မြေအောက်ကို ၁ ကီလိုမီတာ တူးဖော်ဖို့ နှစ် ၂၀ တောင် ကြာမယ်တဲ့လား။

တိုကျိုမြို့မှာ မြေအောက်ရထားတွေ အများကြီးရှိပါတယ်။
ပုံထဲမှာ မြင်ရတဲ့အတိုင်း အများကြီးပြေးဆွဲနေပါတယ်။


http://jasf.org/rosenzu/metro.html

တိုကျိုမြို့မှာ နောက်ထပ်မြေအောက်လမ်းသစ်တစ်ခု ထပ်ဖောက််မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီမြေအောက်လမ်းသစ်ဟာလည်း အရှည် ၁.၂ ကီလိုမီတာဘဲရှိပါတယ်။
ဒါပေမယ့်လည်း ပုံမှာပြထားတဲ့အတိုင်း ဒီလောက်များတဲ့မြေအောက်ရထားလမ်းတွေအပြင်၊ အခြား ရေပိုက်လိုင်းတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးလိုင်းတွေလဲ သွယ်တန်းထားတာကြောင့် တိုကျိုမြို့ရဲ့မြေအောက်ကမ္ဘာဟာ ရှုပ်ထွေးလွန်းလှပါတယ်။
ဒါ့ကြောင့်လဲ ဒီလမ်းသစ်ကိုဖောက်ဖို့ အနှစ် ၂၀ လောက်ကြာမယ်လို့ဆိုကြတာပါ။

၁.၂ ကီလိုမီတာဘဲရှိတဲ့လမ်းအတွက် အချိန်ကြာမြင့်တာက အနှစ် ၂၀။
ကုန်ကျမယ့်ငွေပမာဏ ဂျပန်ယန်း ၁၀၀ ဘီလီယံကျော်ပါ။
ဘာလို့ ဒီလောက်အထိအချိန်တွေ ငွေကြေးတွေအကုန်ကျခံပြီး မြေအောက်လမ်းကို ဖောက်လုပ််တာလဲဆိုတာကတော့ NIHONBASHI (နီဟွန်းဘရှိ) လို့ခေါ်တဲ့တံတား ကိုပြန်လည်အသက်ဝင်စေချင်တာကြောင့်ဘဲ ဖြစ်ပါတယ်။

NIHONBASHI တံတား


http://www.nihonbashi-tokyo.jp/enjoy/feature/201104/

ရှေးယခင်ကာလ၊ တိိုကျိုမြို့ကိုု အဲဒို လို့ခေါ်ခဲ့တဲ့အချိန်လောက်တုန်းက အဓိကလမ်းမကြီးတွေစတင်ခဲ့တဲ့နေရာက ဒီတံတားကြီးရှိတဲ့နေရာဘဲဖြစ်ပါတယ်။
တစ်နေရာရာကို သွားလာတဲ့အခါတွေမှာ NIHONBASHI (နီဟွန်းဘရှိ) တံတားကိုရောက်ဖို့ နောက်ထက် ဘယ်လောက် ကီလိုမီတာလိုပါသေးတယ် လို့ပြောဆိုတတ်ကြပြီး၊ ဂျပန်ရဲ့အဓိကကျတဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲလိုမျိုး တစ်ချိန်ကအဓိကကျခဲ့တဲ့နေရာဟာ အခုဆိုရင်တော့ ပုံထဲမှာတွေ့ရတဲ့အတိုင်း တိတ်ဆိတ်ခြောက်သွေ့ပြီး အထီးကျန်ဆန်တဲ့အခြေအနေဖြစ်လို့နေပါတယ်။

https://ja.wikipedia.org/wiki/日本橋_(東京都中央区)

ဟုတ်ပါတယ်၊ အခုလိုမျိုး အမြန်လမ်းမကြီးက NIHONBASHI (နီဟွန်းဘရှိ) တံတားကြီးရဲ့အပေါ်မှာအုပ်မိုးနေတဲ့အတွက်၊ လုံးဝ ထင်ရှားမြင်သာမှု မရှိတော့ပါဘူး။
လှပခန့်ငြားတဲ့တံတားကြီးကို ခုလို မြင်ကွင်းမျိုးနဲ့တွေ့မြင်ရတာဟာ အင်မတန် နှမြောစရာကောင်းလှပါတယ်။

လက်ရှိတံတားကြီးဟာ ၁၉၁၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး၊ နှစ်ပေါင်း ၁၀၀ ကျော်သမိုင်းရှိကာ၊ တိုင်းပြည်ရဲ့အရေးပါတန်ဖိုးရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဘဲဖြစ်ပါတယ်။
နှစ်ပေါင်း ၁၀၀၀ လောက် မပျက်မစီးဘဲ ကြာရှည်တည်တံ့နိုင်စွမ်းရှိတယ်ဆိုပြီး ပြောစမှတ်ပြုခြင်းခံရတဲ့ အလွန်ခိုင်ခံ့လှတဲ့တံတားကြီးဖြစ်ပါတယ်။

ဒီလိုမျိုး ကြာရှည်တည်တံ့နိုင်စွမ်းရှိတဲ့တံတားကြီးကို လူအများတွေ့မြင်ကြည့်ရှုစေလိုတဲ့အတွက်၊ အခုလိုမျိုး များပြားလှတဲ့ ကုန်ကျစရိတ်တွေနဲ့ အချိန်တွေကို အကုန်ခံပြီး မြေအောက်လမ်းတူးဖော်ရေးစီမံကိန်းကို ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

တိုကျိုမြို့ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့၊ NIHONBASHI (နီဟွန်းဘရှိ) တံတားကို လှပတဲ့ကောင်းကင်ပြာကြီးရဲ့အောက်မှာ ပြန်လည်မြင်တွေ့ခွင့်ရမှာကို တွေးကြည့်ရုံနဲ့တင် ကြည်နူးစရာကောင်းလှပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: