၂၈ ခုနှစ်တိုင်တိုင် တစ်ဦးတည်း တိုက်ပွဲဝင်ခဲ့တဲ့ဂျပန်

ဂျပန်ဟာ စစ်ပွဲကြီးမှာ တိုက်ခိုက််ခဲ့ပြီး နောက်ဆုံး ၁၉၄၅ ခုနှစ်မှာ ရှုံးနိမ့်ပြီး စစ်ပွဲပြီးဆုံးခဲ့ပါတယ်။
သို့ပေမယ့် စစ်ပြီးဆုံးကြောင်းအသိပေးထားတာတွေကို မသိခဲ့ကြတဲ့သူတွေလည်း တစ်စိတ်တစ်ပိုင်း ကျန်ရှိနေခဲ့ပါသေးတယ်။
လက်ရှိ အမေရိကပိုင်နက်ထဲမှာ ရှိနေတဲ့ GUAM။

သေးငယ်တဲ့ကျွန်းလေးဖြစ်ပေမယ့် အမေရိကကနေ ဂျပန်ကို ဖောက်ခွဲဖို့ရန်အတွက် တော်တော်လေးကို ကောင်းတဲ့အစားထ်အခြစိုက်စခန်းဖြစ်ခဲ့ပါတယ်။
အဲ့အတွက်ကြောင့်ပဲ ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားခဲ့ရပါတယ်။

GUAMရဲ့တောနက်ထဲမှာ ပုန်းခိုပြီးတော့ ပျောက်ကျားစစ် တိုက်ပွဲဝင်နေခဲ့ကြတဲ့ ဂျပန်စစ်သားများရှိနေခဲ့ပါတယ်။
သူတို့က စစ်ပွဲပြီးဆုံးသွားကြောင်း အသိပေးတာကို သိပေမယ့်လည်း အဲ့ဒါက ရန်သူစစ်သားတွေ ရဲ့ အလိမ်အညာါလို့ထင်ပြီး တောထဲကနေထွက်မလာခဲ့ကြဘူးလို့ဆိုပါတယ်။
လူတော်တော်များများက အဲ့လိုမျိုးဖြတ်သန်းနေထိုင်ကြရင်းနဲ့ ဖျားနာရောဂါဖြစ် သေဆုံးသွားကြကာ နောက်ဆုံးမှာတော့ ယိုခိုအိစံ တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

တိုက်ခိုက်ဖို့ရာအတွက် လက်နက်ခဲယမ်းလည်းမရှိတော့။
ဂျပနကနေ ထွက်လာတုန်းက “အသက်ရှင်လျက် ပြန်မလာဖို့ စိတ်ပိုင်းဖြတ်မှု”နဲ့ စစ်ပွဲဆီ ဦးတည်ခဲ့တဲ့ ယိုခိုအိစံ။

အဲ့အချိန်တုန်းက ဂျပန်စစ်တပ်ကလည်း

“အသက်ရှင်လျက် ပြန်လာတာက ရှက်စရာဖြစ်တယ်။ တစ်ယောက်ပဲဖြစ်ဖြစ် ပိုများများ ရန်သူကို လှဲဖြိုပြီး ရမယ်။
ရန်သူကို မလှဲဖြို နိုင်ဘူးဆိုရင် သတ္တိရှိစွာနဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ကြမယ်”
လို့ သင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။

အဲ့လိုနဲ့ ယိုခိုအိစံလည်း အမိနိုင်ငံမပြနိုင်ဘြဲ်ယနေ့့ခေတ်လူတွေက ရှာတွေ့ကာ အသက် ၅၇ နှစ်ရောက်မှပဲ နိုင်ငံကိုပြန်လာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ရုပ်မြင်သံကြားကင်မရာရှေ့မှာ သူပြောခဲ့တဲ့ စကားတွေက ဂျပန်လူမျိုးပီသတဲ့စကားတွေပဲ ဖြစ်ခဲ့ပါတယ်။

“ရှက်ရွံ့စွာနဲ့ပဲ ပြန်လာခဲ့ရပါတယ်”

တောကြီးထဲမှာ တစ်ယောက်တည်းအသက်ရှင်သန်သွားဖို့က ဘယ်လိုစဉ်းစားစဉ်းစား သက်သာလှတဲ့အရာ မဟုတ်ပါဘူး။
နိုင်ငံအတွက် ဆက်လက်တိုက်ခိုက်ခဲ့တာတောင်မှ အရင်ဆုံး ဒီလိုစကားမျိုးထွက်လာတယ်ဆိုတာက ကွဲပြားဲ့ဂျပန်တွေရဲ့စဉ်းစားပုံစဉ်းစားနည်းဖြစ်ပါတယ်။

ဒါပေမယ့် ယိုခိုအိစံက ၂၈ နှစ်လုံးလုံး တောထဲမှာ နေထိုင်စားသောက်ခဲ့ရတဲ့အတွက် ငါးအစိမ်း သိပ်မစားနိုင်တော့ဘူးလို့ ဆိုပါတယ်။

လူတွေရဲ့ဘဝေတွကို အများကြီးပြောင်းလဲပစ်လိုက်တဲ့စစ်ပွဲပဲ ဖြစ်ပါတယ်။
ယိုခိုအိစံတစ်ဦးတည်းတင်မဟုတ်ပဲ းတခြားမှာလည်း ဒီလိုမျိုးပုံစံ နေထိုင်စားသောက်ခဲ့ရတဲ့ ဘဝတူဂျပန်လူမျိုးတွေလည်း ရှိနေနိုင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: