် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

 

သင်ဆိုရင်ကော ဒီလိုမျိုး အနုပညာကို ဘယ်လိုထင်ပါသလဲ။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: