အဓိပ္ပာယ်ကြွယ်ဝတဲ့ ဂျပန်

နိဟွန်း၊ ဂျပန် ခေါ်နည်းအမျိုးမျိုးရှိပေမဲ့ ဒီနာမည်တွေ ဘယ်လို ဖြစ်ပေါ်လာလဲဆိုတာ သိပါသလား။

ဂျပန်လူမျိုးတွေထဲမှာတောင် သေချာမသိတဲ့သူတွေ အများကြီးရှိပြီးတော့ ဒီဟာကိုသာ သေချာမှတ်သားထားမယ်ဆိုရင် ဂျပန်လူမျိုးတွေရှေ့မှာ ဂုဏ်ယူလို့ရပါပြီ။

အရင်ဆုံးက နိဟွန်းဆိုတဲ့ စကားလုံးကဘယ်ကနေပေါက်ဖွားလာတယ်ဆိုတာပါ။

နိဟွန်းက အရင်တုန်းက နာမည်မရှိခဲ့ပါဘူး။

ဒေတွအလိုက် နိုင်ငံတွေကွဲနေပြီး အားလုံးကို စုစည်းပေးနိုင်မယ့် နာမည်မရှိခဲ့ပါဘူး။

နိုင်ငံငယ်တွေအများကြီးရှိနေတာကို တရုတ်လူမျိုးတွေက倭 ‘ဝ’ လို့ခေါ်ခဲ့တာက နိုင်ငံနာမည်ရဲ့ အစဖြစ်ခဲ့ပါတယ်။

၇ ရာစုနှစ်ရောက်လာတဲ့အချိန်မှာ ဂျပန်နဲ့ တရုတ်ရဲ့ ဆက်ဆံရေးက ပိုပြီးတော့ နက်ရှိုင်းလာခဲ့ပါတယ်။
အဲလိုဖြစ်လာတဲ့အချိန်မှာ ဂျပန်ကနေ သဝဏ်လွှာသယ်ဆောင်လာတဲ့ သံတမန်က တရုတ်နိုင်ငံကို အလည်လာခဲ့ပါတယ်။

聖徳太子(ရှောတိုခုတိုင်းရှိ) လို့ခေါ်တဲ့လူရေးထားတဲ့စာမှာ ဒီလိုအကြောင်းအရာတွေ ပါဝင်ခဲ့ပါတယ်။
日出ずる処の天子が書を日没する処の天子に致す

‘နေထွက်တဲ့အရပ်ကနိုင်ငံရဲ့ ကိုယ်စားလှယ်က နေဝင်တဲ့အရပ်က နိုင်ငံရဲ့ ကိုယ်စားလှယ်ဆီကို စာပေးပို့လိုက်ပါတယ်’ ဆိုတဲ့အဓိပ္ပာယ်ဖြစ်နေတဲ့ အတွက် အဲဒီစာကို တရုတ်နိုင်ငံက ဒေါသူပုန်ထခဲ့ပါတယ်။

နေထွက်သည်→ အခုကစပြီး အောင်မြင်မှုတွေ ရရှိတော့မည်
နေဝင်သည်→ ပျက်သုဉ်းသည်

ဆိုပြီး အဓိပ္ပာယ် ကောက်ခဲ့တဲ့အတွက်ပါ။

နောက်ပိုင်းမှာ အရှေ့နဲ့ အနောက်ဆိုတဲ့ အဓိပ္ပာယ်လို့ တွေးခဲ့ပေမယ့်…

အဲလိုဇာတ်ကြောင်းတွေရှိခဲ့တဲ့ စာလုံးတွေကို အခြေခံပြီး နိ (နေမင်း) ဟွန်း (မူလ) ဆိုတဲ့ အဓိပ္ပာယ်နဲ့ နိဟွန်းဆိုတဲ့ စကားလုံးမွေးဖွားလာပြီး ရ၀၁ ခုနှစ်မှာ တရားဝင် နိဟွန်းဆိုတဲ့ နာမည်ကို ဆုံးဖြတ်ခဲ့တာပါ။

တရုတ်နိုင်ငံနဲ့ ဆက်ဆံမှုမရှိခဲ့ရင် နိဟွန်းဆိုတဲ့ နိုင်ငံနာမည်လဲ ရှိခဲ့မှာမဟုတ်ပါဘူး။

ဒါ့အပြင် JAPAN ဆိုတဲ့ စကားလုံးကလည်း Marco Polo ဆိုတဲ့ အီတလီလူမျိုးက ဂျပန်နိုင်ငံရဲ့ သတင်းတွေကို တရုတ်နိုင်ငံမှာ ကြားခဲ့တာက စတင်ခဲ့တာပါ။

တရုတ်လို နိဟွန်းကို ဂျီဘန်းလို့ ဖတ်ပါတယ်။
အဲဒါကို အီတလီဘာသားစကားအနေနဲ့ပြောင်းမယ်ဆိုရင် JIPANG အဲဒါကထပ်ပြီးတော့ အင်္ဂလိပ်လိုပြောင်းပြီးတော့ JAPAN ဖြစ်လာခဲ့တဲ့ပုံပါပဲ။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတာ ရှိပါသေးတယ်။
နိဟွန်းကိုဘယ်လိုဖတ်မှာလဲ။

နိပွန်းလား၊ နိဟွန်းလား။

ဂျပန်လူမျိုးတွေလည်း နှစ်မျိုးစလုံးဖတ်ပါတယ်။ ဘယ်ဟာကမှန်တာလဲ။

အဖြေမှန်ကတော့ နှစ်မျိုးစလုံးဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့
ဂျပန်ဘာသာစကား အသံထွက်ရဲ့ ထူးခြားချက်ကြောင့်လို့ ဆိုပေမဲ့ နောက်ထပ်အခွင့်အရေးရရင် ထပ်ပြောပြပါမယ်။

ဂျပန်ဥပဒေမှာ ဘယ်လိုဖတ်ရမလဲဆိုတဲ့ စည်းမျဉ်းစည်းကမ်းလည်းမရှိပတစ်မူထူးခြားတဲ့ နိုင်ငံဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: